၆၁

619 71 0
                                    

(Unicode) ရှောင်းဆာသည် ပြောစရာစကားများ ပျောက်ရှသွားပြီး ရုတ်တရက် အနည်းငယ် မချင့်မရဲဖြစ်သလို ခံစားလိုက်ရသည်။ သူ့ခန္ဓာကိုယ်အတွင်း ပြည့်နေသည့် ဒေါသမီးများက အကြောင်းတစ်စုံတစ်ရာကြောင့် ပျောက်ကွယ်သွားခဲ့သည်။ သူ့မှာ ဒေါသလည်းမထွက်နိုင်၊ ရယ်လည်း မရယ်နိုင်ဘဲ အရင်တုန်းက သူ ပြည့်ပြည့်ဝဝ မစားသုံးလိုက်ရတာကိုပဲ နောင်တရမိသည်။ သူသာ သိခဲ့မယ်ဆိုရင် သူ စိတ်ထားနူးညံ့နေမှာ မဟုတ်ဘူး။ ထိုကိစ္စကိုတွေးပြီးနောက် အဓိပ္ပာယ်မရှိသည့်စကားများ ထွက်လာနိုင်သေးသည့် ထိုပါးစပ်လေးကြောင့် ပိုင်ကျင်းအား အကြင်နာမဲ့စွာ နမ်းရှိက်လိုက်သည်။

ပိုင်ကျင်းသည် ယခုအချိန်တွင် အလွန် အသိဉာဏ်ရှိစွာ လုပ်ဆောင်နေပြီး ခုခံဝံ့ခြင်းမရှိပေ။ သူသည် ရှောင်းဆာ၏လည်ပင်းကို ဖက်တွယ်ထားပြီး ၎င်းကို တိုက်ရိုက်ပင် ဆက်လက်ပြုလုပ်စေခဲ့သည်။ သူတို၏ နှုတ်ခမ်းနှင့်လျှာတိုသည် အတူတူ ကပ်တွယ်လျက်ရှိပြီး ထိပ်ဖျားများ တိုက်မိသွားကာ နှုတ်ခမ်းထောင့်မှ ငွေရောင်အရည်များ ယိုစိမ့်ထွက်ကျလာသည်။

"ကျွန်တော်... ကျွန်တော် အသက်ရှူမဝဘူး" နက်နက်ရှိင်းရှိင်း နမ်းရှိက်ပြီးသည့်နောက် ပိုင်ကျင်းသည် ရှောင်းဆာ၏ လက်မောင်းများအတွင်းသို အားအင်မဲ့စွာ ပြိုလဲကျသွားခဲ့သည်။

"အခု မင်း မှားတာ မင်း သိပြီလား?" ရှောင်းဆာသည် သူ့ကို ဂရုမစိုက်ဟန်ဖြင့် ကြည့်လိုက်သော်လည်း သူ့လက်များက ဘာလှုပ်ရှားမှုမှမရှိပေ။ သူသာ သူ့ပုံမှန်လုပ်ရိုးလုပ်စဉ်အတိုင်း ပြုလုပ်ခဲ့မယ်ဆိုရင် သူက ပိုင်ကျင်း၏ခါးကို အရင်ကတည်းက ဆုပ်ကိုင်ထားလိမ့်မည်ဖြစ်သည်။

"ကျွန်တော် အဲ့ဒီလို မရည်ရွယ်ပါဘူး" သူ့ကိုရိုက်ဖို ဘယ်သူကပြောလိုလဲ? ပိုင်ကျင်းက ခါးသီးစွာ တွေးနေခဲ့သော်လည်း အသံကျယ်ကျယ်နှင့် မချေပရဲပေ။ ရှောင်းဆာ၏ အေးစက်သောအကြည့်အောက်တွင် သူသည် နှုတ်ခမ်းစူကာ ခေါင်းညိတ်လိုက်သည်။ "ကျွန်တော် သိပါတယ်"

"မင်း ဘာပြောလိုက်တာလဲ? ကိုယ် ရှင်းရှင်းလင်းလင်း မကြားလိုက်ရဘူး" သူ၏ စိတ်မပါသော အသွင်အပြင်ကိုကြည့်ရင်း ရှောင်းဆာသည် သူ့ကိုယ်သူ ဒေါသအထွက်လွန်ပြီး သေသွားနိုင်ခြင်းမှ ကာကွယ်ရန်အလိုငှာ ဒေါသထွက်စရာကောင်းသော ညှိဓာတ်အပြည့်နှင့် နတ်ဆိုးလေးကို ယခု စားသင့်၊ မစားသင့် တွေးနေမိသည်။

Back to the ApocalypseOpowieści tętniące życiem. Odkryj je teraz