၄၉

751 85 0
                                    

(Unicode)  "မင်း.. နိုးလာပြီ"

"မင်း... နိုးလာပြီ"

အသံနှစ်ခုသည် တစ်ချိန်တည်းပြောလာခဲ့ပေမယ့် ပိုင်ကျင်းအပေါ် ဝမ်ရွှယ်ပင်း၏ လေသံနှင့်သဘောထားသည် ရှောင်းဆာနှင့် နှိင်းယှဉ်ပါက အဖြူ၊အမည်းကဲ့သို ကွဲပြားသည်။ သူသည် ပိုင်ကျင်းကို သူ့ကယ်တင်ရှင်အား မြင်လိုက်ရသလို ကြည့်လိုက်ပြီးနောက် လုံးဝကို အဓိပ္ပါယ်မရှိသည့် အရာများအကြောင်းကို သူ စတင်ပြောဆိုခဲ့သည်။ "နိုးလာပြီဆိုရင် မြန်မြန်လေး ကူညီပေးပါ... ရှောင်မုန့်ရဲ့နယ်မြေက ဒါတွေအကုန်လုံး သိမ်းဆည်းဖို မလုံလောက်လို့"

ပိုင်ကျင်းသည် ရှောင်းဆာ၏လက်များကို ဖယ်ထုတ်ပစ်လိုက်ရင်း မေးလိုက်သည်။ "မင်းတိုတွေ လူသတ်ပြီးတော့ လုယက်နေကြတာလား?" ရှောင်မုန့်၏နယ်မြေသည် ၁၀ စတုရန်းမီတာဖြစ်သည်။ သူ့အိမ်က သိမ်းဆည်းလာတဲ့ပစ္စည်းတွေ အကုန်လုံးပေါင်းရင်တောင် ထိုနေရာကို အပြည့်မဖြည့်နိုင်ဘူး။

"ကျွန်တော်တို ဘယ်သူ့ကိုမှ မသတ်ပါဘူး.. လုယက်ရုံတင်လေးပါ" ဒီမေးခွန်းကို ရိုးရိုးသားသားဖြေရင်း ဝမ်ရွှယ်ပင်း၏ မျက်နှာအမူအယာက လေးနက်နေခဲ့သည်။

ပိုင်ကျင်း သွေးအန်မိတော့မည်။ ဒီလောက် အချိန်တွေအများကြီး ဖြုန်းတီးနေခဲ့သောကြောင့် သူ တကယ်ပဲ သူတိုကို အပိုင်းပိုင်းအစစ ဖြတ်ပစ်လိုက်ချင်ပေမယ့် ဒါက ချောင်လီ၏အကြံအစည် ဖြစ်လိမ့်မည်ဟု ရုတ်တရက် သဘောပေါက်သွားသည်။ ထိုကြောင့် သူ ဟန်ဆောင်ကာ မေးလိုက်သည်။ "ဘယ်လောက်တောင် လုယက်ခဲ့တာလဲ?"

ချင်ဟောက်၏ဦးခေါင်း မည့်သည့်နေရာမှ ထွက်ပေါ်လာမှန်းမသိ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ သူ့မျက်နှာသေးသေးလေးသည် ရှက်ရွံနေရမည့်အစား သူတို၏ ထူးထူးခြားခြား အောင်မြင်မှုတွေအတွက် အလွန်ဂုဏ်ယူနေသလိုမျိုး စိတ်လှုပ်ရှားမှုများဖြင့် တောက်ပလျက်ရှိသည်။ ထိုနောက် သူက ပြောလိုက်သည်။ "သိပ်မများပါဘူး... ကုန်တင်ကားကြီးသုံးစီးနဲ့ အပြည့်လောက်ပါပဲ"

ပိုင်ကျင်းသည် သူ့နဖူးကို သူ ပွတ်သပ်လိုက်ရင်း နှုတ်ခမ်းများက တွန့်လိမ်သွားကာ ပြတင်းပေါက်ကို ဖွင့်လိုက်ပြီးနောက် အနောက်ဘက်တွင် တကယ်ကို ကုန်တင်ကားကြီးသုံးစီး ရပ်ထားသည်ကို တွေ့လိုက်ရသည်။ ထိုအရာက ကုန်တင်ကားများအတွင်း ပစ္စည်းတွေအများကြီးကို မြန်မြန်ဆန်ဆန်နှင့် သပ်သပ်ရပ်ရပ် သိမ်းဆည်းနိုင်ပုံနှင့် ပတ်သတ်ပြီး သူ့ကို အများကြီး သိစေချင်လာခဲ့သည်။

Back to the ApocalypseWhere stories live. Discover now