၃၂

1.1K 159 1
                                    

[Unicode]ရှောင်းဆာ၏အသံက တိုးသွားကာ တိတ်ဆိတ်သွားသလို ဆိုဖာသည် ပျက်စီးမှုမရှိဘဲ အခန်းထဲ၌ ပြန်ပေါ်လာခဲ့သည်။

ပိုင်ကျင်း၏မျက်လုံးများက ပမာမခန့်ပြုမူခြင်းများဖြင့် တောက်ပလျက်ရှိနေပြီး အရင်တုန်းက သူ့ရဲ့ တုန်လှုပ်ခြောက်ခြားမှုတွေက အခု လုံးဝ‌ ပျောက်ကွယ်သွားခဲ့သည်။ သူ့ပါးပြင်ပေါ်တွင် အသွေးအရောင်တွေ ပြန်လည်ဖြစ်ပေါ်လာခဲ့သည်။

သူ့အရှေ့မှာရှိတဲ့ ရှောင်းဆာ၏မျက်နှာသည် ပုံမှန်အတိုင်း ဘာခံစားချက်မှမရှိတာကနေ အနည်းငယ်သာ ထွက်ပေါ်လာခဲ့ပေမယ့် သူ့စိတ်ထဲမှာတော့ ပျော်ရွှင်သလို ခံစားလိုက်ရသည်။ ပထမတော့ သူ ထိတ်လန့်သွားခဲ့သည်။ ဒါပေမယ့် အရင်တုန်းက သူ့အတွေးများသည် ပရမ်းပတာဖြစ်ကုန်ကာ ပိုင်ကျင်း၏မျက်နှာကို မြင်လိုက်ရချိန်တွင် ချက်ချင်းဆိုသလို ငြိမ်သက်သွားခဲ့သည်။

"ဒီတစ်ကြိမ်မှာရော... မင်း ငါ့ကို ယုံလား"

ပိုင်ကျင်းသည် ယခုအချိန်တွင် စိတ်ဓာတ်တက်ကြွနေတာကြောင့် သူ၏မျက်လုံးများက တောက်ပနေပြီး ဂုဏ်ယူနေသောဒေါင်းတစ်ကောင်ကဲ့သို့ ပြုမူလျက်ရှိသည်။

ရှောင်းဆာသည် လူငယ်လေးက သူ့ကိုယ်သူ ဒီလိုမျိုးပြုလုပ်နေတာကို မြင်နေရခြင်းအား သဘောကျပေမယ့် ထိုအချိန်တွင် ထိုမြင်ကွင်းကို အမှန်တကယ် သဘောကျဖို့အတွက်ကတော့ သူ့နှလုံးသားထဲမှာ သံသယများဖြင့် လောင်မြိုက်နေခဲ့သည်။ ဒါပေမယ့် တကယ်တော့  သူ့ကို ဘယ်သူက အပြစ်တင်နိုင်မှာလဲ။ ဒီလိုဇာတ်လမ်းမျိုးကို ကြားတဲ့သူတိုင်းက တစ်ထောင့်တစ်ည ပုံပြင်တွေကလာတယ်လို့ တွေးမိကြမှာပဲ။

ဆက်လက်စဉ်းစားနေရင်း ရှောင်းဆာက ရိုးသားစွာ မေးလိုက်သည်။

"ကိုယ်မြင်လိုက်တာကို ကိုယ်သိတာကြောင့် ဒါကို မှားတယ်လို့မယူဆပါဘူး... ဒါပေမယ့် ကမ္ဘာပျက်ကပ်က ဘယ်လိုဖြစ်လာမယ်ဆိုတာကို ဒါက မရှင်းပြနိုင်ဘူးလေ"

ရှောင်းဆာ၏စကားလုံးများက ထင်ရှားပြတ်သားနေပေမယ့် ပိုင်ကျင်းက ဂရုမစိုက်ဘူး။ သူက ဒီအသေးစိတ်အချက်အလက်ကို ထည့်သွင်းစဉ်းစားနေတာဟာ ထပ်ပြီး ဟာသမလုပ်နေတော့ကြောင်း သက်သေပြနေခဲ့သည်။

Back to the ApocalypseWhere stories live. Discover now