၃၄-၂

928 114 0
                                    

[Unicode]ရှောင်းဆာ က ပိုင်ကျင်း ကို ဟိုတယ်ကို ခေါ်သွားပြီး သူ့အတွက် တံခါးဖွင့်ပေးလိုက်သည်။ ကျယ်လောင်သော 'ဘန်း!' ဟု မြည်သံနှင့်အတူ သခင်ငယ်လေးက တံခါးအား သူ့မျက်နှာဆီသို့ ပိတ်ချလိုက်သည်။

ဘယ်လိုဟာသမျိုးလဲ။

အကယ်၍ အခုချိန်မှာ သဌေးနား ပတ်လည်ဝန်းရံနေသည့် ထို'ညီအကိုများ'အား လုပ်ပိုင်ခွင့်အာဏာသာ ပေးအပ်ထားရမည်ဆိုလျှင် သူ့ကို ကျေနပ်စေလောက်တဲ့ ချိုမြိန်သည့်ပေးဆပ်မှုမျိုး ရှိမှာမဟုတ်ဘူး။ သူ့နောက်မှာ ဝမ်ရွှယ်ပင်းနှင့် တခြားသူတွေ ရှိပြီးသားမလို့ အချိန်အတော်ကြာ ပြင်ဆင်ခဲ့ပြီးသားဖြစ်တာက ဘယ်လိုတောင် ကံကောင်းလိုက်သလဲ။ အဲ့ဒီလိုသာမဟုတ်ရင် ရှောင်းဆာကို သူ အားကိုးနေရတော့မည်။

တခြားသူတွေက အတူတူပဲလားဆိုတာ သူ မပြောနိုင်ပေမယ့် ဟန်ယန် သည် ငယ်စဉ်ကတည်းက ရှောင်းဆာ နှင့် အလွန်ရင်းနှီးခဲ့ကာ ပုခက်တွင်းမှ သင်္ချိုင်းကုန်းအထိ သစ္စာစောင့်သိသော ကြင်နာမှုမျိုးရှိသည်ကို သူသိသည်။ သို့သော် ထိုအသိနှင့်တောင်မှ အဲဒီလူအုပ်ကြားထဲက အဲဒီလူကို တွေ့သွားတာနဲ့ သူ့ကို သတ်ပစ်ချင်နေခဲ့သည့် တစ်ခုတည်းသောဆန္ဒရှိသည့် အတိတ်က ဟန်ယန်သည် သူ့ကို နှောင့်ယှက်နေလောက်အောင်ပင် သူ့မှတ်ဉာဏ်ထဲတွင် လတ်ဆတ်နေသေးသည်။ သေချာတာကတော့ ရှောင်းဆာအတွက် လက်စားချေဖို့ဖြစ်ပေမယ့် ဘာပဲဖြစ်ဖြစ် အခုချိန်မှာ သူ့စိတ်အခြေအနေက အလွန်ဆိုးရွားနေခဲ့သည်။

သူ့ကို ကာကွယ်ဖို့ သူတို့အသက်တွေကို ဝမ်းသာအားရအသုံးပြုမယ့် ညီအကိုတွေက ဘယ်သူတွေလဲ? ကမ္ဘာပျက်ကပ် အတွင်းမှာ သူတို့ကိုယ်သူတို့နဲ့ ဒီမြို့ကို ရှောင်းဆာရဲ့ လက်အောက်ခံအဖြစ် သတ်မှတ်ကြလိမ့်မည်။ ဒီအချိန်မှာ ကမ္ဘာကြီးက ဒီလိုပဲ ဖြစ်လိမ့်မယ်လို့ သူတို့က ဘာကြောင့် ထင်နေကြတာလဲ။

ရှောင်းဆာက သူ့အပိုင်ပဲ။ ပြီးတော့ အထူးသဖြင့် ဒီလူစုလူဝေးက ရှောင်းဆာကို သူတို့ပိုင်တယ်လို့ ယုံကြည်နေကြတာက အဆင်မပြေဘူး။ သူ့အကျိုးအမြတ်အတွက် သူတို့ကို သူ မျက်နှာသာပေးသင့်တယ် ထင်တာတောင်မှ စိတ်မကောင်းဖြစ်မိပေမယ့် ဒီသခင်လေးက ဘယ်သူ့ကိုမှ စောင့်မနေဘူး။

Back to the ApocalypseKde žijí příběhy. Začni objevovat