၆၀

664 87 0
                                    

(Unicode) သိုသော် ပိုင်ကျင်းကတော့ ဤအကြောင်းအရာများကို မသိခဲ့ပေ။ မူလက သူသည် ထိုလူများ၏ နည်းလမ်းများအတိုင်း အသုံးပြု၍ ၎င်းတို၏ လက်နက်များကို ပြန်လည်သိမ်းယူလိုသော်လည်း ရှောင်းဆာသည် ယခုလိုမျိုး လျင်မြန်စွာ ပြီးမြောက်သွားလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

ပိုင်ကျင်းသည် အေးခဲမှုနှင့် အပူဒဏ်ကို နှစ်ရက်ကြာ ခံစားခဲ့ရသည်။ သူ၏ စိတ်ဝိညာဉ်စွမ်းအားသည် သူ၏နယ်မြေအတွင်းရှိ စိတ်ဝိညာဉ်ရေအတွင်း နစ်မြုပ်နေခဲ့ပုံရသည်ဟု သူ ခံစားနိုင်သည်။ သူ့ခန္ဓာကိုယ်နှင့်ပတ်သက်၍ ရှောင်းဆာသည် ၎င်းကို ကောင်းမွန်စွာ ပြုစုစောင့်ရှောက်လိမ့်မည်ဟု ယုံကြည်ခဲ့သည်။ သူ သတိမေ့မြောသွားသည့်အခိုက်တွင် နောက်ဆုံး၌ အခြေအနေကို သူနားလည်သွားခဲ့ပြီး အဆင့်တက်ခြင်းအပေါ် သူ ပျော်ရွှင်နေခဲ့သော်လည်း စိတ်ဓာတ်ကျသလို ခံစားနေရသည်။ အမေရေ! ဒီလိုအခြေအနေမျိုးသာ ထပ်ဖြစ်ခဲ့မယ်ဆို သူ မသေဘူးဆိုရင်တောင် သူ့ဘဝတစ်ဝက်လောက်ကတော့ ဆုံးရှုးသွားနိုင်သည်။

အတိတ်ဘဝတုန်းက သူ၏နယ်မြေကို ရရှိပြီးသည့်နောက် အခြေခံအားဖြင့် သူသည် ဖုတ်ကောင်များကို တိုက်ခိုက်ရန်အတွက် ဘယ်တုန်းကမှ မသွားခဲ့သည့်အပြင် အမြုတေများအားလုံးကို ၎င်းတို၏ခေါင်းဆောင်ထံ ပေးအပ်ခဲ့သည်။ ထိုပစ္စည်းများသည် ရှားပါးသောကြောင့် သူ့နယ်မြေထဲသို ထည့်သွင်းရန် ဘယ်တုန်းကမှ ဆန္ဒမရှိခဲ့ဘူး။ သူ တစ်ခုကို ရရှိလာသည်နှင့် တပြိုင်နက် သူ့စွမ်းအားများကို အဆင့်မြှင့်တင်ရန်အတွက် ထိုအရာများကို အသုံးပြုခဲ့သည်။ သဘာဝကျစွာပင် ကျောက်စိမ်းတုံးများသာမကပဲ အမြုတေများကပါ သူ့ကို အဆင့်တက်အောင် ကူညီပေးနိုင်တာကို သူ မသိနိုင်ခဲ့ဘူး။ နောက်တစ်မျိုး ပြောရမယ်ဆိုရင် ၎င်းသည် စွမ်းအင်ပါဝင်သော အရာတစ်ခုဖြစ်သရွေ့ အသုံးဝင်နိုင်သည်။

တစ်ခုပဲ... အမြုတေသည် ဖုတ်ကောင်ဗိုင်းရပ်စ်ပိုးမှ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ အနုတ်လက္ခဏာစွမ်းအင်နှင့် အပြုသဘောဆောင်သော စွမ်းအင်တိုသည် ကွဲလွဲလျက်ရှိပြီး သူ၏နယ်မြေအတွင်းသို အမြုတေများကို ပထမဆုံး ထည့်သွင်းသည့်အချိန်၌ တပြိုင်နက်တည်း ၁၉ ခု ထည့်လိုက်မိသည်။ အပျက်သဘောဆောင်သည့် စွမ်းအင်များသည် အရမ်းများနေခဲ့ပြီး သူ၏နယ်မြေသည် ယာယီအားဖြင့် လိုက်လျောညီထွေ မဖြစ်နိုင်ခဲ့ဘူး။ စွမ်းအင်များက သူ၏ခန္ဓာကိုယ်အတွင်းရှိ အညစ်အကြေးများကို သန့်စင်ပေးသည့်အချိန်၌ သူ၏ခန္ဓာကိုယ်နှင့် မရီဒီယန်များ ပေါက်ကွဲသွားခြင်းမရှိသည်က သူ့အတွက် ကံကောင်းလှသည်။ စွမ်းအင်နှစ်မျိုးလုံးသာ တစ်ခုကို တစ်ခု ငြင်းပယ်ခဲ့မည်ဆိုပါက.... ပိုင်ကျင်းသည် တွေးနေရင်းနှင့်ပင် အေးစက်မှုကို ခံစားလိုက်ရသည်။

Back to the ApocalypseOnde histórias criam vida. Descubra agora