(၁၁)

1.3K 172 1
                                    

[Unicode]

တခြားနေရာများကို လုံးဝမသွားတော့ဘဲ ပိုင်ကျင်းသည် ဟိုတယ်သို့ တိုက်ရိုက်ပြန်လာခဲ့သည်။ ဖျင်ရှန်းခရိုင်သည် မြို့ငယ်လေးတစ်ခုဖြစ်ပြီး လယ်သမားဈေးမှာ သူ့ကိုယ်သူ ထုတ်ဖော်ပြသထားပြီးဖြစ်ရာ ထိုနေရာသို့ ထပ်မံသွားရောက်ကာ တစ်ခုခုဝယ်ဖို့အတွက်က အဆင်မပြေတော့ဘူး။ ထို့နောက် စားစရာမှလွဲ၍ တခြားမြို့လေးတွေမှာ ဘာဝယ်စရာမှမရှိတော့ဘူး။ သူ ဒီနေ့ ပြန်လည်ထွက်ခွာဖို့ကို ဝမ်ရွှယ်ပင်းနှင့်‌ချောင်လီကို ပြောထားခဲ့ပြီးတော့ ဝမ်ရွှယ်ပင်း၏ အခန်းတံခါးကို လှမ်းကြည့်မိလိုက်တဲ့အချိန်မှာ ရုတ်တရက် ရပ်တန့်သွားခဲ့သည်။

ပိုင်ကျင်း၏မျက်နှာသည် ချက်ချင်းပင် နီရဲလာသည်။

သူသည် ဝမ်ရွှယ်ပင်း၏ သဘာဝကျကျ ပြောနေသောစကားများကို ကြားလိုက်ရ၏။ "မရဘူး... ငါသဘောမတူဘူး...  သခင်လေး သိသွားရင် ဘယ်လိုလုပ်မလဲ”

"စိတ်ချထားပါ... သူ မသိပါဘူး... သူ့ကို ဂရုမစိုက်နဲ့.. မင်း ကိုယ်ပြောတာကို နားထောင်ဖို့ပဲလိုတယ်"

"ဒါပေမယ့် မဖြစ်သေးပါဘူး.. သခင်လေးက မကြာခင် ပြန်လာတော့မှာ"

"သူက ဒီလောက် စောစောပြန်မလာတက်ပါဘူး... သူက အမြဲတမ်းလည်ပတ်နေပြီး ညဘက်မှ ပြန်လာလိမ့်မယ်"

"ငါ့ကို အရင်စဉ်းစားခွင့်ပေးဦး... သခင်လေး သိသွားမှာကို ငါကြောက်တယ်"

"ကိုယ်တို့ အကြိမ်ကြိမ် ဒီလိုလုပ်ခဲ့ပေမယ့် သခင်လေးက မသိဘူးလေ... အေးဆေးပါ.. တကယ့်ကို..."

"ဘန်း!" ပိုင်ကျင်းသည် တံခါးကို ကန်၍ဖွင့်လိုက်တယ်။ အလွန်ဆိုးရွားစွာ ဒေါသထွက်နေခဲ့သဖြင့် ဘယ်လောက်ထိများပြားလှတဲ့ခွန်အားတွေကို သူ အသုံးပြုမိလဲဆိုတာ မသိခဲ့ဘူး။ ဝမ်ရွှယ်ပင်းတောင်မှ သူ့ကို သစ္စာဖောက်လိမ့်မယ်လို့ မမျှော်လင့်ထားဘူး။ ချောင်လီက ဘေးဆိုးတစ်ခုပဲ။ သူ့ရဲ့ သန်မာတဲ့စိတ်စွမ်းအားကြောင့် သူတို့ရဲ့စကားတွေကို ကြားခဲ့ရတာကြောင့်သာမဟုတ်ရင် သူ ဘယ်အချိန်ထိ လှည့်စားခံနေရမှာလဲ?

ဒေါသတကြီးဖြင့် အခန်းတံခါးကိုဖြတ်၍ ဝင်သွားပြီးတဲ့အချိန်မှာ သူ့တကိုယ်လုံး တောင့်တင်းသွားခဲ့သည်။ သူ့အမူအရာက ဗလာဖြစ်ပြီး အံသြသွားသလိုမျိုး အခန်းထဲရှိ လူနှစ်ဦးမှာလည်း အံ့ဩသွားခဲ့သည်။

Back to the ApocalypseWhere stories live. Discover now