(၁၃)

1.3K 177 0
                                    

[Unicode]

ပိုင်ကျင်းက သူ့ကိုစိုက်ကြည့်ကာ သူ့အပေါ် ဂရုစိုက်ဖို့အတွက် ပျင်းလွန်းပြီး စိတ်လှုပ်ရှားနေသော အသွင်အပြင်အား မထီမဲ့မြင်ပြုလျက်ရှိသည်။ သူ တစ်ချက်မျှသာ သာမန်ကာလျှံကာ ကြည့်ချင်ခဲ့တာဖြစ်ပြီး အခု သူ ပတ်ဝန်းကျင်ကို လမ်းလျှောက်ကြည့်ချင်နေတယ်။

ဝမ်ရွှယ်ပင်းက သူ၏စိတ်ပျက်မှုကို မျိုသိပ်ထားလိုက်သည်။ သခင်လေး၏ဒေါသကို သူ ဘယ်လိုလုပ် မေ့နိုင်မှာလဲ။ သခင်လေးက ပြောင်းလဲသွားတယ်ဆိုရင်တောင် သူ့ဒေါသက လက်ခံနိုင်စရာမရျှိသးဘူး။

ပိုင်ကျင်းက အဝေးကြီးမသွားခဲ့ဘူး။ သူ အနည်းငယ် ဗိုက်ဆာလာသလို ခံစားလိုက်ရတော့ စားသောက်ဆိုင်ကောင်းကောင်းတစ်ခုကို သာမန်ကာလျှံကာ ရွေးချယ်၍ ထိုဆိုင်ထဲသို့ဝင်သွားခဲ့သည်။

ဝမ်ရွှယ်ပင်းက သက်ပြင်းချလိုက်ရင်း သိပ်မဝေးတဲ့နေရာဆီက ကလပ်တစ်ခုကို တိတ်တဆိတ်ကြည့်လိုက်တယ်။ ကံကောင်းလို့ သခင်လေးက အဲ့ဒီနေရာကိုမသွားခဲ့ဘူး။ လိင်တူချစ်သူများ၏ သဘာဝဗီဇအရ ထိုနေရာများအကြောင်းကို သိလေ့ရှိကြသည်။ သို့သော် သခင်လေးကတော့ ဒီလိုမျိုး ထင်ရှားမြင်သာတဲ့နေရာမျိုးကို မသိဘူး။ ဒါက သခင်လေးသည် လိင်တူချစ်သူမဟုတ်ဟု ဆိုလိုခြင်းပဲလား။

စားသောက်စရာတချို့ကို လွတ်လွတ်လပ်လပ်မှာယူပြီးနောက် ပိုင်ကျင်းသည် တွေဝေမိန်းမောစွာဖြင့် ပြတင်းပေါက်ကိုကြည့်နေသည်။

ဝမ်ရွှယ်ပင်းသည် အနည်းငယ် ထိတ်လန့်တုန်လှုပ်နေဆဲဖြစ်ကာ စားပွဲထိုးမှ အစားအသောက်များကို ပို့ဆောင်ပေးခဲ့ပြီးနောက် ပိုင်ကျင်း တိတ်တိတ်ဆိတ်ဆိတ် စားသောက်နေတဲ့မြင်ကွင်းကို မြင်လိုက်ရတဲ့အချိန်မှပဲ သူ တကယ်ကို စိတ်သက်သာရာရသွားခဲ့သည်။ ဒါပေမယ့် သူ့ရဲ့ စိတ်သက်သာရာရမှုက စောလွန်းနေတယ်ဆိုတာကို သူ မသိခဲ့ဘူး။

ညစာစားပြီးသောအခါတွင် ဤစားသောက်ဆိုင်၏ လေထုသည် အလွန်ကောင်းမွန်တာကြောင့် ပိုင်ကျင်းသည် ခဏတာထိုင်နေခဲ့သည်။ အချိန်က ညဆယ်နာရီခွဲပြီဆိုတော့ ပြန်လည်ထွက်ခွာဖို့ စိတ်ကူးလိုက်သည်။ သူတို့ရဲ့လမ်းလျှောက်ခြင်းကို ရပ်တန့်လိုက်တာ အကောင်းဆုံးဖြစ်သည်။ ဒီရက်ပိုင်းများအတွင်း စိတ်ဝိညာဉ်များကတင်းကြပ်နေပြီး ဒါက ရှားပါးသော အပန်းဖြေမှုတစ်ခုဖြစ်သည်။ ရှောင်းဆာ ကြီးပြင်းလာခဲ့သည့်မြို့ကို လည်ပတ်ရရုံနဲ့ လုံလောက်ပြီဟု ခံစားခဲ့ရပြီး ဒါက သူ၏ တစ်ခုတည်းသောဆန္ဒသာဖြစ်သည်။ သူ၏စိတ်စွမ်းအားက အရေးအကြီးဆုံးကိစ္စဖြစ်တာကြောင့် မနက်ဖြန်ကျရင် သူ ဟွမ်ရှန်းကိုသွားဖို့ ရည်ရွယ်ထားခဲ့သည်။

Back to the ApocalypseWo Geschichten leben. Entdecke jetzt