(၁၇)

1.2K 177 1
                                    

[Unicode]

"လူအိုကြီးက အခု အိမ်မှာမရှိဘူး... မင်းက..." အမျိုးသမီးက သူတို့ရဲ့ ကြီးကျယ်ခမ်းနားတဲ့ပုံစံအပေါ်မှာ ထိန်းချုပ်ထားခြင်းမရှိဘဲ ပွင့်ပွင့်လင်းလင်း ရယ်မောလိုက်သည်။

"အဖွားက မဒမ်လင်ပဲဖြစ်ရမယ်" ပိုင်ကျင်းက သေချာပေါက် အခိုင်အမာ ပြောလိုက်သည်။ ဤအမျိုးသမီးကြီးတွင် ပြင်းထန်သည့်ဝိညာဉ်စွမ်းအားရှိကြောင်း သူ ခံစားရပေမယ့် စိတ်စွမ်းအား အမျိုးအစား မဟုတ်ပေ။

"ဘာ မဒမ်လဲ? ငါက ဒီတိုင်း အဖွားအိုကြီးတစ်ယောက်ပါ... ဝင်ပြီး ထိုင်ကြဦးလေ" မစ် လင် က ရယ်မောလိုက်ပြီး သူမမျက်နှာပေါ်မှာရှိတဲ့ အရေးအကြောင်းတွေတောင်မှ အနည်းငယ် ငယ်သွားသလိုပင်။

"ဒါက ကျွန်တော် အမှန်အတိုင်း ပြောတာပါ" ပိုင်ကျင်းက အရင်ဆုံး တောင်းပန်လိုက်ပြီးနောက် ပြုံးကာ ပြောလိုက်သည်။ "ကျွန်တော် တခြားလူတွေဆီက အကြီးအကဲလင်ရဲ့အကြောင်းကို ကြားခဲ့ပါတယ်... အဖွားမြင်တဲ့အတိုင်း ကျွန်တော်လည်း အတွင်းစွမ်းအားတစ်မျိုးကို လေ့ကျင့်နေပါတယ်... ကိစ္စတချို့ရှိတာကြောင့် အကြီးအကဲလင်ကို အကြံဉာဏ်တောင်းချင်တဲ့အတွက် အထူးတလည် လာရောက်ခဲ့တာပါ"

အဖွား လင် က ဒါကိုကြားလိုက်တော့ သူမရဲ့ တောက်ပတဲ့မျက်နှာပေါ်မှာ ခပ်မှိုင်းမှိုင်းအပြုံး ထင်ဟပ်လျက် ညင်သာစွာ မေးလိုက်သည်။ "မင်း ဘယ်သူ့ဆီက ကြားခဲ့တာလဲ?"

ပိုင်ကျင်းစိတ်က ကြည်လင်နေပြီးပြုံးလျက် "အဖွား လင်... ဒီကိစ္စတွေနဲ့ ကျွန်တော်က သက်သက်စီ ဆိုတာကို သေချာပေါက် စိတ်ချထားနိုင်ပါတယ်... တခြားလူတော့ မသိဘူး... တကယ်တော့ မျိုးဆက်ဟောင်းတွေရဲ့ အတင်းအဖျင်းတွေကနေ ကြားခဲ့ရတာပါ... ဘယ်သူလဲဆိုတာတော့ ကျွန်တော် မပြောတော့ပါဘူး... ကျွန်တော့် မျှော်လင့်ချက်တွေက မြင့်မားနေခဲ့ပြီးတော့ အဖွားနဲ့ စကားပြောပြီးတဲ့နောက်မှာ မှန်ကန်တဲ့လူကို ရှာတွေ့ခဲ့တယ်ဆိုတာ ကျွန်တော် သိလိုက်ရတယ်"

"အိုး... မင်း ဘာတွေ့လို့လဲ?" အဖွားလင်က စိတ်ဝင်စားမှုကို ပြသခဲ့သည်။ အဆုံးသတ်မှာတော့ သူမက လူကောင်းတစ်ယောက်ပဲဖြစ်သည်။ ပိုင်ကျင်းရဲ့စကားတွေကို သူမ သံသယရှိနေတယ်ဆိုပေမယ့် ဘာမှထပ်မမေးခဲ့ဘူး။ ကလေးများ၏ ကြွားလုံးထုတ်မှုတွေကို သူမက နားလည်သည်။ သူမနှင့် သူမ၏လူအိုကြီးက ခေတ်မှီတဲ့လူတွေဖြစ်သည်။ "ဟိုလူအိုကြီးတွေ"ဆီက မကြားလာသရွေ့... အခု "ဟိုလူအိုကြီးတွေ"က သင်္ချိုင်းကုန်း ခြေတစ်ဖက်လှမ်းနေပြီဖြစ်သည်။

Back to the ApocalypseOnde histórias criam vida. Descubra agora