(၈)

1.4K 346 12
                                    

ရွှမ်းကျီး၏ပထမဆုံးတုံ့ပြန်မှုမှာ

"ဖက်တီးမလေး.....အောက်ထပ်က ကွင်းဆင်းဝန်ထမ်းတွေကို သွားအကြောင်းကြားလိုက်" ဟူ၍ဖြစ်သည်။

ဖျင်ချန့်ရူက စိတ်အားထက်သန်စွာဖြင့် ပြောလာသည်။

"ဒါရိုက်တာရှောင်းက အားလုံးကို အကြောင်းကြားထားပြီးလောက်ပါပြီ။ ချိယွမ်းက ကွင်းဆင်းဝန်ထမ်းတွေက အခုချိန်မှာ ဌာနချုပ်ရဲ့တိုက်ရိုက်အမိန့်ပေးခိုင်းစေမှုတွေအတိုင်းလုပ်ဆောင်နေကြပါတယ်။ ဆရာ စိတ်ချပါ"

ရွှမ်းကျီး "......."

အချိန်ကား ၁၅ မိနစ်လောက်သာကျန်တော့၏။ အကယ်၍သာ ရှောင်းကျန်းနှင့် သူ၏အသုံးမကျသော ကွင်းဆင်းဝန်ထမ်းများက ယဇ်ပူဇော်ပွဲကိုဆင့်ခေါ်သူအား မဖမ်းဆီးနိုင်ခဲ့ပါက မိစ္ဆာနှင့်တိုက်ရိုက်ရင်ဆိုင်နေရသည့် ရှေ့တန်းက သူတို့နှစ်ယောက်၏အဖြစ်သည်ကား ဗုံးတစ်လုံးကိုပိုက်ထားရသလိုဖြစ်နေပေလိမ့်မည်။ ရွှမ်းကျီး၏ပြောစကားများအနက် အဓိကစကားလုံးမှာ "သွားတော့" ဟူသည့်စကားလုံးဖြစ်ပြီး "အကြောင်းကြားလိုက်" ဟူသောစကားလုံးမဟုတ်ပေ။ ထိုစကားသည်ကား 'မင်း အရင်သွား....ဟင့်အင်း ကျွန်မ ရှင့်ကိုမထားခဲ့နိုင်ဘူး' ဟူသော ဒရမ်မာဆန်ဆန်သရုပ်ဆောင်မှုများကိုကြိုတင်ကာကွယ်ရန်အလို့ငှာ တာဝန်ကိုတမင်သက်သက်အကြောင်းပြဟန်ဆောင်ထားသော ဆင်ခြေဆင်လက်တစ်ခုသာလျှင်ဖြစ်၏။ သို့မှသာ သူမအနေဖြင့်လည်း ထွက်ပြေးရန်အတွက် အကြောင်းပြချက်ကောင်းကောင်းတစ်ခုရသွားမည်ဖြစ်သည်။

အကယ်၍သာ အနှီမိန်းကလေးမှာ နည်းနည်းလောက်ပဲဖြစ်ဖြစ် ဖြတ်ထိုးဉာဏ်ပိုကောင်းမည်ဆိုပါက အဆိုပါအခွင့်အရေး၌ မြန်နိုင်သမျှမြန်မြန်ထွက်ပြေးရမည်ဆိုတာကို သဘောပေါက်သင့်ပေသည်။

သို့ပေသိ ဖက်တီးမလေးသည်ကား နည်းနည်းလေးမှကို အထာမပေါက်ပါချေ။ သူမသူဌေးဖြစ်သူ၏ရည်ရွယ်ချက်ကို တစွန်းတစလေးတောင်မှ ရိပ်မိခြင်းအလျဉ်းမရှိဘဲ ယခုအချိန်၌ သံသယတရားခံနှင့်အတူရှိနေသော ပိချွင်းရှန်းအတွက်သာ စိုးရိမ်သောကပွားနေရှာ၏။ သူမက ကိုယ့်ကိုယ်ကိုယ်အားပေးနှစ်သိမ့်နေသလိုဖြင့် တောင်စဉ်ရေမရလျှောက်၍စကားများနေလိုက်သေး၏။

သောကမီးလျှံWhere stories live. Discover now