၆၇

522 69 3
                                    

(Unicode) အဖွဲ့သည် သူတို့၏ မြန်ဆန်လှသည့်အရှိန်ကို ထိန်းသိမ်းထားခဲ့ပြီး နေ့လည်စာအတွက် တစ်ဦးလျှင် ပေါင်မုန့်အနည်းငယ်သာ စားသောက်ခဲ့ကြသည်။ ကောင်းကင်ကြီးသည် ပို၍မှောင်မည်းလာခဲ့ပြီး စွမ်းရည်ဖွံဖြိုးခြင်းမရှိသေး သည့်လူများသည် အေးခဲတောင့်တင်းနေကြကာ ၎င်းတို၏ခန္ဓာကိုယ်များက အပြာရောင်အဖြစ်သို ပြောင်းလဲလုနီးပါးဖြစ်နေသည်ကို ရှောင်းဆာ မြင်တွေ့လိုက်ရသောအချိန်မှသာ နောက်ဆုံးတွင် အနားယူရန်အတွက် နေရာရှာရန် အမိန့်ပေးခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် သူတို့သည် ထူထပ်သောနှင်းများကြောင့် ဖုံးလွှမ်းခံလိုက်ရပြီး သိပ်မကြာခင်မှာပဲ အိမ်များကို အလွယ်တကူ ရှာဖွေတွေ့ရှိခဲ့သည်။ သူတို အဲဒီမှာနေရန်အတွက် အနည်းငယ် ရှင်းလင်းရန်သာ လိုအပ်သည်။ အနားယူရန် နေရာရှိမှန်းသိသွားသောကြောင်း လူတိုင်းသည် အားအင်အပြည့် ဖြစ်သွားခဲ့သည်။ အိမ်အတွင်းသို့ ပိုင်ကျင်းဝင်လာသည်နှင့် ပထမဦးဆုံး ပြုလုပ်သည့်အရာက မီးစက်ကို ထုတ်ယူလိုက်ခြင်းဖြစ်သည်။ လမ်းပေါ်မှာ ပြေးလွှားနေရသည်နှင့် မနေ့က ဆော့ကစားခဲ့ရခြင်းသည် တူညီခြင်းမရှိပေ။ တိုက်ခတ်လာသော လေအေးများနှင့်အတူ စွတ်ဖားလှည်းပေါ်တွင် စီးနင်းရ ခြင်းသည် လေကာမှန်ရှိသည်ဆိုသော်လည်း ဤသေးငယ်သော ဧရိယာလေးသည် နေရာအရပ်ရပ်မှ ဝင်လာသော အအေးဓာတ်များကို ဘယ်လိုလုပ် တားဆီးနိုင်မှာလဲ?

ပိုင်ကျင်းသည် မြင်းတစ်ကောင်အနေနှင့် မြက်မစားဘဲ ပြေးနိုင်ခြင်းရှိမည်မဟုတ်ဟု အခိုင်အမာ ယုံကြည်ထားသည်။ ညနေစောင်းအချိန်တွင် သူတိုသည် နွေးထွေးသော အိမ်လေးတစ်လုံး၊ စောင်ထူထူများ၊ စွပ်ပြုတ်ပူပူလေး တစ်ပန်းကန်၊ ဟင်းအချို့နှင့် ထမင်းများ ပိုင်ဆိုင်နိုင်ကြသည်။ လူတိုင်းသည် ကျေးဇူးတင်စွာဖြင့် သက်ပြင်းချလိုက်ကြပြီး အရင်တုန်းက အစာခြောက်များသာ စားခဲ့ရသည့်နေ့ရက်များကို စဉ်းစားလိုက်မိကြသည်။ သခင်ငယ်လေးကျင်း နိုးလာသည်နှင့်တပြိုင်နက် ၎င်းတိုဘဝ၏ခံစားနိုင်မှု အရည်အသွေးသည် သိသိသာသာပင် မြင့်တက်လာခဲ့ပြီး ထိုအရာကို ရိုးရှင်းစွာပင် နှိင်းယှဉ်လို့မရပေ။ လူတိုင်း၏နှလုံးသားထဲတွင် ပိုင်ကျင်းအပေါ်ထားရှိသည့် ၎င်းတို၏လေးစားမှုများသည် ထပ်မံတိုးတက်လာခဲ့သည်။

Back to the ApocalypseWaar verhalen tot leven komen. Ontdek het nu