(၇)

1.4K 176 3
                                    

[Unicode]

" ဒေါက်တာဟယ် ပြောတဲ့သူက သူ့တကိုယ်လုံး သွေးတွေရွှဲနစ်နေတဲ့လူ ဟိုလူဖြစ်လိမ့်မယ်... သခင်လေးပဲ ပြောခဲ့တယ်လေ... ဒီလူက အသက်ရှင်နေသေးဖို့ ကံကောင်းတဲ့လူပဲလို့... ဒဏ်ရာတွေ ရထားတာတောင် အခုထိ မသေသေးဘူးပေါ့..." ဝမ်ရွှယ်ပင်းက သတိရသွားပြီး ပိုင်ကျင်းကို ရှင်းပြလိုက်သည်။

ပိုင်ကျင်း ခဏလောက် အံ့ဩသွားတယ်။ အဲ့ဒီလိုဖြစ်ခဲ့တာကို သူ ရုတ်တရက် သတိရသွားတယ်။ ဒါပေမယ့် ထိုသူ့အတွက် စိတ်မပူခဲ့ဘူး။ သေချာတာပေါ့... အခုတောင်မှ ထိုလူကို ဂရုမစိုက်နိုင်ဘူး။ ဒါက လမ်းကြုံတဲ့ သနားကြင်နာမှုသက်သက်ပဲ။ အဲ့ဒီလူကို ကံကောင်းတယ်လို့ သတ်မှတ်လို့ရတယ်။ သူ မှတ်မိတာသာမှန်ရင် သူ့တကိုယ်လုံးသွေးတွေနစ်နေပြီး သူ့ကားနားမှာ လဲကျသွားတဲ့သူပဲ ဖြစ်ရမယ်။ ဘယ်လောက်တောင်များလဲဆိုရင် သူ့ပုံစံကိုတောင် သေချာမမြင်ရတော့ဘူး။ သူ ပြဿနာတက်မှာကြောက်တာကြောင့် စိတ်အားထက်သန်စွာနဲ့ပဲ ထိုလူကို ကယ်တင်ခဲ့သည်။

ဟယ်ယုံးက ပိုင်ကျင်း မှတ်မိသွားတာကို သိလိုက်ပြီး သူ့မျက်နှာက အပြုံးလေးနဲ့ ခေါင်းညိတ်လိုက်ရင်း ရယ်မောကာ " တကယ်ကို ကံကောင်းသွားတာ... အဲ့ဒီလူက ဆေးမိထားတဲ့အပြင် ဒဏ်ရာ ၈ ချက် ရထားပြီး သူ့တကိုယ်လုံး သွေးတွေရွှဲနေတာ... အချက်၃၀ကျော်တောင် ချုပ်ရတယ်... နောက်ညကျတော့ နိုးလာပြီး သူ့ကယ်တင်ရှင်ဖြစ်တဲ့ မစ္စတာကျင်းကို သူ့စိတ်ထဲစွဲနေတယ်။

ပိုင်ကျင်းက သူ့ကိုကြည့်နေပြီး စကားမပြောတာကို ဟယ်ယုံး သတိထားမိလိုက်သည်။ နည်းနည်းတော့ စိတ်မကောင်းဖြစ်သွားပြီး ဒါက အောင်မြင်တဲ့ စကားလမ်းကြောင်းမဟုတ်ဘူးလို့ တွေးမိလိုက်တယ်။ ဒုတိယအကြိမ်မြောက် ဖိတ်ခေါ်ချက်အဖြစ် " မစ္စတာကျင်း အခုထိ မစားရသေးဘူးမလား... ကျွန်တော်တို့ အတူတူ စားကြမလား "

ပိုင်ကျင်း ပထမတုန်းက ငြင်းပယ်ချင်ခဲ့သည်။ သူ့အရိုးတွေထဲမှာတောင် ဉာဏ်နီဉာဏ်နက်တွေ ပြည့်နေတဲ့ဒီလူနဲ့ သူ တကယ်ကို မပတ်သက်ချင်ဘူး။ ဒါပေမယ့် ဒုတိယအတွေးကတော့ ဟယ်ယုံးက ဆရာဝန်တစ်ယောက်ဖြစ်ပြီး ကိုယ်ပိုင်ဆေးခန်းလည်း ရှိတယ်။ သူ့ဆီကနေ များပြားလှတဲ့ ဆေးဘက်ဆိုင်ရာ အထောက်အပံ့တွေ ရရှိနိုင်သည်။ ဟယ်ယုံးက သူလိုချင်တာကို တောင်းဆိုမယ်ဆိုရင်တော့ ပြဿနာဖြစ်မှာက သူ့အဖေပဲ။ သူ ဖြစ်မှာမဟုတ်ဘူး။ ထပ်စဉ်းစားကြည့်ပြီးတော့ ထမင်းအတူစားဖို့ သူ သဘောတူလိုက်သည်။ သူ အသုံးမပြုနိုင်တဲ့ ဆက်ဆံရေးတွေကို သူ ဘယ်တော့မှ ပေါင်းထည့်မှာမဟုတ်ဘူး။

Back to the ApocalypseWhere stories live. Discover now