၇၂

448 67 0
                                    

(Unicode) အချိန်သည် အကုန်မြန်လှပြီး သူတို အလုပ်ရှုပ်နေခဲ့စဉ်အတွင်းမှာပင် သုံးလ ကုန်ဆုံးသွားခဲ့ပြီဖြစ်သည်။ ရာသီဥတုသည် တဖြည်းဖြည်း တိုးတက်လာခဲ့ပြီး ရေခဲနှင့်နှင်းများ အရည်ပျော်လာသည့်လက္ခဏာ ပြသလာသည်။ အခြေစိုက် စခန်းရှိ လူများသည် ထိုအရာကိုကြည့်ပြီး ပျော်ရွှင်နေကြသော်လည်း ပိုင်ကျင်း သည် သူ၏စွမ်းရည်များကို လေ့ကျင့်ရန် ပို၍ပို၍ အင်အားစိုက်ထုတ်နေရသော ကြောင့် သူ၏နှလုံးသား လေးလံလာသည်ကို ခံစားလိုက်ရသည်။

ရှောင်းဆာသည် သူ့ကိုကြည့်ရင်း စိတ်သောကရောက်နေခဲ့သော်လည်း သူ့ကို ဘယ်လိုနှစ်သိမ့်ပေးရမလဲ မသိပေ။ ရှောင်ကျင်းသည် သူကဲ့သို ပိုမိုသန်မာလာ စေရန် စိတ်အားထက်သန်နေကြောင်း သူ သိသည်။ ရာသီဥတုသည် ပို၍ ပူနွေးလာကာ ရေဒီယိုမှသတင်းများကို ကြားလိုက်ရချိန်တွင် အခြားနေရာ များမှာ ဘာတွေဖြစ်နေကြလဲဆိုတာကို သိခဲ့ရသည်။ ငြိမ်းချမ်းသောနေ့ရက်များက များစွာမကျန်တော့ကြောင်း သူ ကောင်းကောင်းနားလည်နိုင်သည်။

နှင်းများအရည်ပျော်ပြီး ကားများ စတင်မောင်းနှင်လိုရသည့် အချိန်ကစပြီး ရှောင်းဆာကိုယ်တိုင် ရှင်းလင်းစရာမလိုပဲ လူအတော်များများသည် စခန်းမှ ထွက်ခွာသွားကြသည်။ လျူဝမ်ဖာ့သည် သူ့လူများကိုခေါ်ဆောင်၍ ကြီးကျယ် ခမ်းနားသော အဖြစ်အပျက်တစ်ခုကို ဖန်တီးရင်း သူ့မျက်လုံးများကို မှေးကျဉ်း ထားပြီး ယန်ဝမ်ဟွာအားကြည့်လျက် ဟိတ်ဟန်ထုတ်ကာ စခန်းမှထွက်ခွာသွား ခဲ့သည်။

ဒေသခံများသည် ၎င်းတို့၏ပစ္စည်းများကို သိမ်းဆည်းရန် မစောင့်ဆိုင်းနိုင်ကြတော့ဘဲ အလျှင်အမြန် ထွက်ခွာသွားကြကာ ယခုရာသီ၏ စပါးစိုက်ပျိုးချိန်ကိုမှီနိုင်ရန် မျှော်လင့်နေကြသည်။

ပိုင်ကျင်းသည် သူ့မျက်လုံးများအတွင် သနားမှုများဖြစ်ပေါ်နေသော်လည်း အေးစက်စက် ကြည့်နေခဲ့သည်။ ထူထပ်သောနှင်းများ၏ နှစ်မြုပ်ခြင်းခံရပြီး သည့်နောက်တွင် မြေဆီလွှာသည် ယိုယွင်းပျက်စီးသွားခဲ့ပြီး လယ်ကွင်း များတွင် သီးနှံများ စိုက်ပျိုးနိုင်ခြင်းမရှိတော့ကြောင်း မည်သူမှ မသိနိုင်ဘူး။ ရာသီဥတု အမှန်တကယ် ပူပြင်းလာသောအချိန်တွင် နေရောင်ခြည်သည် မျှော်လင့်ချက်မဲ့မှုကို သယ်ဆောင်လာခဲ့ပြီး မျှော်လင့်ချက်ပျက်သုဉ်းခြင်းကို သာ တစ်ခေါက်ပြီးတစ်ခေါက် ဖြစ်ပေါ်လာစေသည်။ လုံခြုံသည့် နေထိုင်မှု ပတ်ဝန်းကျင်သာ မရှိဘူးဆိုပါက ထိုလူများသည် သေချာပေါက် သေဆုံးကြမည်ဖြစ်သည်။

Back to the ApocalypseDonde viven las historias. Descúbrelo ahora