၈၅

299 37 0
                                    

(Unicode) ပိုင်ကျင်းသည် ဘာနည်းလမ်းပဲဖြစ်ဖြစ် ဂရုမစိုက်ဘူး။ ရှောင်းဆာသည် သူ့ကိုယ်သူ သာမန်ကာလျှံကာ ထိုင်လိုက်ပြီး ပြောသည်။ "မင်းတို အကြံပေးတဲ့အတိုင်း ငါတို့လုပ်မယ်"

သူတိုတွေ ဒီလမ်းပေါ်မှာ နေ့ရော၊ညပါ ကုန်ဆုံးခဲ့ပြီးတည်းက ကျန်းချိုးချန်၏ အစီအစဉ်များသည် အရာအားလုံးပြီးဆုံးလုနီးပါး ဖြစ်နေခဲ့သည်။ ရှောင်းဆာအနေဖြင့် ဤလူသည် နတ်ဆိုးတစ်ယောက်နှင့်တူကြောင်း ရှင်းလင်းစွာ ပြောနိုင်သည်။ ကံမကောင်းစွာနဲ့ပဲ ၎င်း၏ကိုယ်ရည်ကိုယ်သွေးက တစ်ဖက်စွန်း ရောက်လွန်းနေခဲ့သည်။ ပိုင်ကျင်းသည် ထိုဘေးဆိုးကြီးကို အဝေးသို့ လွှတ်လိုက်သည့်အတွက် အရမ်းပျော်ရွင်သွားခဲ့သည်။ ပိုင်ကျင်းသည် ပညာရှိသော လှုပ်ရှားမှုတစ်ခုကို ပြုလုပ်ခဲ့ကြောင်း တိတ်တဆိတ် သဘောတူလိုက် မိသည်။ ကျန်းချိုးချန်သည် ကြီးမားသော ပြဿနာကြီးတစ်ခုဖြစ်သည်။

ကျန်းချိုးချန်သည် ရှောင်းဆာ၏အဖြေကို မျှော်လင့်ထားသလိုပင် လျစ်လျူရှုထားရင်း ခေါင်းညိတ်ကာ ဆက်ပြောလိုက်သည်။ "ဖီးနစ်တောင်ကနေ မြိုတော် B ကို သွားတဲ့လမ်းက တစ်ခုပဲရှိတယ်... အဲဒါက ချောက်ကြီးနှစ်ခုကြားထဲက တောင်ကြားထဲမှာပဲ... ငါတို့ အဲဒီနေရာမှာ ခြုံခိုတိုက်ခိုက်မှုတစ်ခု ပြုလုပ်နိုင်ပြီး ငါတို့လူတွေကို အဖွဲ့နှစ်ဖွဲ့ခွဲလို့ရတယ်... တစ်ယောက်က အလင်းထဲမှာ ရှိနေမှာဖြစ်ပြီး တစ်ယောက်ကတော့ အမှောင်ထဲမှာ လှုပ်ရှားရလိမ့်မယ်... ပထမအုပ်စုက သူတို့ကို လမ်းပေါ်မှာ ကြားဖြတ်ဗုံးတွေ တပ်ဆင်ပေးလိမ့်မယ်... ဒုတိယအုပ်စုက လိုအပ်ရင် ချောင်းမြောင်းသတ်ဖြတ်ဖို့ စောင့်ဆိုင်းနေရမယ်... ဒါပေမယ့် လုပ်ကြံသတ်ဖြတ်မှုတွေနဲ့ ပတ်သတ်ပြီးတော့ ငါ့လက်အောက်မှာပဲ အဖွဲ့ကရှိတယ်ဆိုတာကို ဗိုလ်ချုပ်ကြီးရှောင်းက သိထားရလိမ့်မယ်..."

ကျန်းချိုးချန်၏စကားများသည် ဤနေရာတွင် ရပ်တန့်သွားသည်။ ရှောင်းဆာသည် အနည်းငယ်စဉ်းစားလိုက်ပြီးနောက် သူ့စကားနောက်ကွယ်မှ အဓိပ္ပာယ်ကို နားလည်လိုက်သည်။ ကျန်းချိုးချန်သည် သူတို၏ခွန်အားကို စမ်းသပ်လိုကြောင်း သူ သိသည်။ ထိုကြောင့် သူသည် သာမန်ကာလျှံကာ ပြောလိုက် သည်။ "ငါနဲ့ရှောင်ကျင်းနဲ့ ဒါကို ကိုင်တွယ်နိုင်တယ်"

Back to the ApocalypseWhere stories live. Discover now