၃၁

1.1K 163 2
                                    

[Unicode]သခင်လေးသည် ဆိုးရွားတဲ့ စိတ်အခြေအနေ ကျရောက်နေတာကြောင့် သူ့မျက်နှာကိုက အခြေအနေကောင်းမွန်ခြင်း မရှိပေ။ သူသည် ယနေ့၏ ဆိုးရွားလှသော အဖြစ်အပျက်များအကြောင်း မှတ်ချက်ပေးနေဆဲဖြစ်သည့် သတင်းထောက်ကို စိုက်ကြည့်နေခဲ့ပြီးနောက် တီဗီကိုပိတ်၍ အပေါ်ထပ်ကို ပြေးတက်သွားခဲ့ကာ အနည်းငယ် အံ့ဩနေသည့် သူလူများကို ချန်ထားရစ်ခဲ့သည်။

"သခင်လေး အဆင်ပြေရဲ့လား?" ချင်ရီသည် လေးလေးနက်နက် မျက်မှောင်ကြုတ်လိုက်သည်။ ကျေးဇူးသိတတ်ပြီး အသစ်ခန့်အပ်ထားသော သက်တော်စောင့်တစ်ဦးအနေဖြင့် ၎င်း၏တာဝန်ကို ကျေပွန်အောင်ကြိုးစားရာတွင် အလွန်စိတ်အားထက်သန်သူဖြစ်သည်။

အချိန်အတော်ကြာ အတူတူနေခဲ့ပြီးနောက် ပိုင်ကျင်း၏ အခြေအနေနဲ့ပတ်သက်ပြီး ပြောလို့ရသမျှကို သူကြားသိခဲ့ရသည်။ ထိုအကြောင်းအရာများထဲတွင် သူက နိုင်ငံတော်ကောင်စီဝင်၏သား ဖြစ်ကြောင်းလည်း ပါဝင်သည်။

ဒါပေမယ့် သူက ရိုးရှင်းတဲ့ယောက်ျားတစ်ယောက်မို့ အဲဒါက သူ့ကို စိတ်အနှောက်အယှက် မဖြစ်စေခဲ့ပါဘူး။ အမိန့်ကို လိုက်နာရတာမို့ သူထင်မြင်မိတဲ့အရာက အရေးမကြီးဘူးလို့ ခံစားခဲ့ရတဲ့ စစ်သားတစ်ယောက်ဖြစ်သည်။ သို့သော် သူ သဘောပေါက်ခြင်း မရှိရင်တောင်မှ သူ့ဝရမ်းအတွက် တစ်လကျော်ကြာအောင် စောင့်ဆိုင်းခဲ့ပြီးနောက် သခင်လေးသည် သူ ကတိပေးထားသည့်အတိုင်း အမှန်တကယ် ပြုလုပ်ပေးခဲ့ကာ ထိုအချိန်မှစ၍ သူသည် ငြိမ်းချမ်းစွာ အိပ်စက်ခဲ့ရသည်။ သူ့နှလုံးသားအောက်ခြေကနေ ကျေးဇူးတင်ခဲ့မိသည်။ အထူးသဖြင့် ဤဘဝသစ်တွင် ကောင်းမွန်စွာ လိုက်လျောညီထွေရှိနေသော သူ့ညီ ချင်ဟောက်အတွက်ဖြစ်သည်။ သူသည် အနီးနားရှိကျောင်းတစ်ကျောင်းကို ဆက်သွယ်ခဲ့ပြီး လာမည့်စာသင်နှစ်တွင် ကျောင်းကို ပြန်လည်စတင်မည်ဖြစ်သည်။ ပြီးတော့ ရွှီလိန် ရဲ့အနာဂတ်အတွက်လည်း သူအရမ်းစိတ်ပူနေစရာ မလိုတော့ဘူးလေ။

"ဘာမှမဖြစ်ဘူး... သူက အချစ်တွေ့နေတာလေ... စိတ်အခြေအနေပြောင်းလဲတာ... ဒါက ပုံမှန်ပဲ" ချောင်လီက သူ့ဖုန်းကို ကောက်ကိုင်ရင်း ပျင်းရိစွာ ပြန်ပြောလိုက်သည်။

Back to the ApocalypseWhere stories live. Discover now