(၆၃)

846 135 18
                                    

နတ်ဆေးဆရာမျိုးနွယ်စု၏ရိုးရာဓလေ့ထုံးတမ်းများမှာ လွတ်လပ်ပွင့်လင်းပြီး အချုပ်အနှောင်ကင်းမဲ့လှသည်။

အသက်အရွယ်ငယ်ရွယ်နုနယ်ပြီး ဘာဆိုဘာမျှမသိနားမလည်သောဓားဝိညာဉ်ဖြစ်သူမှာ လိုဏ်ဂူအတွင်းရှိလူနှစ်ယောက်အား မျက်လုံးအပြူးသားပါးစပ်အဟောင်းသားစိုက်ကြည့်နေရင်း ရှန့်လင်ယွမ်း၏အသိဉာဏ်ပင်လယ်အတွင်းဝယ် အော်ကြီးဟစ်ကျယ်ပြောဆိုလိုက်၏။

"အိုင်းယိုး...နေ့ခင်းကြောင်တောင်ကြီးကို နှစ်ယောက်သားပွေ့လိုက်ဖက်လိုက်၊ နမ်းလိုက်ရှုံ့လိုက်နဲ့ ချစ်ကြည်နူးတစ်တီတူးနေကြတာပဲ။ အရှက်မရှိလိုက်တာ"

ရှန့်လင်ယွမ်း : "...."

ဓားဝိညာဉ်၏မူလခန္ဓာကိုယ်မှာ မိစ္ဆာမျိုးနွယ်ဖြစ်သည်။ မိစ္ဆာမျိုးနွယ်စု၏သက်တမ်းမှာ အလွန့်အလွန်ရှည်ကြာလှသည်။ သို့ဖြစ်ရာ သူတို့၏ကြီးပြင်းအရွယ်ရောက်မှုနှုန်းမှာအလွန်တရာကြာမြင့်သလို သူတို့၏အသိဉာဏ်ပညာဖွံ့ဖြိုးမှုသည်လည်း အတိုင်းထက်အလွန်နှေးကွေးလှပြီး ဘယ်သောအခါမျှမကြီးပြင်းနိုင်တော့သလို။ ထိုအချိန်၌ ကမ္ဘာလောကကြီးတစ်ခွင်လုံးပြဿနာအခက်အခဲများနှင့်တွေ့ကြုံရင်ဆိုင်နေရချိန်ဖြစ်ပြီး အကယ်၍သူဆင်းရဲမိသားစုအိမ်မှကလေးတစ်ယောက်သာဆိုပါက အသက် ၁၃ နှစ်၊ ၁၄ နှစ်အရွယ်ရောက်လာလျှင် တစ်အိုးတစ်အိမ်ထူထောင်နေကြပြီဖြစ်သည်။ နတ်ဆရာမျိုးနွယ်စု၏ကောင်စုတ်လေးတစ်ယောက်ဖြစ်သော အရှင်သခင်အားလော့ကျင်းသည်ပင် သူ၏ကိုယ်ပိုင်ရည်မှန်းချက်နှင့်အကြံအစည်များပေါက်ဖွားရှင်သန်လာပြီဖြစ်သည်။

ဓားဝိညာဉ်မှာ အားလော့ကျင်းနှင့်အသက်အရွယ်မတိမ်းမယိမ်းဖြစ်သော်ငြား ဘာတစ်ခုမျှမသိနားမလည်သည့်ကောင်စုတ်လေးတစ်ယောက်သာဖြစ်နေဆဲပင်။

ရှန့်လင်ယွမ်းမှာ မျက်နှာထူပူနီမြန်းလာပြီး သူ့ကိုကြိမ်းမောင်းမာန်မဲရန်သာတတ်နိုင်တော့သည်။

"မင်း ငြိမ်ငြိမ်နေစမ်း၊ မျက်လုံးမှိတ်ထား၊ မကြည့်နဲ့"

ဓားဝိညာဉ်က တရားနည်းလမ်းကျစွာပြောလိုက်၏။

သောကမီးလျှံWhere stories live. Discover now