၃၀

1.1K 163 2
                                    

[Unicode]နောက်တစ်နေ့မနက်စောစောတွင် ပိုင်ကျင်းသည် ရှောင်းဆာထံမှ အထောက်အပံ့ပစ္စည်းများအကြောင်း သတင်းအချက်အလက်ကို ရရှိခဲ့သည်။ ဒါပေမယ့် သိပ်မကြာခင်မှာပဲ အလုပ်များဖို့တောင် အခွင့်မရသေးခင်မှာ ထိုအမျိုးသားထံမှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိခဲ့သည်။

ရှောင်းဆာသည် ရှာလကာရည်မှောက်နေတဲ့လေသံဖြင့် သူ့ကို တိုက်ရိုက်မေးလာခဲ့တာကြောင့် ပိုင်ကျင်းသည် စိတ်ထဲ၌ ရယ်မောမိသွားသည်။

"အဲ့ဒီအမျိုးသမီးက ဘယ်သူလဲ? ဘာလို့ သူမက မင်းအိမ်မှာ ရှိနေရတာလဲ?"

"သူမက ဘယ်သူလဲ? မင်း သိပြီးသားမဟုတ်ဘူးလား?" ပိုင်ကျင်းက ပြန်မေးလိုက်သည်။

သူသည် ရှောင်းဆာ၏ ပင်ကိုယ်စရိုက်ကိုသိပြီး အမြဲတမ်း စောင့်ကြည့်ခံနေရသည့် ခံစားချက်မျိုးရှိနေတာကြောင့် သူ့မျက်နှာမှာ အမူအယာမဲ့နေခဲ့သည်။ ဘယ်လိုပဲဖြစ်ဖြစ် သူ့ကိုတော့ အနည်းငယ် ပဟေဠိဖြစ်စေခဲ့သည်။ သူ့ကို စောင့်ကြည့်ဖို့အတွက် ခရိုင်လုံခြုံရေးစနစ်ကို ဖြတ်သွားရုံပဲ။ ဒီအမျိုးသားက ဘယ်လောက်တောင် အာဏာကြီးပြီးတော့ ဘယ်လိုတောင် ပိုင်စိုးပိုင်နင်း နိုင်လိုက်သလဲ။ သူ့ဘဝမှာ ဖြစ်ပျက်သမျှ အရာအားလုံးကို သူ(ရှောင်းဆာ)က သိနေမှာလား။

"မင်း ကိုယ့်ကိုပြောပြပါ"

ရှောင်းဆာ၏အသံက ဒီဂရီတစ်ခု၊ နှစ်ခုမက နိမ့်ကျလာကာ ပိုပြီးအေးစက်လာသည်။

ထိုအမျိုးသမီးက ဘယ်သူလဲဆိုတာ သူ မသိတဲ့အတွက် စိတ်ဆိုးသွားခဲ့သည်။ ဒါပေမယ့် သူ၏ ခံပြင်းမှုအများစုသည် သူ့(ပိုင်ကျင်း)ကို တိုက်ရိုက်မေးတာကလွဲလို့ တခြားမရှိဘူးဆိုတာ သိနေတာကြောင့်ဖြစ်သည်။

ပိုင်ကျင်းက ပြုံးလိုက်ပြီး ရှောင်းဆာတစ်ယောက် သိချင်လွန်းတာကြောင့် သေတော့မလိုဖြစ်နေတာကို  သိလို့ သူက ညင်ညင်သာသာလေးနဲ့ တိုးတိုးလေးပြောလိုက်သည်။

"ဒုမြို့တော်ဝန်ရဲ့သမီး"

ရှောင်းဆာ အသက်မရှူနိုင်ဖြစ်သွားခဲ့သည်။ သူ့ခေါင်းထဲမှာ မေးခွန်းပေါင်းများစွာ ရှိပေမယ့် ရက်အနည်းငယ်ကြာအောင် သူ အဝေးကိုရောက်နေချိန်မှ ပေါ်လာခဲ့တဲ့ အဲ့ဒီပိုင်နက်ကျူးကျော်သူတွေနဲ့ ရည်းစားဟောင်းတွေကိုပဲ ကျိန်ဆဲရုံသာ တက်နိုင်တာကြောင့် သူ့နှလုံးသားက ခါးသီးသလို ခံစားနေရသည်။ ထိုအချိန်တွင် တက်နိုင်သမျှ မြန်မြန်ပြန်လာရန် ဆုံးဖြတ်ခဲ့သည်။

Back to the ApocalypseWhere stories live. Discover now