၂၄

1.1K 167 0
                                    

[Unicode]ရှောင်းဆာ သည် ယခုအချိန်တွင် အလုပ်များပြီး ပင်ပန်းနွမ်းနယ်နေသော်လည်း ဟယ်ရုန် ထံမှ ကြားသောအခါ အရာအားလုံးကို လွှတ်ချထားခဲ့ပြီး ထွက်သွားခဲ့သည်။ ကိုင်တွယ်ဖြေရှင်းရမည့် အရာအားလုံးကို ကျိုးကျီထံ လွှဲထားခဲ့သည်။ ဟာသမဟုတ်ဘူး။ သူ ပြန်မလာခဲ့တာက လဝက်လောက်ရှိကာ ရှုပ်ထွေးနေတဲ့အရာတွေက တစ်ပုံတစ်ခေါင်းကြီး စုပုံလာနိုင်သည်။ ဒါဆိုရင် သူက ဘာလို့ လက်အောက်ငယ်သားတွေကို စိတ်အနှောက်အယှက်ပေးရတာလဲ။

"အကိုဆာ.." ကျိုးကျီသည် ခါးသီးသောမျက်နှာဖြင့် ရှိနေခဲ့သည်။ ဒီကိစ္စတွေက မပြင်းထန်ပေမယ့် ကိုင်တွယ်ဖြေရှင်းရာတွင် အမှန်တကယ်ကို စိတ်အနှောက်အယှက်ပေးလှသည်။ ဂိုဏ်းကို ရှောင်းဆာ ပြုပြင်ပြီးကတည်းက လူအိုကြီးတွေက ပြဿနာမလုပ်ကြတော့ပေမယ့် အသေးအမွှား ပြဿနာလေးတွေက မကြာခဏ ပေါ်လာတက်သည်။ ၎င်းတို့သည် မစိုးရိမ်ရသည့်အပြင် အန္တရာယ်လည်းကင်းသည်။ ဒါပေမယ့် ဒီလိုအန္တရာယ်ကင်းတဲ့ အခြေအနေနဲ့ ဘာပဲဖြစ်ဖြစ် သူ ဘယ်လိုအခြေအနေနဲ့ ရင်ဆိုင်ရမလဲဆိုတာ မသိဘူး။ ရှောင်းဆာသာ အိမ်မှာရှိနေရင် အကုန်လုံး အဆင်ပြေတယ်။ ရှောင်းဆာ ထွက်သွားပြီဆိုတာနဲ့ ရှုပ်ထွေးနေတဲ့အရာတွေက ရောက်လာပြီးတော့ သူ့ကို တကယ်စိတ်တိုစေသည်။

ရှောင်းဆာက သူ့ကို အေးစက်စွာကြည့်ရင်း ခံစားချက်မရှိ စိတ်မဝင်စားတဲ့လေသံနဲ့ "မင်း ကြိုက်သလိုလုပ်... မင်းက လူတွေကို မဟန့်တားချင်ဘူးဆိုရင် သူတို့နဲ့ရင်ဆိုင်ဖို့ အဖြေကိုစဉ်းစား.. ပြီးရင် သန့်ရှင်းရေးလုပ်ဖို့ မမေ့နဲ့နော်"

ကျိုးကျီသည် ခါးသီးသောအပြုံးနှင့် ငေးကြောင်ကြောင်ဖြစ်နေသည်။ ဒီလိုမျိုး ရဲရင့်မှုနဲ့ ဖြေရှင်းနိုင်စွမ်းက သူနဲ့ နှိုင်းယှဉ်လို့ရတဲ့အရာ မဟုတ်ဘူး။ ဂိုဏ်းက လူအိုကြီးတွေက အကိုဆာကို ပြဿနာမရှာရဲတာက အမှန်တကယ်တော့ ဒီအကြောင်းပြချက်ကြောင့်ပဲလေ။

ရှောင်းဆာက လှည့်ထွက်သွားပြီး ရပ်တန့်ခြင်းမရှိဘဲ သူ့လူတွေကို လေဆိပ်သို့ လိုက်ပို့ခိုင်းလိုက်သည်။

သူ ထွက်သွားခဲ့ပြီးနောက် ဟန်ယန်သည် ကျိုးကျီထံသို့သွားကာ မကျေနပ်ချက်များဖြင့် ညည်းညူလျက်ရှိသည်။ "အကိုဆာက အဝေးကြီးကိုသွားပြီ.. လူတစ်ယောက်က ချစ်သူရှိလာတဲ့အချိန်မှာ လူသားချင်းစာနာမှု မရှိတော့ဘူး... ပြီးတော့ ဒီလူအိုကြီးတွေ... မင်း သူတို့ကို ဘယ်လိုလုပ်ရင်ဆိုင်နိုင်မှာလဲ... မဟုတ်သေးဘူး.. အဲ့ဒီမှာ ယောက်ျားတစ်ယောက်ပဲ.. အခု ညီအကိုတွေက.. မျက်လုံးတွေထဲမှာ အလှလေးပဲရှိပြီး သူငယ်ချင်းဆိုတာ မရှိတော့ဘူး... ပြောရမယ်ဆိုရင် ငါတို့က သူနဲ့ ကြီးပြင်းလာခဲ့တာ မဟုတ်လား... ဟမ့်!"

Back to the ApocalypseWhere stories live. Discover now