(၁၀)

1.4K 169 1
                                    

[Unicode]

ပိုင်ကျင်းသည် တစ်ပတ်လုံးလုံး အသုံးပြု၍ ခြံစည်းရိုးများတပ်ဆင်ရင်း အချိန်တွေကုန်ဆုံးသွားခဲ့သည်။ နယ်မြေကို သပ်ရပ်စွာ ဖွဲ့စည်းထားသည့် ခြံစည်းရိုးအတန်းတစ်ခုကိုကြည့်ရင်း သူ့နှလုံးသားထဲတွင် ပြောမပြတက်သည့် စိတ်ကျေနပ်မှုက မြင့်တက်လာခဲ့သည်။ ထို့နောက် အခြားရွေးချယ်စရာမရှိတာကြောင့် ဒီဇယ်သုံးမီးစက်တစ်လုံးနှင့် လျှပ်စစ်အားထုတ်လွှတ်ရာတွင်သုံးသည့် ထိန်းချုပ်ကိရိယာတစ်ခုကို ဝယ်ယူခဲ့သည်။ ရေအားသုံးမီးစက်က ဒုက္ခရောက်နိုင်တယ်ဆိုတာ ဘယ်သူကသိမှာလဲ? သူ့ကို ငေးကြည့်ရုံပဲတက်နိုင်ပြီး မသုံးနိုင်တော့ဘူး။

တကယ်တော့ သူ့ဆီမှာ ဒီဇယ်သုံးမီးစက်တွေနဲ့ပတ်သတ်ပြီး ဗဟုသုတမရှိပေမယ့် ကံကောင်းထောက်မစွာနဲ့ပဲ သူ့ကို အဆင့်ဆင်သင်ကြားပေးပြီး တပ်ဆင်ပေးမယ့်သူတွေရှိခဲ့တယ်။ အရေးကြီးဆုံးအချက်မှာ တပ်ဆင်သူများက သူ့ကို တပ်ဆင်ရာတွင် ကူညီပေးနိုင်သော်လည်း ဒီဇယ်ဆီ ပံ့ပိုးပေးရန်သာ လိုအပ်နေခြင်းဖြစ်သည်။ သူလုပ်ရမှာက လောင်စာဆီကုန်သွားတဲ့အချိန်အထိ ခလုတ်ကို အဖွင့်အပိတ်လုပ်ပေးရုံပဲဖြစ်သည်။

မီးစက်တစ်လုံးရရှိပြီးနောက် ပိုင်ကျင်းသည် ဝါယာကြိုးတစ်ခွေကို ဝယ်ယူခဲ့သည်။ နယ်မြေထဲကိုဝင်၍ မြေထိုးစက်ကိုထုတ်ယူလိုက်ကာ ခဏလောက် ဟိုလုပ်ဒီလုပ်လုပ်နေခဲ့ပြီး နှစ်နာရီအကြာတွင် ခြံစည်းရိုးခတ်ထားသည့် ၂ ဧကလုံးလုံး မြေဆွပြီးသားဖြစ်သွားခဲ့သည်။ ထို့အပြင်က သူက လူသစ်တစ်ယောက်ဖြစ်နေရင်တောင်မှ အချိန်မဖြုန်းခဲ့ဘူး။  ရလဒ်တွေကိုကြည့်ပြီး ပိုင်ကျင်းသည် နည်းပညာမြင့်ပစ္စည်းတစ်ခုကို ပိုင်ဆိုင်ထားတာက ကောင်းမွန်တယ်လို့ မချီးကျူးပဲမနေနိုင်တော့ဘူး။ သူ့အရင်ဘဝတုန်းက မြေတူးရတာကို သတိရလိုက်မိသည်။ တောက်! အဲ့ဒီအရာကို ပြန်သတိမရချင်ပေမယ့် အဲ့ဒီအချိန်တုန်းက မြေတူးဖို့အတွက် အတင်းအကြပ် စေခိုင်းခံခဲ့ရသည်။ လူတွေရဲ့ စွမ်းဆောင်နိုင်ရည်က တကယ်ကို အကန့်အသတ်မရှိဘူး။

ထို့နောက် ပိုင်ကျင်းသည် ဟင်းသီးဟင်းရွက်များ၊ ပဲပင်ပေါက်၊ ကန်စွန်းဥ စသည်တို့ကို စိုက်ပျိုးခဲ့သည်။ ထိုအရာများ အညှောက်ပေါက်ပြီးနောက်မှာတော့ လယ်မြေထဲ၌ တိရစ္ဆာန်များကို စောင့်ရှောက်ထားနိုင်မည်ဖြစ်သည်။ အချိန်က စောသေးတယ်ဆိုပေမယ့် နယ်မြေက သက်ဝင်လှုပ်ရှားနေတာကို ကြည့်ရခြင်းအား သူ နှစ်သက်ပြီးတော့ သူ့အိပ်မက်ထဲကသုခဘုံ ဖြစ်မလာမချင်း သူ့အစီအစဉ်တွေကို ဖြည်းဖြည်းချင်း လုပ်ဆောင်ရမည်ဖြစ်သည်။

Back to the Apocalypseحيث تعيش القصص. اكتشف الآن