၅၈

630 83 0
                                    

(Unicode) ကောင်းကင်ကြီး မည်းမှောင်လာသည်နှင့်အမျှ အေးစက်သောလေများက တိုက်ခတ်လာပြီး ပိုင်ကျင်း ခိုက်ခိုက်တုန်သွားသည်။ လူတွေ ထမင်းချက်နေကြသည်ကို မြင်လိုက်ရတော့ သူ မထိုင်နိုင်‌တော့ဘဲ အဝေးကို လှမ်းကြည့်လိုက်မိသည်။

"သခင်လေးကျင်း... ဒီကိုလာပြီး နွေးနွေးထွေး‌ထွေးနေပါလား" ထန်ကျားပင်းသည် သူ့လက်ထဲတွင် ထင်းခြောက်ပုံးကို ကိုင်ထားရင်း ပြုံး၍ ပြောလိုက်သည်။ သူသည် စွမ်းရည်အသုံးပြုသူမဟုတ်သော်လည်း လူတိုင်းကို သူ့နည်းသူ့ဟန်ဖြင့် ကူညီရန် ကြိုးစားနေဆဲဖြစ်သည်။

ပိုင်ကျင်းသည် ငြင်းဆန်မနေဘဲ ခေါင်းညိတ်လိုက်သည်။ သူ အနည်းငယ် အေးခဲသလို ခံစားနေရသည်။ အခုချိန်မှာ ရေခဲနေပြီ။ ပြီးတော့ သူတို ဒီနေရာမှာ တစ်ညလုံး အချိန်ကုန်ဆုံးရမှာကို သူ တကယ်ကို ကြောက်နေခဲ့တာ။ အမှန်အတိုင်းပြောရမယ်ဆိုရင် သူသည် လေဟာပြင်မှာ အိပ်ရတာကို လုံးဝသဘောမကျဘူး။ တစ်ခုပဲ... သူတို ထွက်သွားပြီးတဲ့နောက် နှင်းကျခဲ့မယ်ဆိုရင် မနက်ဖြန်ကျရင် အမြုတေကိုရရှိဖို ပိုပြီးခက်ခဲသွားလိမ့်မည်။

"ရှောင်းဆာ ဘယ်မှာလဲ?" ပိုင်ကျင်း မေးလိုက်သည်။ သူ အပြင်ကိုရောက်နေတာ အချိန်အတော်ကြာနေတာတောင်မှ ၎င်း၏အရိပ်လေးတောင် မတွေ့ရသေးတာကြောင့် သူ့စိတ်ထဲ မကျေနပ်မှုအချို တိုးလာခဲ့သည်။

"အကိုကြီးဆာက ကူညီပေးဖိုသွားတယ်... ပိုပြီး အေးသထက် အေးလာလို ပိုပြီး စောစောပြီးလေ... ကျွန်တော်တို စောစောထွက်သွားလိုရတယ်" ထန်ကျားပင်း၏ ကောင်းမွန်သောတုံပြန်မှုသည် ပိုင်ကျင်း၏သဘောထားကို လုံးဝ အကျိုးသက်ရောက်မှုမရှိပေ။ ဘယ်လိုပဲဖြစ်ဖြစ် သခင်လေးကျင်းမှာ ဆိုးရွားသည့်ဒေါသရှိကြောင်း သူတိုအားလုံး သိကြသည်။

ပိုင်ကျင်းသည် နှုတ်ခမ်းစူ၍ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုရင်း ဘေးနားတွင် သတိလစ်မေ့မြောနေသော ယွီယွဲကို တွေ့လိုက်ရသဖြင့် သူ အနည်းငယ် ရှက်သလို ခံစားလိုက်ရပြီး သူတစ်ဦးတည်း ပျင်းရိနေသည့်ပုံရသည်။ ရှစ်နှစ်အရွယ် ရှောင်မုန့်တောင်မှ လူအများအတွက် ကူညီပေးသည့်အရာများကို လုပ်ဆောင်နေခဲ့သည်။ နေရာတိုင်းတွင်း ထင်းခြောက်စုစည်းနေသည့် သူ့ပုံရိပ်လေးကို တွေ့နိုင်သည်။

Back to the ApocalypseWhere stories live. Discover now