၈၃

326 41 1
                                    

(Unicode) "ဒီလူအုပ်စုက လမ်းကိုပိတ်ပြီး လုယက်ဖို့ကြိုးစားနေတယ်... သူတိုက မင်းတို့ဆီကလို့ ပြောတယ်" ပိုင်ကျင်း၏အမူအရာက အေးစက်ခြင်းသို့ ပြောင်းလဲသွားကာ ချက်ချင်းပင် ပြောလိုက်သည်။ ရှောင်းဆာလောက်တော့ သူ့မှ အရည်အချင်းအများကြီး မရှိပေ။ မည်သိုပင်ဆိုစေကာမူ၊ သူသည် အမြဲတမ်း ဒေါသကြီးသူဖြစ်ကာ သူတိုရှေ့မှလူက ဘာပြောသလဲဆိုတာကို သူ တကယ် မြင်ချင်မိသည်။

ချူရီသည် ဓားပြများကို သေချာစွာကြည့်လိုက်ပြီး သူ၏မျက်လုံးများတွင် ခြိမ်းခြောက်မှုများ ပေါ်လွင်လျက်ရှိသည်။ သူသည် ပိုင်ကျင်းဘက်ကိုလှည့်၍ ပြန်ဖြေလိုက်သည်။ "သူတိုကိုကြည့်ရတာ နည်းနည်းရင်းနှီးတဲ့ပုံရပေမယ့်... ကျွန်တော် သူတိုကို မမှတ်မိဘူး... တစ်ချိုလူတွေက ကျွန်တော်တိုရဲ့ အခြေ စိုက်စခန်းကနေ ထွက်သွားကြတယ်... ဟုတ်သားပဲ... မနေ့တုန်းက အဖွဲတစ်ဖွဲက ကျင်းဆာမြိုကိုသွားတယ်လို ကျွန်တော် ကြားလိုက်သေး တယ်... စကားမစပ်.. မင်းတိုက ဘယ်ကလာတာလဲ? သူတိုနဲ့ မင်း ဘယ်လိုလုပ်တွေ့ခဲ့တာလဲ? ကျင်းဆာမြိုအနီးတစ်ဝိုက်နေရာက အတော်လေး လုံခြုံတယ်ဆိုတာ ကျွန်တော် ကောင်းကောင်းသိတယ်... ကျွန်တော်တိုကို တောင်မှ အကျိုးပြုနိုင်ခဲ့သေးတယ်"

ပိုင်ကျင်းသည် ရယ်ချင်စိတ်နှင့်ပင် ဒေါသထွက်လျက်ရှိသည်။ ၎င်း၏စကား များကို နားထောင်ကြည့်မည်ဆိုပါက ကျင်းဆာမြိုကို ချီးကျူးရန် အခွင့်အရေး ယူခဲ့သည့်အပြင် သူတို၏ဇာစ်မြစ်အကြောင်းကိုလည်း ကွေ့ဝိုက်၍ မေးမြန်း ခဲ့သည်။ ဒီနေရာမှာ သူ ရန်ပွဲအကြီးကြီး ပြုလုပ်ချင်နေခဲ့သည်။ သူသည် ဤတရားခံပြေးအုပ်စုကို ကျင်းဆာမြို၏ စီမံခန့်ခွဲမှုနယ်မြေအပြင်ဘက်ကို မောင်းထုတ်ချင်ရုံသာမကဘဲ ၎င်းတို၏ခေါင်းဆောင်ကို သေသည်အထိ ရိုက်နှက်နေသည့်အချိန်တွင် ရိက္ခာအားလုံးကို လျော်ကြေးအဖြစ်ပေးရန် အတွက်လည်း တောင်းဆိုချင်ခဲ့သည်။ သူတို၏နယ်မြေအတွင်းမှာ ၎င်းတိုသည် စမ်းတဝါးဝါးဖြင့် ခိုးစားလိုနေကြသည်။ ၎င်းတိုသည် တကယ်ကို အသက်မရှင်ချင်ကြဘူးပဲ။ သူတိုရောက်လာသည်နှင့် သန့်ရှင်းရေးပြုလုပ်ပြီး သွားပြီဆိုတာကို ဘယ်သူက သိနိုင်မှာလဲ? ၎င်းတို၏ကြွယ်ဝမှုအတွက် ၎င်းတို ကို သတ်ပစ်ချင်သော်လည်း အာကာသစွမ်းရည်အသုံးပြုသူသည် မည်သူ ဆိုတာ မသိနိုင်သလို လူတိုင်းကို သတ်ပစ်လိုက်ရင်တောင် ဘာတစ်ခုကိုမှ ရယူနိုင်မှာမဟုတ်ဘူး။

Back to the ApocalypseOnde histórias criam vida. Descubra agora