(၁၅)

1.3K 178 0
                                    

[Unicode]

ကိစ္စတွေက ‌မတိုးသာမဆုတ်သာ အခြေအနေ ဖြစ်နေခဲ့သည်။ ရှောင်းဟုန်၏အမူအယာက မည်းမှောင်နေကာ သူ့မျက်လုံးများက ပုံမှန်မဟုတ်စွာ ရက်စက်ကြမ်းကြုတ်နေတာကြောင့် ရဲမှူးကြီး၏ဦးနှောက်က တုန်လှုပ်ခြောက်ခြားလျက်ရှိသည်။ သူက ဘာမှမပြောပဲ သူ့ပုံစံကို ဒီလိုမြင်ရတယ်ဆိုပေမယ့် သူ့စိတ်ထဲမှာ ဘာတွေတွေးနေလဲဆိုတာကို ပိုင်ကျင်းပြောနိုင်သည်။ ကမ္ဘာပျက်ကပ်တွင် သူ မကြာခဏတွေ့ခဲ့ဖူးသည့် ထိုသို့သောအကြည့်မျိုးသည် သတ်ဖြတ်ရန်သာဖြစ်သည်။ မြို့တော် N မှာသာ သူ သေသွားခဲ့မယ်ဆိုရင် သက်တော်စောင့်တွေက နှုတ်ပိတ်ခံရလိမ့်မယ်။ လူတွေအများကြီး ဒီနေရာမှာရှိနေတယ်ဆိုပေမယ့် ဘယ်သူကမှ သူ့အထောက်အထားကို မသိတာကြောင့် အဆုံးသတ်မှာ ဖုံးကွယ်ခံထားရနိုင်သည်။

ပိုင်ကျင်းက သရော်ပြုံးပြုံးလိုက်သည်။ ချောင်လီက ဘယ်မှာလဲ? သူ တကယ်စိတ်မရှည်တော့ဘူး။ ပြီးတော့ သူ ဒီမှာ ဝမ်ရွှယ်ပင်းနဲ့ရှိနေတာကို မယုံကြည်နိုင်ဘူး။ ချောင်လီက လောဘကြီးတဲ့ရဲမှူးကြီးဆီမှာ သူ့အသက်ကို စွန့်ပစ်တော့မှာလား။ ဒီနေရာက လူဆိုးဂိုဏ်းဖြစ်သည်။ အကြောင်းပြချက် လိုအပ်တဲ့နေရာမဟုတ်ဘူး။ ပြောစရာမလိုအောင်ပဲ သူ့မှာ အကြောင်းပြချက်ပေးဖို့ ရည်ရွယ်ချက်မရှိဘူး။

သူ့စိတ်ထဲမှာ ဒါကိုတွေးနေတုန်း ကပ္ပတိန်၏ရေဒီယိုအသံဖမ်းစက်မှအသံက ကြားဖြတ်ဝင်ရောက်လာခဲ့သည်။ အသံက အကျယ်ကြီးမဟုတ်ပေမယ့် ရှိသမျှလူအားလုံးကြားဖို့ လုံလောက်သည်။

"အကြီးအကဲ... ကလပ်ကို အထူးတပ်ဖွဲ့တွေ ဝိုင်းထားတယ်"

ပိုင်ကျင်း၏နှုတ်ခမ်းများသည် အနည်းငယ်ကွေးညွတ်သွားကာ ကျေနပ်နေသလိုမျိုး ရယ်မောလိုက်သည်။ ကမ္ဘာကြီးရဲ့အဆုံးသတ်မှာ စကားတစ်ခွန်းကို သူသင်ယူခဲ့ဖူးတယ်။ ဘယ်လို ပူးပေါင်းကြံစည်မှုမျိုးကိုမဆို မပြသနိုင်ဘူးဆိုရင် အကြွင်းမဲ့ ခွန်အားကို ရင်ဆိုင်ရနိုင်သည်။ အဲ့ဒီစကားလုံးက "အချိန်ကိုက်လုပ်ဆောင်ခြင်း" ပင်။ 

ထိုအချိန်တွင် ရှောင်းဟုန်သည် ကိစ္စများက မကောင်းတော့မှန်း သိသွားခဲ့သည်။ ထို့နောက် တုံ့ဆိုင်းခြင်းမရှိဘဲ အမိန့်ပေးလိုက်သည့် ရဲမှူး၏ မျက်နှာကို ကြည့်လိုက်သည်။ အထူးတပ်ဖွဲ့များ မရောက်ခင်လေးမှာပဲ ရဲအရာရှိများအားလုံးသည် ရှောင်ဟုန်၏လူများကို သေနတ်များဖြင့် ချိန်ရွယ်ထားခဲ့သည်။ အပြောင်းအလဲမြန်လွန်းလှသဖြင့် လူတိုင်း ဘာမှမတုံ့ပြန်နိုင်ခဲ့ဘူး။

Back to the ApocalypseWhere stories live. Discover now