၄၀

878 108 0
                                    

[Unicode]ကားဂိုဒေါင်သို့သွားသည့် လမ်းခရီးတလျောက် တိတ်ဆိတ်မှုများဖြင့် ပြည့်နှက်လို့နေသည်။ အပျက်အစီးများ၊ တိုက်ပွဲလက္ခဏာရပ်များနှင့် ခြောက်သွေ့နေသောသွေးကွက်များကို သူတို့ဖြတ်သန်းလာခဲ့သည့် နေရာတိုင်းမှာ တွေ့မြင်ခဲ့ရသည်။ ကမ္ဘာပျက်ကပ်သည် စတင်နေခဲ့ပြီဖြစ်တာကြောင့် ဤနေရာတွင် ဘယ်လိုမျိုး ဆိုးရွားသည့်တိုက်ပွဲများ ဖြစ်ခဲ့လဲဆိုတာအား ခန့်မှန်းနိုင်ဖို့အတွက် ခက်ခဲမှုမရှိပေ။

ကားပေါ်မှ ဆင်းလာခဲ့ပြီးနောက် ပိုင်ကျင်းသည် အခွင့်အရေးကိုယူ၍ ပတ်ဝန်းကျင်သို့ လှည့်ပတ်ကြည့်ရှုခဲ့သည်။ သူ၏ ကျွမ်းကျင်မှုသည် အလွန်လျင်မြန်လွန်းသဖြင့် သူ့ပတ်ဝန်းကျင်မှ လူများက အရာဝတ္ထုများ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကိုသာ သတိပြုမိကြပြီး ၎င်းတို့ မသိလိုက်ခင်မှာပဲ ကားဂိုဒေါင်သည် ကားပါကင်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ကားအနည်းအကျဉ်းမှလွဲ၍ မျက်စိနှင့်မြင်နိုင်သော တခြားဘာအရာမှ မရှိတော့ဘူး။

လျူဝေက ပြောစရာစကား မရှိတော့သည်အထိ အံ့အားသင့်သွားခဲ့သည်။ "အဲ့ဒီနယ်မြေက ဘယ်လောက်အထိ ဆန့်တာလဲ?"

ပိုင်ကျင်း မျက်ခုံးပင့်လိုက်သည်။ ကားအသစ်များကို ရွေးချယ်ပြီးသည့်နောက် ကျန်ကားများကို သူတို့နှင့်ပါလာသည့် ကားများနှင့်အတူ သူ့နယ်မြေအတွင်းသို့ တိုက်ရိုက်ထည့်သွင်းလိုက်ကာ ပျင်းရိစွာ ပြောလိုက်သည်။ "သိပ်မများပါဘူး... အခု ဒါတွေထည့်ပြီးသွားရင် 180 စတုရန်းမီတာပဲ ကျန်တော့တယ်"

လီရိသည် အိပ်ခန်းလေးခန်းနှင့် ဧည့်ခန်းနှစ်ခန်းပါဝင်ပြီး 180 စတုရန်းမီတာကျယ်သော တိုက်ခန်းဖြစ်သည့် သူ့ကိုယ်ပိုင်အိမ်အကြောင်းတွေးရင်း သူ့နှုတ်ခမ်းများကို လျှာဖြင့်သပ်လိုက်မိသည်။ ပိုင်ကျင်း၏နယ်မြေက အဲ့ဒီထက်တောင် ပိုမိုကျယ်ဝန်းသည်။ ဒီစွမ်းရည်က အမှန်တကယ်ကို သိပ်ကောင်းလွန်းသည်ဟု ပြောရမည်ဖြစ်သည်။

ပိုင်ကျင်းသည် ၎င်းတို့၏ အမူအယာအား တွေ့မြင်ခဲ့ရပေမယ့် ဘာမှမတုံ့ပြန်ခဲ့ဘူး။ ကမ္ဘာပျက်ကပ်၏ အစောပိုင်းကာလများတွင် လျှို့ဝှက်နယ်မြေပိုင်ဆိုင်သည့် စွမ်းရည်ရှိသူများသည် ချို၍မွှေးကြိုင်သော သစ်သီးများကဲ့သို့ ဖြစ်နေခဲ့ကြောင်းကို သူ ကောင်းစွာ သိရှိထားပြီးဖြစ်သည်။ သူ့နယ်မြေ၏ အရွယ်အစားအကြောင်း သူ ပြောပြလိုက်ရသည့် ရည်ရွယ်ချက်က သူ့နေရာသည် အတော်လေး ကျယ်ဝန်းသည်ဟု လူတိုင်းကို ကြိုတင် သိရှိထားစေရန်ဖြစ်သည်။ ထို့ကြောင့် နောက်ပိုင်းတွင် သူ့နယ်မြေအတွင်းသို့ ဘာပဲထည့်သည်ဖြစ်စေ၊ ဘယ်သူကမှ သံသယရှိမှာ မဟုတ်တော့ဘူး။

Back to the ApocalypseDonde viven las historias. Descúbrelo ahora