၇၀

425 73 0
                                    

(Unicode) ရှောင်းဆာသည် ချိုမြိန်သောစကားအချို ပြောတော့မည့်အချိန်မှာပဲ သူ၏ စကားပြောစက်သည် မြည်လာခဲ့သည်။ အကျဉ်းထောင်သည် ၎င်းတိုနေထိုင်ရာ နေရာနှင့် မဝေးလှဘဲ ယခုပေါက်ကွဲသံကြီးကြောင့် လူအများအပြား ထိတ်လန့် သွားစေမည်ဖြစ်သည်။

ရှောင်းဆာသည် ယခုအချိန်တွင် ပိုင်ကျင်းကို လွှတ်ထားပေးရန်မှလွဲ၍ ရွေးချယ် စရာမရှိတော့သောကြောင့် ဤအကြောင်းအရာကို နောက်မှဆွေးနွေးရန်သာ ချန်ထားလိုက်တော့သည်။ သူသည် စကားပြောစက်ဖြင့် ဆက်သွယ်လိုက်သည့် အချိန်တွင် သူ့နားထဲတွင် အလျင်လိုနေသည့် အသံတစ်ခု ထွက်ပေါ်လာသည်။ "အကိုဆာ... အခု မင်းတို ဘယ်မှာလဲ?"

ရှောင်းဆာသည် ပိုင်ကျင်းကို တစ်ချက်ကြည့်လိုက်ပြီး တည်ငြိမ်စွာ ဖြေလိုက် သည်။ "အကျဉ်းထောင်အပြင်ဘက်မှာ... ဖုတ်ကောင်အများစုကို ရှင်းထား လိုက်ပြီ... ကျန်တာတွေကို မင်းတိုကောင်တွေရှင်းဖို ချန်ထားပေးမယ်... မင်းတို မြန်မြန်လာခဲ့ကြ"

ကျိုးကျီ ဒါကိုကြားလိုက်ရတော့ အံ့ဩသွားသည်။ သူ့နားထဲတွင် နားအူလောက် သည့် အသံကြီးကိုသာ ခံစားလိုက်ရပြီး ခဏတာလောက် တုံပြန်နိုင်ခြင်း မရှိခဲ့ဘူး။ သူ့စိတ်ထဲတွင် ထင်ကြေးပေးမှုအချို ရှိခဲ့သော်လည်း အစ်ကိုဆာ၏ စကားကြားရသောအခါ၌ အိပ်မက်တစ်ခုလို ခံစားနေရသည်။ နောက်ဆုံးခရိုင် မြိုမှ ရွှေ့ပြောင်းလာခဲ့ချိန်တွင် သခင်ငယ်လေးကျင်းသည် အလားတူ ကြီးမား သောဆူညံသံကို ပြုလုပ်ခဲ့သည်ကို သူ သတိရလိုက်မိသည်။ ကောင်းကင်ကြီး သည် တောက်ပသောအလင်းရောင်ဖြင့် လင်းလက်လျက်ရှိပြီး ဖုတ်ကောင်များ သည်လည်း ချက်ချင်း ရှင်းလင်းသွားခဲ့သည်။ မထင်မှတ်ဘဲ ဒီတစ်ကြိမ်မှာ လည်း သူတိုနှစ်ဦးသာ လုပ်ဆောင်ဖို ရွေးချယ်သွားခဲ့ကြသည်။

"ကျိုးကျီ... ဘာမှားလိုလဲ? ဘာဖြစ်သွားလိုလဲ?" ကျိုးကျီ မှင်တက်နေတာကို တွေ့လိုက်ရတော့ လျူဝေသည်လည်း စိုးရိမ်သွားခဲ့သည်။ သူ စိတ်သောက မရောက်ပဲ မနေနိုင်ဘူး။ မနက်ဖြန်မှာ အကျဉ်းထောင်ကို သိမ်းပိုက်နိုင်ရန် အတွက် ပြင်ဆင်ခဲ့ပြီးနောက် ယနေ့ညမှာ စောစော အိပ်ရာဝင်ခဲ့သော်လည်း ညသန်းခေါင်မှာ ထိတ်လန့်တကြား နိုးထလာရလိမ့်မည်ဟု သူ မမျှော်လင့် ထားမိဘူး။ သူ ထွက်လာသည့်အချိန်တွင် အကိုဆာ၏ပုံရိပ်ကို ဘယ်မှာမှ ရှာမတွေ့ခဲ့ရဘဲ ပိုင်ကျင်းကိုတောင်မှ မတွေ့ရကြောင်း သူ သိလိုက်ရသည်။ အပြင်ဘက်မှာ ဆူညံသံတွေကြားနေရတော့ သူတို စိတ်မပူပဲ မနေနိုင်ဘူး။

Back to the ApocalypseWhere stories live. Discover now