၇၁

544 78 0
                                    

(Unicode) အပျက်အစီးအားလုံးကို ရှင်းလင်းကာ အကျဉ်းထောင်ကို သန့်ရှင်းရေးလုပ်ပြီး သည့်နောက် လူတိုင်းသည် အခြားတာဝန်များကို စတင်လုပ်ဆောင်လာကြ သည်။ ပထမဆုံးအနေဖြင့် သူတိုသည် မီးစက်များ တပ်ဆင်ကြသည်။ အကျဉ်းထောင်ဧရိယာသည် ကြီးမားလွန်းပြီး မီးစက်အသေးများဖြင့် မလုံ လောက်သောကြောင့် ရှောင်းဆာသည် နေရာတစ်ခုကို ဓာတ်အားပေးစက်ရုံ အဖြစ် ရှင်းလင်းရန် အမိန့်ပေးခဲ့သည်။ ယန်ချုံးဟွေ့သည် အစိုးရလျှပ်စစ် ဌာနတွင် အလုပ်လုပ်ဖူးသောကြောင့် ၎င်း၏အတွေ့အကြုံများသည် အသုံးဝင် လာခဲ့ပြီး လျှပ်စစ်နှင့်ပတ်သတ်သည့် ကိစ္စရပ်များကို ၎င်းထံ လက်လွှပေး ခဲ့သည်။

ရေပြဿနာနှင့်ပတ်သတ်၍ လန်ဟန်သည် အကြံပြုချက်အချိုကို တင်ပြ ခဲ့သည်။ သူသည် အရင်တုန်းက တကယ့်ကို အိမ်ခြံမြေလုပ်ငန်းရှင်တစ်ဦး ဖြစ်ခဲ့ပြီး ၎င်း၏ဝန်ထမ်းများကြားတွင်လည်း ဗိသုကာပညာရှင်တစ်ဦးရှိသည်။ ရှောင်းဆာသည် သတ္တုစွမ်းရည် အသုံးပြုသူတစ်ဦးဖြစ်သောကြောင့် ရေပိုက်များကို အသေးစား ပြုပြင်ပြောင်းလဲမှုအချို ပြုလုပ်ကာ ရေလွှတံခါး အနည်းငယ်ကို တပ်ဆင်ထားပြီး ရေပေးဝေမှုကို ကန့်သတ်ထားပါက အဆင်ပြေနိုင်သည်။

ပိုင်ကျင်းသည် ဤအရာအားလုံးကိုကြားပြီးနောက် မှတ်ချက်ပေးရန် ငြင်းဆို ခဲ့ပြီး သူ့စိတ်ထဲတွင် သက်ပြင်းသာချလိုက်မိသည်။ တကယ်ပါပဲ! ဒီလိုမျိုး အရည်အချင်းတွေက တကယ်ကို ရှားပါးလှသည်။ လန်ဟန်နှင့်သူ့အဖွဲကို တွေ့လိုက်ရတာက သူသည် တကယ်ကို ရတနာ ရှာတွေ့လိုက်မိတာပဲ။ ပြင်ပရှိ တံတိုင်းများနှင့် အိမ်များကို ကိုင်တွယ်ရန်အတွက်ပင် သူ့ကို လွှပြောင်းပေး နိုင်သည်။

ယန်ဝမ်ဟွာ၏စိတ်အခြေအနေမှာ တူညီခြင်းမရှိပေ။ သူ၏လက်အောက်ငယ် သားများနှင့် ထောက်ပံ့ရေးပစ္စည်းများဖြင့် ဒီကိုရောက်လာသည့်အချိန်မှာ ဘယ်လိုပဲဖြစ်ဖြစ် သူသည် အရေးပါသော လူအဖြစ် သတ်မှတ်ခံနေရဆဲ ဖြစ်သည်ဟု သူ တွေးမိခဲ့သည်။ သိုသော် တိုက်ပွဲများအပြင် နှိင်းယှဉ်မှုများ ပြုလုပ်ပြီးမှသာ သူ့အဖွဲတွင် အမှန်ကို ကမ်းလှမ်းစရာမရှိတော့ကြောင်း သူ သဘောပေါက်ခဲ့သည်။ တကယ်တော့ ရှောင်းဆာနောက်ကို သူ လိုက်ရသည်ဆို သည့် အဓိပ္ပာယ်သည် သူက အပေးအယူ ကြီးကြီးမားမားကို ဆုပ်ကိုင်ထားရ သည်ဟု ဆိုလိုခြင်းပင်။ အခြေစိုက်စခန်းကို သိမ်းပိုက်ခြင်းနှင့်ပတ်သက်၍ အစကတည်းက သန့်ရှင်းရေးပြုလုပ်ခြင်းမှလွဲ၍ အခြား မည်သည့်အကူအညီ မျိုးကိုမှ မပေးခဲ့ရဘူး။ အသုံးမဝင်သလိုမျိုး ပျင်းရိငြီးငွေ့ဖွယ်ကောင်းသည့် ခံစားချက်က တကယ်ပဲ သူ့အကြိုက်မဟုတ်ဘူး။

Back to the ApocalypseWhere stories live. Discover now