၂၅

1.3K 194 7
                                    

[Unicode]တချို့လူတွေက ဆွဲဆောင်မှုရှိတဲ့ ပင်ကိုယ်စရိုက်နှင့် မွေးဖွားလာခဲ့ကြသည်။ စားသောက်ဆိုင်ထဲကို ပိုင်ကျင်း ဝင်လိုက်တာနဲ့ သူက အာရုံစူးစိုက်မှုများ၏ဗဟိုချက် ဖြစ်လာခဲ့သည်။ ဒီလိုမျိုး မထီမဲ့မြင်ပြုတက်တဲ့ မာနကြီးခြင်းနှင့် အေးစက်ပြီး တမင်သက်သက် ခံစားချက်မရှိသလို ဖော်ပြထားသည့်မျက်နှာက လူတွေအနေနဲ့ အာရုံမစိုက်မိဖို့ဆိုတာ ခက်ခဲတယ်။

ရှောင်းဆာလည်း သူ့ကိုမြင်ပြီး တစ်ချက်ကြည့်လိုက်ရုံနဲ့ သူ့မျက်လုံးတွေကို ရွှေ့လို့မရတော့ဘူး။ ပိုင်ကျင်းက သူ့ရဲ့သဘောကျနှစ်သက်မှုနဲ့ ထိုက်တန်တယ်ဆိုတာ အံ့ဩစရာမရှိဘူး။ သူက လုံးဝကို မျက်စိကျစရာကောင်းတယ်။ ဒါပေမယ့် အခုက ရသခံစားနေတဲ့ အခိုက်အတန့်ပဲ ရှိသေးတယ်။ ရှောင်းဆာသည် မပျော်ရွှင်နိုင်တော့ဘဲ လူတိုင်း၏မျက်လုံးများကို အေးစက်စွာ ကြည့်နေခဲ့သည်။ သူ့အပိုင်ကို ခိုးကြည့်နေကြတာကြောင့် သူ့မှာ ဒေါသထွက်ရတယ်။

ပိုင်ကျင်းက ဟယ်ရုန်ကို စိုက်ကြည့်နေခြင်းအပေါ် မြင်လိုက်ရတာကို နားလည်ပေမယ့် သူ့ကိုကြည့်နေပြီး ဘာမှဆက်ဖြစ်မလာတာကြောင့် ရှောင်းဆာသည် ပို၍အေးစက်လာခဲ့သည်။ အဲ့ဒီလူက ဟန်လုပ်ပြီး ပြုံးပြနေတယ်။ ဘာများကြည့်စရာရှိနေလို့လဲ။ ဒါပေမယ့် ပိုင်ကျင်းက သူ့ကို ဆက်ကြည့်နေခဲ့ပြီး ဒီအမျိုးသားက သူ့ဘေးမှာရှိနေတာကိုလည်း သူ သိတယ်။ သူ အများကြီး ကြိုးစားအားထုတ်မှုတွေ လုပ်ရမှာကို သူ ကြောက်မိတာပဲ။ ရှောင်းဆာသည် သူ့အကြည့်များအား ဟယ်ရုန်ကို သာမန်ကာလျှံကာ ဖြတ်ကျော်သွားခဲ့ပြီး သူ့ကို ခဏတော့ အနားပေးထားဖို့ ဆုံးဖြတ်လိုက်သည်။

ဟယ်ရုန် ခါးခါးသီးသီး ပြုံးလိုက်မိသည်။ ဒါကို မတော်တဆ သိက္ခာကျမှုအနေဖြင့် မှတ်ယူသင့်တယ်။ သူတို့ တစ်ယောက်နှင့်တစ်ယောက် စကားပြောနေတာကိုမြင်တော့ သူက အပြုံးလေးဖြင့် ပြောလိုက်သည်။ "မစ္စတာကျင်းက မမှတ်မိလောက်ဘူး... ဒါပေမယ့် ပြီးခဲ့တဲ့နှစ်တုန်းက ရှောင်းဆာကို မင်း တစ်ကြိမ် ကယ်တင်ခဲ့ဖူးတယ်... ပြောချင်တာက ကျွန်တော်တို့ရဲ့ တွေ့ဆုံမယ့်အကြောင်းကို သူ သိတဲ့အချိန်မှာ ကျွန်တော်နဲ့ အမှီလိုက်လာပြီးတော့ မင်းကို အသက်ကယ်တဲ့ကျေးဇူး ပြန်ဆပ်မယ်လို့ ပြောခဲ့တယ်"

Back to the ApocalypseTahanan ng mga kuwento. Tumuklas ngayon