1

6.2K 261 8
                                    

[Unicode]

သံမဏ္ဏိခံတပ်လိုမျိုး သံနံရံများတပ်ဆင်ထားပြီး ကိရိယာအစုံအလင် ရှိနေသည့် ဓာတ်ခွဲခန်းတစ်ခုထဲတွင် ပိုင်ကျင်းသည် တိတ်ဆိတ်စွာလဲလျောင်းနေပြီး သူ၏ခြေလက်များကို သံမဏ္ဏိကြိုးများဖြင့် ထိန်းချုပ်ထား သည်။ သူ့ရဲ့ ငယ်ရွယ်နုပျိုနေသော မျက်နှာလေးက အမူအယာကင်းမဲ့နေပြီး သုတေသနပညာရှင်တွေက သူ့ကို ဆေးအသစ်တစ်မျိုး ထိုးသွင်းနေခဲ့တယ်။

စူးရှပြီး မျက်ရည်ကျလောက်တဲ့အထိ နာကျင်မှုမျိုးက သူ့ကိုလွှမ်းခြုံသွားပြီး သူ့ရဲ့ငယ်ရွယ်တဲ့ ခန္ဓာကိုယ် တစ်ခုလုံး တဆတ်ဆတ်တုန်လာခဲ့တယ်။ သုတေသနပညာရှင်တွေဆီမှာ စိတ်လှုပ်ရှားမှုတွေ ဖြစ်လာခဲ့ တယ်။ " မြန်မြန်... မြန်မြန်... တုန့်ပြန်မှုရှိတယ်... ပမာဏထပ်တိုးလိုက်ဦး..."

အဲ့ဒီနောက် ကုတင်ပတ်ပတ်လည်ကို လူအများအပြားစုဝေးလာပြီး တစ်ယောက်က နောက်ထပ်ဆေးအ ချို့ကို ထိုးသွင်းလိုက်သည်။ ပိုင်ကျင်းက ဘယ်လောက်ပဲ ရုန်းကန်နေပါစေ... သူ့မျက်လုံးထဲမှာတော့ ပိုင် ကျင်းက အေးစက်နေတဲ့ ပစ္စည်းကိရိယာတွေထက် ဘာမှပိုသာမနေဘူး။

သူ့စိတ်ဝိဉာဏ်ထဲက ဖြစ်ပေါ်လာတဲ့နာကျင်မှုက သူ့တကိုယ်လုံးကို လွှမ်းခြုံနေခဲ့သည်။ ပိုင်ကျင်းက အသည်းအသန်းရုန်းကန်ခဲ့ပြီး သူ့ခြေထောက်နှင့်လက်တွေမှာ အရိုးတွေထွက်ပေါ်လာတဲ့အထိ နက်ရှိုင်း တဲ့ဒဏ်ရာတွေ ဖြစ်ပေါ်လာခဲ့သည်။ သွေးတွေက မြေပြင်ပေါ်မှာ ပြန့်ကျဲနေပြီး ပိုင်ကျင်းက မလှုပ်မယှက် ဖြင့် အမှောင်ထုထဲသို့ ကျဆင်းသွားခဲ့သည်။

အဲ့ဒီနောက်မှာ အခုလိုမျိုး ငါသေသွားတာက ကောင်းတာပေါ့... ဒါပေမယ့် အချိန်တွေသာ နောက်ပြန် လှည့်နိုင်မယ်ဆိုရင် ဘယ်လိုများဖြစ်လာလိမ့်မလဲ.... လို့ သူ့စိတ်ထဲမှာ တွေးမိနေတုန်းပဲ။

မျက်တောင် အကြိမ်ကြိမ်ခတ်နေရင်း ပိုင်ကျင်း အသိစိတ်လွတ်သွားခဲ့သည်။ သူ့မျက်လုံးတွေက ရင်းနှီးပေမယ့် မရင်းနှီးသလိုဖြစ်နေတဲ့ နေရာကြီးကို စိုက်ကြည့်မိနေတုန်းပဲ။ ဒီဇိမ်ခံအိပ်ခန်းက သူ့အ ကြိုက်ဆုံးဖြစ်ခဲ့သည်။ လင်းလက်ပြီးတောက်ပနေတဲ့ နေရောင်ခြည်က ဘေးတိုက်လျောတံခါးကြီးကို ဖြတ်ဝင်လာပြီး ပန်းပင်များနဲ့ မြက်ပင်တွေကိုဖြတ်ပြီး ဝင်လာတဲ့ လေကောင်းလေသန့်ကလည်း မွှေးပျံ့နေ သည်။ ဒါက ကမ္ဘာပျက်ကပ်မတိုင်ခင်က သာမန်ဘဝလိုမျိုးပဲ။

Back to the ApocalypseWo Geschichten leben. Entdecke jetzt