၃၉

1.1K 138 5
                                    

[Unicode]ယွီယွဲ့၏လမ်းညွှန်မှုဖြင့် သူတို့သည် ဘာမတော်တဆမမှုမှမရှိဘဲ ပန်းခြံသို့ ရောက်ရှိသွားခဲ့ကြသည်။

ခဏအကြာတွင် သူတို့၏ နောက်ကားတစ်စီးက အဝေးကို ရေခဲတုံးတစ်ခု ပစ်လွှတ်ရင်း သူတို့ဆီသို့ ရောက်ရှိလာသည်။ ပိုင်ကျင်းသည် ထိုအရာ တစ်စုံတစ်ယောက်၏ ပြောင်းလဲလာသော ရေခဲစွမ်းရည်ကို ထုတ်ဖော်ပြသခြင်းဖြစ်ကြောင်း အသိအမှတ် ပြုလိုက်မိသည်။ ရှောင်းဆာ၏လူများက တကယ့်ကို အရည်အချင်းရှိသူတွေပဲ ဖြစ်ရမည်။

ကားပေါ်မှ ဆင်းလာခဲ့ကြပြီးနောက်တွင် ရေခဲစွမ်းရည်ပိုင်ရှင်သည် ရှဲ့မင်ဟန်ဖြစ်ကြောင်း သိလိုက်ရသဖြင့် ပိုင်ကျင်းသည် အံ့ဩသွားကာ အနည်းငယ် ထူးဆန်းသလိုမျိုး ခံစားလိုက်ရသည်။ တကယ်လို့ သူမှတ်မိတာသာ မမှားခဲ့ဘူးဆိုရင် သူ့အရင်ဘဝတွင် ရှဲ့မင်ဟန်သည် စိတ်စွမ်းရည်ပိုင်ရှင်ဖြစ်သည်။ ဒါကြောင့် သူ့စွမ်းရည်က ဒီရေခဲတွေကိုထိန်းချုပ်သည့် စွမ်းရည်အဖြစ် ဘယ်လိုပြောင်းလဲသွားခဲ့ရတာလဲ?

ဒါပေမယ့် အမှန်တရားက သူတောင် ပြန်မွေးဖွားနိုင်ရင် လူတစ်ဦး၏ မျိုးပြောင်းစွမ်းရည် ပြောင်းလဲခြင်းက ကြီးမားသည့်ကိစ္စ မဟုတ်ဘူး။ ထို့ကြောင့် တကယ်တော့ သူ ဒါကိုစဉ်းစားမိလိုက်တာနဲ့ ဤအခြေအနေအား ထပ်မံစုံစမ်းခြင်း မပြုလုပ်တော့ရန် ဆုံးဖြတ်လိုက်သည်။ ရှောင်းဆာ၏လူများက ပိုပြီးကြမ်းတမ်းရက်စက်နိုင်လေ၊ လက်ရှိအခြေအနေကို ကိုင်တွယ်ဖြေရှင်းနိုင်လေဖြစ်သည်။

"မြန်မြန်ပြေး" ယွီယွဲ့သည် ဦးတည်ရာတစ်ခုဆီသို့ တုန်လှုပ်စွာဖြင့် လက်ညှိုးညွှန်ပြရင်း အော်ဟစ်လိုင်သည်။

လူတိုင်း၏စိတ်က အာရုံစိုက်လာခဲ့ပြီး ပိုင်ကျင်းသည် ယွီယွဲ့ ညွှန်ပြနေသည့်နေရာသို့ စူးစိုက်စွာ ကြည့်လိုက်သည်။ ထို့နောက် ရုတ်တရက် တတိယကားသည် ဖုန်ထူသောလမ်းမှ ဆင်းလာခဲ့ပြီး အနောက်ဘက်တွင် ရက်စက်ကြမ်းကြုတ်သော ဖုတ်ကောင်တစ်ရာကျော် လိုက်ပါလာခဲ့သည်။ သူသည် ခဏတာလေးမှ တုံ့ဆိုင်းနေခြင်းမရှိဘဲ သူ့သေနတ်ကိုထုတ်၍ အေးစက်စွာ ပြောလိုက်သည်။ "အသံတိတ်ပြောင်းကို သုံးပြီး ခေါင်းကို ချိန်ပစ်"

Back to the ApocalypseWhere stories live. Discover now