၃၈

970 141 0
                                    

[Unicode]ထိုနှစ်ယောက်သည် သူတို့ရှိနေသည့်နေရာမှာပဲ ဆက်လက်နေကြဖို့ အစီအစဉ်ရှိနေပုံရတာကြောင့် သူတို့ အဖမ်းခံရနိုင်သည်။

ရှဲ့မင်ဟန်သည် သူ၏လက်ထဲတွင် ဖုန်းတစ်လုံးကိုကိုင်ထားရင်း သတိထားလျက် ချဉ်းကပ်လာခဲ့သည်။ "အကိုကြီး... ဒီဘက်ကို ဦးတည်နေတဲ့ တပ်ဖွဲ့တွေရှိတယ်... ဒီမှာ ကြာကြာနေဖို့ မသင့်တော်ဘူး"

ရှောင်းဆာသည် ပိုင်ကျင်းအား ကားဆီသို့ခေါ်ဆောင်လာခဲ့ပြီးနောက် ၎င်းအား တုံ့ပြန်သည့်အနေဖြင့် နက်မှောင်သည့်အကြည့်တစ်ချက် ပေးလိုက်သည်။

"ဟေး... ခဏလောက်စောင့်ပါဦး... ဘယ်နေရာက လုံခြုံတယ်ဆိုတာ ကျွန်တော် သိတယ်" ယွီယွဲ့သည် ဘေးဖယ်ခံထားရမည်ကို ကြောက်ရွံ့သဖြင့် လျှင်မြန်စွာ အော်ဟစ်လိုက်သည်။

ပိုင်ကျင်းက သူ့ဘက်သို့ ပြန်လှည့်လာခဲ့ပြီး "မင်း ဘယ်လိုလုပ်သိတာလဲ?"

ယွီယွဲ့က သူတို့ကို ချီတုံချတုံ စိုက်ကြည့်ရင်း အချိန်အတော်ကြာအောင် သူ့ပါးစပ်က စကားတစ်ခွန်းမှ ပြောထွက်မလာဘဲ ထပ်ခါတလဲလဲ အဖွင့်အပိတ် လုပ်နေခဲ့သည်။

ဒါကိုမြင်လိုက်ရတော့ ပိုင်ကျင်းသည် စိတ်မရှည်တော့ဘဲ လှည့်ထွက်သွားဖို့ ပြင်လိုက်သည်။

ပိုင်ကျင်း၏ လျစ်လျူရှုလိုက်သော တုံ့ပြန်မှုကြောင့် ထိတ်လန့်သွားခဲ့ပြီး  ယွီယွဲ့သည် စကားစပြောရန် ဆုံးဖြတ်လိုက်သည်။ အခွင့်အရေးယူ၍ သူသည် ရှင်းလင်းထင်ရှားစွာ ရှင်းပြလိုက်သည်။ "အလိုလိုသိတာ... ကျွန်တော် မင်းကို လိမ်နေတာမဟုတ်ဘူး... မင်းကို စတွေ့တဲ့အချိန်တုန်းက မင်းက အရမ်းစွမ်းအားကြီးတယ်ဆိုတာ ကျွန်တော် ချက်ချင်း သိလိုက်ရတယ်... အထူးသဖြင့် မင်းနဲ့သူပေါ့... ကျွန်တော့်ရဲ့ ပင်ကိုယ်အသိစိတ်က ဒီအခြေအနေတွေက မြန်မြန်ဆန်ဆန် အဆုံးသတ်ဖို့ မဖြစ်နိုင်ဘူးလို့ ပြောနေတယ်... ဒါကြောင့် မင်းနောက်ကိုလိုက်ရမယ်ဆိုရင် ကျွန်တော် ရှင်သန်ဖို့ အခွင့်အရေးရနိုင်လိမ့်မယ်"

ပိုင်ကျင်းသည် သူ့ဘာသာသူ တိတ်တဆိတ် တွေးနေမိသည်။ ဒီကောင်လေးက စိတ်စွမ်းအား စစ်သည်တော် ဖြစ်နိုင်လား? ကမ္ဘာပျက်ကပ်စတင်ပြီး သိပ်မကြာခင်မှာပဲ သူတို့ရဲ့စွမ်းရည်တွေကို နိုးထနိုင်ခဲ့တဲ့သူတွေက အလားအလာကောင်းများ ရှိကြသည်။ ဒါကြောင့် စောစောက သူ့ကို လွယ်လွယ်ကူကူပဲ ချဉ်းကပ်လာပြီး စကားလာပြောတာဟာ အံ့ဩစရာမရှိတော့ဘူး။

Back to the ApocalypseМесто, где живут истории. Откройте их для себя