၃၇

1.4K 194 0
                                    

[Unicode]ပိုင်ကျင်းသည် ဟိုတယ်ဧည့်ခန်း‌သို့ ရောက်သောအခါ ဟိုတယ်တံခါးများတွင် ထူထဲသောသော့များ ခတ်ထားသည်ကို သတိထားမိလိုက်သည်။ မိုးကြိုးပစ်ချသည့် မတော်တဆမှုပြီးသည့်နောက် သုံးရက်မြောက်နေ့ဖြစ်သော ဇွန်လ ၁၄ ရက်ဟု ရေးသားထားသော စည်းချိတ်များကို နေရာအနှံ့ ကပ်ထားခဲ့သည်။

ပိုင်ကျင်း အနည်းငယ် စိတ်အနှောက်အယှက် ဖြစ်သွားခဲ့သည်။ ဟိုတယ်ကို သူ့ကြည့်ရှုခဲ့ရာကနေ လူသားများ၏ ဘာလှုပ်ရှားမှုလက္ခဏာမှမရှိသလို ဟိုတယ်ကိုပိတ်ထားတာ အချိန်အတော်ကြာခဲ့ပြီလို့ သူ့ကို ယုံကြည်သွားစေသည်။ သူ့နယ်မြေထဲမှာ ဘယ်လောက်ထိကြာအောင် သတိလစ်မေ့မြောနေခဲ့လဲဆိုတာကို သူ တကယ် သိချင်နေခဲ့ပေမယ့် သိလိုက်ရရင်တောင် ဘာမှမထူးခြားပါဘူး။

ထို့ကြောင့် အပြင်ဘက်ကို ချက်ချင်းထွက်မည့်အစား သူသည် ဟိုတယ်ထဲတွင် အမဲလိုက်ထွက်ခဲ့သည်။ ဤကဲ့သို့သော ကြယ်ငါးပွင့်ဟိုတယ်ကြီးတွင် စွန့်ပစ်ခံထားရသည့် အဖိုးတန်ရတနာများ ကျန်ရှိနေပေလိမ့်မည်။ ထိုအရာများကို အသုံးပြုပြီး သူ့နယ်မြေကို အပြည့်ဖြည့်လို့ရရင် ပိုကောင်းသည်။ နှစ်နာရီအကြာတွင် ပိုင်ကျင်းသည် ချွေးများရွှဲနစ်နေရင်း ပင်ပန်းနွမ်းနယ်နေသည့်ပုံစံဖြင့် ဟိုတယ်အပြင်ဘက်တွင် ရုတ်တရက် ပေါ်လာခဲ့သည်။

သူ့ပုံရိပ်က လမ်းမပေါ်တွင် ပေါ်ပေါက်လာသည့် အခိုက်အတန့်၌ တစ်စုံတစ်ယောက်က စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်နေခြင်းအား သူ သတိမထားလိုက်မိဘူး။

"အကိုကြီး... အကိုကြီး... ကျွန်တော် သခင်လေးကျင်းကို တွေ့လိုက်မိတယ်... သူက ၁၅ မီတာ အကွာအဝေးက ဖူဟွာလမ်း တော်ဝင်ဥယျာဉ်ဟိုတယ်အရှေ့မှာပဲ" ထိုလူက မော်နီတာတစ်ခုကို စိုက်ကြည့်ရင်း စိတ်လှုပ်ရှားစွာ အော်လိုက်သည်။

ပိုင်ကျင်းသည် အလွန်ကံကောင်းသည်ဟု မှတ်ချက်ချနိုင်သည်။ အခန်းထဲရှိ မော်နီတာတွေအားလုံးထဲကမှ စွန့်ပစ်ထားသောနေရာတစ်ခုတွင် မတ်တပ်ရပ်နေခဲ့သည့် သူ၏ တစ်ဦးတည်းသောပုံရိပ်သည် စောင့်ကြည့်သူ၏အာရုံအား သဘာဝကျစွာပင် ဆွဲဆောင်နိုင်ခဲ့သည်။

Back to the ApocalypseWhere stories live. Discover now