57

583 73 1
                                    

(Unicode) တစ်ချိုလူတွေက သူတိုကို ဆန့်ကျင်ဖို ကြံစည်နေပြီဆိုမှတော့ အရာအားလုံးက ဒီလောက်နဲ့ပဲ ပြီးသွားမှာမဟုတ်ဘူးလို ပိုင်ကျင်း ယုံကြည်ခဲ့သည်။ ၎င်းတိုက သေချာပေါက် နောက်ထပ်တစ်ခု ထပ်လုပ်ကြမှာပဲ။ လက်ရှိအချိန်မှာတော့ ရန်သူက အမှောင်ထဲမှာ ရှိနေပြီး သူတို လွတ်မြောက်သွားရင်တောင် တခြားသူများ၏ စောင့်ကြည့်ခြင်းကို ခံနေရသည်။ တကယ်လို သူတိုသာ ထိုစိတ်စွမ်းရည်ပိုင်ရှင်နှင့် ရင်မဆိုင်ခဲ့ရဘူးဆိုရင် သူတိုအနေဖြင့် ဘေးကင်းရေးကို မေ့သွားနိုင်သည်။

"မင်းတို အရင်သွားနှင့်ကြ... ငါ နောက်မှ လိုက်လာခဲ့မယ်" သူ့နောက်က မီးပင်လယ်ကိုကြည့်ရင်း ပိုင်ကျင်း၏မျက်လုံးတွေက အေးစက်နေပြီး ရက်စက်ကြမ်းကြုတ်သည့် အလင်းတန်းတစ်ခုက သူ့မျက်လုံးများအတွင်း ဖြတ်သန်းသွားသည်။ အဆင့်တစ် ဖုတ်ကောင်တွေက သူတိုကိုယ်သူတို သူ့တံခါးဝရှေ့ထိရောက်အောင် လာပိုပေးမှတော့ အမြုတေတွေအကုန်လုံးကို သေချာပေါက် သူ ရအောင်လုပ်ရမည်။

"အဓိပ္ပာယ်မရှိတာတွေ" ရှောင်းဆာ၏မျက်နှာသည် မည်းမှောင်နေပြီး ဤလူသည် ဆန္ဒမရှိကြောင်း သူ သိသည်။ သူသည် ပိုင်ကျင်း၏လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး "သွားကြရအောင်"

"ကျွန်တော့်ကို လွှတ်" ပိုင်ကျင်းသည် စိတ်မပျော်စွာဖြင့် မျက်မှောင်ကြုတ်လိုက်သည်။ သူသည် ရှောင်းဆာ၏ မတရား အာဏာပြခြင်းအား အတော်လေး သဘောမကျသော်လည်း သူ ဒေါသမထွက်နိုင်တာကို တွေ့လိုက်ရသည်။ အကူအညီမဲ့စွာဖြင့် သူက "ကျွန်တော် ပြောတာကို နားထောင်ပါ"

"မင်း ဘာပြောပြော... ကိုယ် ခွင့်မပြုဘူး" ရှောင်းဆာ၏မျက်နှာသည် တင်းမာနေသည်။ ဆွေးနွေးရန် နေရာမရှိပေ။

ဤတစ်ကြိမ်တွင် သူသာမကပဲ ဝမ်ရွှယ်ပင်းနှင့် ချောင်လီတိုလည်း လက်မခံခဲ့ဘူး။ ချောင်လီက တိုက်ရိုက်ပဲ ပြောလိုက်သည်။ "ကျွန်တော်တို အနာဂတ်မှာ အမြုတေတွေ ရနိုင်ပါသေးတယ်... ဒါပေမယ့် အခုတော့ ကျွန်တော်တို ချက်ချင်း ထွက်သွားရလိမ့်မယ်... နောက်ပိုင်းကျရင် မင်း ကြိုက်သလို ကစားနိုင်ဖိုအတွက် ဖုတ်ကောင်တွေ အများကြီး ရှိလာလိမ့်မယ်"

Back to the ApocalypseDove le storie prendono vita. Scoprilo ora