၇၇

384 50 0
                                    

(Unicode) ထိုဖြစ်ရပ်ပြီးဆုံးသွားပြီးသည့်နောက် နောက်လိုက်နောက်ပါများသည် ပိုမို ရိုးသားလာကြသည်။ ထူးဆန်းသည်မှာ ၎င်းတိုသည် စစ်တပ်နှင့် ပူးပေါင်း လုပ်ဆောင်လာကြကာ နားလည်မှုတစ်ခုကို တိတ်ဆိတ်စွာ တီထွင်ခဲ့ကြသည်။ ရှောင်းဆာနှင့် အခြားသူများသည် ရဲရင့်သည့် နယ်မြေသစ်ရှာဖွေသူများ ဖြစ်ကြသော်လည်း အဆုံးသတ်မှာတော့ ထိုနေရာနှင့် ရင်းနှီးခြင်းမရှိကြပေ။ ပထမဆုံးလူသည် စိတ်လှုပ်ရှားစွာဖြင့် မတ်တပ်ရပ်လိုက်ပြီး အနီးအနားရှိ ဂိုဒေါင်တစ်ခုကို သူ သိကြောင်း အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလာခဲ့သောအခါ တွင် ရှောင်းဆာသည် သဘောထားကြီးစွာဖြင့် လက်ကိုဝှေ့ယမ်းကာ လမ်းပြ ခိုင်းလိုက်သည်။ ထိုနောက် သူသည် ပစ္စည်းများကို ၈:၂ ဖြင့် ခွဲဝေလိုက်သည်။ ယခုအခါ ထုံးတမ်းစဉ်လာတစ်ခု သတ်မှတ်လိုက်သောကြောင့် လူအများသည် ပူးပေါင်းပါဝင်လာကြသည်။ သာမန်ပြည်သူလူထုသည် စိတ်အားထက်သန် လာကာ တစ်ချက်ကြည့်လိုက်ရုံဖြင့် အားလုံးသည် သဟဇာတဖြစ်အောင် လုပ်ဆောင်နေကြသည့်ပုံရသည်။ သဘာဝဘေးအန္တရာယ်ကို ကိုင်တွယ် ဖြေရှင်းရန် ပြည်သူများ လက်တွဲလုပ်ဆောင်ခဲ့ကြသည့် ကမ္ဘာပျက်ကပ်မတိုင် မီအချိန်သို ပြန်ရောက်သွားသည့်ပုံရသည်။

ဒီလိုမျိုးအပြောင်းအလဲများကို ကြုံတွေ့လာရသောအခါ စစ်သားများအားလုံး သည် အဆင်မပြေသော အနေအထားတွင် ရှိနေခဲ့သည်။ တစ်ချို ပျော်ရွှင်နေကြချိန်တွင် တစ်ချိုသည် ပြောစရာစကားမရှိတော့သလို ခံစားနေ ရသည်။ တိုတိုပြောရမည်ဆိုပါက ၎င်းတို၏ခံစားချက်များ ရှုပ်ထွေးနေခဲ့သည်။ လူကောင်းတွေအပေါ်မှာ အခွင့်အရေးယူလို ဖြစ်ပါ့မလား? အခုချိန်မှာ အရပ်သားတွေ ဘယ်လောက်တောင်မှ ပူးပေါင်းနေသလဲဆိုတာ မြင်လိုက်ရ တော့ ထိုပြည်သူများသည် အားနည်းသူကိုအနိုင်ကျင့်ပြီး အားကြီးသူကို ကြောက်ရွံတက်သည့် အမျိုးအစားဟု စောစောက သိခဲ့မည်ဆိုပါက လွန်ခဲ့ သည့် ရက်အနည်းငယ်က ၎င်းတို၏ ဟာသလုပ်ရပ်များကို သည်းခံနိုင်ရန် အတွက် သူတို ဒီလောက်အထိ ကြိုးစားခဲ့မိမှာမဟုတ်ဘူး။

ကျန်ရှိနေသောခရီးသည် ပို၍ချောမွေ့စွာ ဖြတ်သန်းနိုင်ခဲ့သည်။ ၎င်းတိုသည် အရှေ့ကို စုံစမ်းစစ်ဆေးရန်အတွက် စိတ်စွမ်းရည် အသုံးပြုသူများကို မလိုအပ် တော့ပေ။ သာမန်လူများသည် ပစ္စည်းများရှိရာ၊ ဖုတ်ကောင်များရှိရာနှင့် လမ်းသွားလာရန်ခက်ခဲသည့် နေရာများအကြောင်း စိတ်အားထက်သန်စွာ မျှဝေကြပြီး နယ်မြေကိုသိသော ဒေသခံများသည် ၎င်းတိုအား ဖြတ်လမ်းများ သိုမဟုတ် စခန်းချရန်နေရာများကို လမ်းညွှန်ပေးမည်ဖြစ်သည်။ ၎င်းတိုသည် အခြေခံအားဖြင့် အနားယူရန် နေရာများရှာဖွေခြင်းအတွက် စိတ်ပူစရာ မလိုအပ်တော့ဘဲ ဒေသခံများ၏ အကြံပြုချက်အတိုင်း လူအနည်းငယ်ကို ရှေ့သိုစေလွှတ်ကာ တစ်စုံတစ်ရာ လွဲချော်ခဲ့ပါက တပ်မတော်တစ်ခုလုံးသည် ရပ်တန့်သွားမည်ဖြစ်ကာ အကုန်လုံး ရပ်တန့်သွားရမည်ဖြစ်သည်။

Back to the ApocalypseOnde histórias criam vida. Descubra agora