၇၃

396 59 0
                                    

(Unicode) ချောင်လီနှင့်ဝမ်ရွှယ်ပင်းတို့သည် စကားအများကြီး မပြောတော့ဘူး။ ရဲဘော်ရဲဘက်များ၏ ရွေးချယ်မှုဖြစ်သောကြောင့် သူတို့ လေးစားရုံသာတက်နိုင်သည်။ ဘယ်လိုပဲဖြစ်ဖြစ် အနာဂတ်တွင် တစ်ယောက်နှင့်တစ်ယောက် ပို၍ ဂရုစိုက်ကြပေလိမ့်မည်။

ခဏအကြာတွင် စားစရာများအားလုံး ရောက်ရှိလာခဲ့သည်။ ဒီလိုအစားအစာမျိုး မစားရတာ အတော်ကြာပြီဖြစ်သောကြောင့် လူတစ်စုသည် ဝံပုလွေများလို စားသောက်ရင်း စကားပြောနေကြသည်။ လေထုသည် မထင်မှတ်ထားလောက်အောင် သက်တောင့်သက်သာ ဖြစ်သွားခဲ့သည်။

စားစရာ၊သောက်စရာများ လုံလောက်စွာ ရရှိပြီးသည့်နောက် ကျန်းပေါင်ချန်သည် နောက်ဆုံးတွင် မေးလိုက်သည်။ "မင်း ဘာလုပ်ဖိုစီစဉ်ထားလဲ? လိုအပ်တာရှိရင် ပြောလို့ရပါတယ်"

ရှောင်းဆာသည် ခေါင်းညိတ်လိုက်ပြီး ထိန်ချန်ထားခဲ့ခြင်းမရှိပေ။ "လက်ရှိ စခန်းမှာ လူ အရမ်းနည်းလွန်းနေတယ်... ကင်းလှည့်အဖွဲမှာ ပါဝင်ပေးနိုင်မယ် လို မျှော်လင့်ပါတယ်... တစ်ရက်ကို ၈ နာရီ ကင်းလှည့်ရမယ်... အမှတ် ၂၀ ရလိမ့်မယ်"

"အမှတ်တွေ?" ကျန်းပေါင်ချန် အံ့ဩသွားသည်။

ဝမ်ရွှယ်ပင်းသည် ပြုံးကာ ရှင်းပြလိုက်သည်။ "ဒါက အခြေစိုက်စခန်းရဲ့ စည်းကမ်းနဲ့ သတ်မှတ်ချက်တစ်ချို့ပဲ... အမှတ်တွေက အခြေခံငွေကြေးတွေဖြစ်ပြီး တော့ အိမ်ရာ၊ အစားအစာနဲ့ လဲလှယ်လို့ရတယ်... ရေနဲ့လျှပ်စစ်အတွက် အချိန်ပိုကိုလည်း လဲလှယ်လို့ရတယ်.. စားသောက်ဆိုင်မှာ စားချင်တာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ဘားတွေမှာ သွားစားချင်တာပဲဖြစ်ဖြစ် အမှတ်တွေကို အသုံးပြုလို့ရတယ်... အခြေစိုက်စခန်းနဲ့ သက်ဆိုင်နေတဲ့ အရာတွေဖြစ်နေသရွေ့ အဲဒါကို လဲလှယ်ဖို အမှတ်တွေကို သုံးလို့ရတယ်"

ကျန်းပေါင်ချန်၏အမူအရာသည် သူ၏နားလည်သွားမှုကို ဖော်ပြနေပြီး သူ၏စိတ်ထဲတွင် ကျေးဇူးတင်မှုကို ခံစားနေရကာ ထိုအရာသည် ရှောင်းဆာအနေဖြင့် ၎င်းကို အထူးအလေးထားမှုတစ်ချို့ ပြသနေသည်ဟု ယုံကြည်ထား သည်။ ၎င်းတိုသည် အခုမှ ရောက်ရှိလာသူများဖြစ်ပြီး သဘာဝကျစွာပင် ၎င်းတို ၏လက်ထဲ၌ ရိက္ခာများစွာမရှိပေ။ အခုတော့ သူတို့လိုလူများအတွက် အလုပ်ရှာရန် နည်းလမ်းရှိပြီဖြစ်သည်။ သူ အလျင်အမြန် သဘောတူလိုက်သည်။ "ကောင်းပြီ... ဘောစ့်ရှောင်း စိတ်ချထားလိ့ ရပါတယ်... ငါ့လက်အောက်ငယ်သားတွေက မင်းရဲ့သဘောထားအတိုင်း လုပ်ပါ့မယ်"

Back to the ApocalypseWhere stories live. Discover now