၁၂၂

170 33 0
                                    

(Unicode) သူတို့သည် အချိန်ဖြုန်းနေခြင်းမရှိပေ။ အချိန်အတော်ကြာအောင် ဆွေးနွေး နေရမည့် အချိန်မဟုတ်မှန်း သူတို့နှစ်ဦးလုံး သိသည်။ အပြင်ဘက်တွင် ဘယ်လိုအခြေအနေရှိသည်ကို မသိရသေးသည့်အပြင် တစ်ခုတည်းသော ကျေးဇူးတင်ရမည့်အရာမှာ ရှောင်းဆာ အဆင့် ၆ သို့ အဆင့်တက်ရာတွင် အောင်မြင်သွားသည့်အချိန်၌ ပိုင်ကျင်းသည် အဆင့် ၅ စဦးအဆင့်တွင် တည်ငြိမ်စွာ ရှိနေခြင်းပင်ဖြစ်သည်။

အခန်းထဲသို့ပြန်ရောက်ပြီးနောက် ရှောင်းဆာသည် အတားအဆီးကို ဖယ်ရှားလိုက်သည်။ လေထုသည် အနည်းငယ် မှားယွင်းနေသည်ဟု ခံစား ရသောကြောင့် ပိုင်ကျင်းသည် မျက်မှောင်ကြုတ်လိုက်သည်။ အပြင်ဘက်၌ လူများရှိနေသည်မှာ ရှင်းလင်းနေသော်လည်း အနည်းငယ် တိတ်ဆိတ် နေသည့်ပုံရသည်။

"အတားအဆီးက လှုပ်ရှားသွားတယ်" ရှောင်ဟုန်သည် ဆန်းမင်၏ လက်မောင်းထဲတွင် ထိုင်နေခဲ့သည်။ အခန်းတံခါးကို ညွှန်ပြရင်း သူမ၏မျက်လုံးများက တောက်ပလာသည်။

တိတ်ဆိတ်နေသော လူအုပ်ကြီးက စောင့်ကြည့်နေခဲ့သည်။ နောက်ဆုံးတွင် အတားအဆီး ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသည်နှင့်တပြိုင်နက် သူတို့၏မျက်နှာများတွင် စိတ်လှုပ်ရှားမှုများ တောက်ပလာပြီး သူတို့၏ နှလုံးသားများက လည်ချောင်းထဲမှ ခုန်ထွက်လာတော့မလို ခံစားနေရသည်။ ရှောင်းဆာနှင့်ပိုင်ကျင်းတို့၏ပုံရိပ်များကို အမှန်တကယ် တွေ့မြင်ပြီးသည့် အချိန်မှာ ဒါဟာ အိပ်မက်မဟုတ်မှန်း သူတို့ သဘောပေါက်သွားပုံရသည်။

"ဘာဖြစ်နေကြတာလဲ?" ရှောင်းဆာ၏အမူအရာသည် နစ်မြုပ်သွားပြီး သူ၏မျက်လုံးများက အခန်းတဝိုက်ကို လျှင်မြန်စွာကြည့်လိုက်သည်။

"တခြားသူတွေကရော ဘယ်မှာလဲ?" သက်ကြီးရွယ်အိုများနှင့် ကလေးများမှ လွဲ၍ အခြားစွမ်းရည်မရှိသူများသာ ရှိနေသည်ကို ပိုင်ကျင်း တွေ့လိုက်ရသည်။

ကျိုးဟွာသည် သူ၏ခြေထောက်များကြောင့် ဗီလာထဲမှာပဲ ကျန်နေခဲ့ရပြီး ယခုအချိန်တွင် ရှိနေသည်။ ၎င်းတို့မေးတာကို ကြားလိုက်ရပြီးနောက် မကြာခင်ရက်ပိုင်းအတွင်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များအကြောင်း အသေးစိတ်ပြောပြခဲ့သည်။ ဤမစ်ရှင်၏ပန်းတိုင်သည် ကီလိုမီတာ ၃၀၀ အကွာမှ စစ်ဘက်ဆိုင်ရာ စက်ရုံတစ်ခုဖြစ်သည်။ သူတို့အဖွဲ့အပြင် အခြားသော စွမ်းရည်အသုံးပြုသူများလည်း ပါဝင်လာခဲ့သည်။ စစ်တပ်စက်ရုံသည် ကမ္ဘာပျက်ကပ်မတိုင်မီက လက်နက်များအတွက် လျှို့ဝှက် သုတေသနစခန်းတစ်ခုဖြစ်ခဲ့ပြီး နိုင်ငံ့ခေါင်းဆောင်ဟောင်းများက ထောက်ပံ့ ပစ္စည်းများ ပြန်လည်ရရှိရန် လူများကို စေလွှတ်ခဲ့သည်။ သို့သော် ကံမကောင်း စွာဖြင့် မည်သူမှ ပြန်မလာနိုင်ခဲ့ကြဘူး။ ဒီတစ်ခါတော့ သူတို့သွားရမည့် အလှည့်ဖြစ်သည်။ ကျိုးဟွာသည် သူ၏ အသုံးမကျသောခြေထောက်များကို မုန်းတီးစွာ စိုက်ကြည့်နေရင်း သူ့မျက်လုံးများက နီရဲလာသည်။ သူ့အတွက် သူ၏ချစ်သူနှင့်အတူ အန္တရာယ်ကိုရင်ဆိုင်ရခြင်းသည် အိမ်မှာနေ၍ ကြောက်ရွံ့ မှုများ၊ စိုးရိမ်မှုများနှင့် စိတ်ညစ်နေရခြင်းထက် ပိုမိုကောင်းမွန်သည်။

Back to the ApocalypseWhere stories live. Discover now