၄၁

852 102 0
                                    

[Unicode]ရှောင်းဆာသည် အခန်းထဲသို့ အလွန်ပင်ပန်းနွမ်းနယ်စွာဖြင့် ပြန်လာခဲ့သည်။ သူသည် စာအုပ်တစ်အုပ်ကို ဖတ်နေရင်း သူ့အလုပ် သူ လုပ်နေခဲ့သည့် ပိုင်ကျင်းကို တွေ့လိုက်ရသည်။ ယွီယွဲ့လည်း အခန်းထဲမှာရှိတယ်ဆိုတာကို သတိမထားလိုက်မိဘူး။

သူ ဒေါသထွက်စွာဖြင့် သက်ပြင်းချလိုက်မိသည်။ တကယ်ပါပဲ! သူ ဒီလောက်အထိ စိတ်မပျက်ခဲ့ဖူးဘူး။ ဒါပေမယ့် မှန်ကန်တဲ့ တွေးခေါ်မှုမျိုး မရှိတဲ့အတွက် သူ့ကိုယ်သူပဲ အပြစ်တင်ရလိမ့်မည်။ မူလအစီအစဉ်မှာ အရင်းနှီးဆုံး လက်အောက်ငယ်သားများနှင့်သာ တိတ်တဆိတ် ထွက်ခွာရန်ဖြစ်သည်။ ပိုင်ကျင်းက ရုတ်တရက် ပျောက်ကွယ်သွားပြီး လောင်ကျွမ်းနေတဲ့ မီးတောက်မဟာမိတ်အဖွဲ့က ပြိုကွဲသွားမယ်ဆိုတာကို ဘယ်သူက ခန့်မှန်းမိမှာလဲ? အမှန်အတိုင်းပြောရလျှင် ညီအစ်ကိုများသည် ဝမ်းသာအားရဖြင့် သူ့အနောက်လိုက်ခဲ့ကြသော်လည်း အချက်တစ်ချက်ကို သူ လျစ်လျူရှုခဲ့မိသည်။ ၎င်းတို့၏ မိသားစုဝင်များကို အဖွဲ့အတွင်း ပေါင်းထည့်လာခြင်းသည် ကိုင်တွယ်ဖြေရှင်းရန် အလွန်ရှုပ်ထွေးသော အခြေအနေ ဖြစ်စေသည်။

ထိုအချိန်တွင် သူသည် ပိုင်ကျင်းကိုရှာရန် စိတ်အားထက်သန်နေသောကြောင့် သူ့ပတ်ဝန်းကျင်ရှိလူများကို အသုံးပြုရန် လိုအပ်လာသည်။ အနည်းဆုံးတော့ သူ့ဝေစုထဲက အလုပ်ပမာဏကို လျှော့ချနိုင်မယ်လို့ ထင်ခဲ့သည်။ ဒါပေမယ့် အခုချိန်မှာ လူတွေက တကယ် ပျင်းရိမနေကြဘူး။ ပိုလို့တောင် ကြင်နာတက်တဲ့ နှလုံးသားမရှိကြဘူးဆိုတာကို သူ သဘောပေါက်သွားသည်။ ပိုင်ကျင်း၏ ပျောက်ဆုံးသွားမှုနှင့် ကမ္ဘာပျက်ကပ် ရုတ်တရက် ဖြစ်ပွားမှုတွေက တစ်ခုပြီးတစ်ခု ဖြစ်လာခဲ့တာကြောင့် သူ့အစီအစဉ်တွေအကုန်လုံး ဖရိုဖရဲဖြစ်ကုန်သည်။

ပြောရမယ်ဆိုရင် သူ့ပတ်ဝန်းကျင်မှာ မလိုအပ်တဲ့ အမှိုက်တွေကို မလိုချင်တော့တဲ့အတွက် ဒီရလဒ်က ကောင်းမွန်သည်။ ဤတစ်ကြိမ်မှာတော့ သူသည် လူကောင်းတစ်ယောက် ဖြစ်လိမ့်မည်။ နောက်တစ်ကြိမ်ကျရင်တော့ အနောက်အရပ်ကို ပို့ဆောင်ပေးလိုက်မည်ဖြစ်သည်။ သူ့အနောက်ကို လိုလိုလားလား လိုက်ခဲ့ကြသည့် ညီအကိုများအတွက် ဆုတချို့ချီးမြှင့်ခြင်းလို့ သတ်မှတ်နိုင်သည်။ သူသည် ဘယ်လိုအခြေအနေမျိုးမှာမှ သစ္စာဖောက်ခြင်းကို ဘယ်တော့မှ လက်ခံမည်မဟုတ်သောကြောင့် ဤနေရာမှာပဲ နှုတ်ဆက်ခဲ့သည်။ ရှောင်းဆာ ၏ မျက်လုံးများသည် အေးစက်သော အလင်းရောင်များဖြင့် တောက်ပလာခဲ့သည်။

Back to the ApocalypseWhere stories live. Discover now