(၃၃)

1.2K 309 29
                                    

သာမန်မျက်စိဖြင့် မမြင်တွေ့နိုင်သော ပုံသဏ္ဌာန်မရှိ၊ အကောင်အထည်မရှိသည့်အရာများကို ကြောက်ရွံ့တတ်သည့် အကြောက်တရားများ၏ဇာစ်မြစ်ကိုနောက်ကြောင်းပြန်လိုက်ကြည့်မည်ဆိုပါက လူသားမျိုးနွယ်စု၏မူလဘူတ ကနဦးခေတ်ကာလကိုပြန်သွားရပေလိမ့်မည်။ ဘတ်တီးရီးယားများ၊ ဗိုင်းရပ်စ်ပိုးမွှားများ၊ အဆိပ်အတောက်များနှင့် ကံဆိုးမှုများအပါအဝင် နောက်ပိုင်းတွင် ပဥ္စလက်ဆန်ဆန်ကိုယ်ယောင်ကိုယ်ဝါပြသတတ်သော မကောင်းဆိုးဝါး သရဲတစ္ဆေဝိညာဉ်များဟူသည်ကား ယခင်ကတည်းက ရှိပြီးသားအကြောက်တရားများနှင့် ကိုယ့်အတွေးနှင့်ကိုယ် စိတ်ချောက်ချားရာမှဖြစ်ပေါ်လာသောကြောက်စိတ်များ ရောနှောပေါင်းစပ်သွားခြင်းကြောင့်သာဖြစ်ပေါ်လာသောအရာများဖြစ်ပေသည်။ ထိုအရာများသည်ကား မျက်စိဖြင့်မြင်တွေ့နိုင်သော ဧရာမသားရဲကောင်ကြီးများထက်ပင်ပို၍ကြောက်စရာကောင်းလွန်းလှသည်။ ယွဲ့သယ်ဘိုးဘိုး၏အရည်အချင်းရှိသော လက်အောက်ငယ်သားများနှင့်မြေးတပည့်များမှာ ကသိကအောက်ဖြစ်စွာပင် ကားများထဲမှ မစ်သရေးလ်အမြောက်များကို ထုတ်ယူလာကြသည်။ ထို့နောက် အသက်ဇီဝိန်ခြွေနိုင်သော ဧရာမလက်နက်ကြီးများကို လက်ထဲတွင်ကိုင်ဆောင်ကာ အတန်းလိုက်စီတန်း၍ရပ်လိုက်ကြ၏။ ၎င်းတို့မှာ တစ်ယောက်နှင့်တစ်ယောက်ပုခုံးချင်းတန်း၍ရပ်နေကြသည့်တိုင် လူတိုင်းမှာ တစ်ယောက်ကိုတစ်ယောက်ဟိုတွန်းသည်တိုက်လုပ်ကာ အနောက်သို့နည်းနည်းချင်းစီမသိမသာဆုတ်ခွာရန်ကြံစည်အားထုတ်နေကြလေသည်။

ရှန့်လင်ယွမ်းကတော့ ဘေးမှနေ၍သာ အေးအေးဆေးဆေးစောင့်ကြည့်လို့နေသည်။ တောင်ကိုဖြိုချရာတွင်အသုံးပြုခဲ့သည့် ထို ‘လက်နက်’ များသည်ကား ယခု စာခြောက်ရုပ်များကိုချိန်ရွယ်ထားသည့်လက်နက်များနှင့်အတူတူပင်ဖြစ်နေသည့်အတွက် ၎င်းမှာ စိတ်ဝင်တစားဖြင့်စူးစမ်းစောင့်ကြည့်နေတာဖြစ်သည်။ သို့သော် အဆိုပါ ‘မစ်သရေးလ်အမြောက်’ များဟုခေါ်သောအရာများကို သူ သေသေချာချာမကြည့်လိုက်ရသေးခင်မှာပင် မိစ္ဆာကောင်လေး၏စိတ်အာရုံအတွင်းမှ စိမ့်ထွက်လာသော ကလိမ်ကကျစ်အကြံဉာဏ်များကို အာရုံခံစားလိုက်ရလေသည်။ သူက နောက်သို့လှည့်ကြည့်လိုက်သောအခါတွင်မူ ရွှမ်းကျီးတစ်ယောက် လော်ချွေ့ချွေ့အား လက်ဟန်အမူအရာတစ်ခုပြသနေသည်ကိုတွေ့လိုက်ရ၏။

သောကမီးလျှံWhere stories live. Discover now