(၁၄)

1.3K 181 1
                                    

[Unicode]

ကိစ္စတွေက ပိုပြီးပြင်းထန်လာတာကို တွေ့လိုက်ရတော့ ကျိုးဇီချန်း၏သူငယ်ချင်းများ ရောက်ရှိလာကြသည်။

"ဇီချန်း... ဘာတွေဖြစ်နေတာလဲ? မင်း... ဟား.. ဟား.. ဟား.." ထိုအမျိုးသားက စော်ကားမော်ကား ရယ်မောနေပြီး သူ့ခါးကိုကွေးညွတ်လျက် ဗိုက်နာရုံလောက်အထိ ရယ်မောနေခဲ့သည်။

ကျိုးဇီချန်းသည် ဒေါသထွက်သွားပြီး ပိုင်ကျင်းအား မကောင်းသော ရည်ရွယ်ချက်ဖြင့်ကြည့်လိုက်သည်။ ဝမ်ရွှယ်ပင်းသည် ၁၈၃ စင်တီမီတာရှိသည့်အရပ်ကြီးနှင့် အမြဲတမ်း ကောင်းမွန်စွာလေ့ကျင့်ထားတဲ့ ကိုယ်နေဟန်ထားဖြင့် လေ့ကျင့်ရေးပြည့်ဝနေသည့် အထူးကျွမ်းကျင်သူတစ်ဦးပုံစံဖြင့် သခင်လေး၏အရှေ့သို့ ရောက်သွားခဲ့သည်။

"မင်းတို့နှစ်ယောက်... ငါ့ရဲ့ညီအကိုက မင်းတို့ကို စိတ်မချမ်းမြေ့စရာတစ်ခုခုများ လုပ်မိလို့လား?" ထိုလူ၏အကြည့်များမှာ အေးစက်နေခဲ့သည်။ သူ့အစ်ကိုကို သူ ရယ်မောနိုင်သော်လည်း အခြားသူများက သူ့ကို အနိုင်ကျင့်၍ မရပေ။

ပိုင်ကျင်းကလည်း သူ့ကို လျစ်လျူရှုထားခဲ့ပြီး ပတ်ဝန်းကျင်ကိုသာ ကြည့်ရှုနေကာ ဝန်ဆောင်မှုညံ့ဖျင်းသည့် ဝန်ထမ်းကို ပြစ်တင်ပြောဆိုနေခဲ့သည်။ ခန်းမက ဆူညံနေပြီးတော့ သူက မလိုအပ်ပဲ ရေးကြီးခွင့်ကျယ် လုပ်နေခဲ့ပေမယ့် လုံခြုံရေးက ဒီမှာ ရောက်မလာသေးဘူး။ ထိုသို့တွေးမိပြီး စိတ်ပျက်သွားရကာ သူနဲ့ရှဲ့မင်ဟန်တို့သည် ခင်မင်ရင်းနှီးမှုအကြောင်း သိပ်ပြောစရာမရှိဘူးဆိုပေမယ့် ရှောင်းဆာအတွက် ကြည့်ရမည်ဖြစ်သည်။ သူတို့က သူ့ကို ဒုက္ခရောက်အောင်မလုပ်နိုင်ဘူး။ အမျိုးသားတစ်ဦးအတွက် စိတ်အနှောက်အယှက် ဖြစ်စရာအကောင်းဆုံးအရာကတော့ သူ့အလိုဆန္ဒကိုဆန့်ကျင်ပြီး မုဒိမ်းကျင့်ခံရခြင်းဆိုတာကို ပြောပြနေစရာတောင်မလိုဘူး။ ဒါပေမယ့် သူက သီးသန့်ခန်းထဲကို တိုက်ရိုက်ပြေးဝင်သွားလို့မရနိုင်ဘူး။ အကြောင်းပြချက်မရှိဘဲနဲ့ ရှဲ့မင်ဟန်ကို ကယ်တင်နိုင်ခြင်းအား ထုတ်ဖော်ပြလို့မရဘူး။ အဲ့ဒီလိုသာမဟုတ်ရင် သူ ဘယ်လိုလုပ်ရှင်းပြရမှာလဲ?

Back to the ApocalypseWhere stories live. Discover now