၈၆

270 41 1
                                    

(Unicode) "ပုရွက်ဆိတ်တွေ!" စိတ်စွမ်းရည်အသုံးပြုသူမှ အော်ဟစ်လိုက်သည်။ သူ မြင်လိုက်ရတာကို သူတို့ မသိရသော်လည်း သူ့အမူအရာက အလွန်ရုပ်ဆိုး နေခဲ့သည်။

"ငါ့သားက အဲဒီထဲမှာပဲ ရှိသေးတယ်" ဒေါသထွက်နေသော သားရဲတစ်ကောင်ကဲ့သို မကျေနပ်မှုများဖြင့်ပြည့်နေသည့် အကြည့်များဖြင့် ကျန်းချိုးချန်ဆီသို့ကြည့်ကာ ၎င်း၏နှလုံးနှင့်အဆုတ်မှ အော်ဟစ်လိုက်သည့်အသံများ လူတစ်ဦးဆီမှ ထွက်ပေါ်လာသည်။ ၎င်းတို့သည် သူ ပြောမည့်စကားကို စောင့်မျှော်နေ ကြသည်။ ဒါမှ ဘယ်လိုတုံပြန်ရမလဲဆိုတာ သိလာမည်ဖြစ်သည်။

"ငါ့အကိုကြီးကို သွားကယ်မယ်" ဆယ်ကျော်သက်တစ်ဦးသည် ထိတ်လန့်စွာ အော်ဟစ်လိုက်ပြီး တခြားအရာအားလုံးကို ဂရုမစိုက်ဘဲ ဥမင်လှိုဏ်ခေါင်း ထဲသို ပြေးဝင်သွားခဲ့သည်။

သူ့ဘေးနားရှိလူမှ သူ့ကို အမြန်ပြန်ဆွဲလိုက်သည်။ "မဝင်နဲ့... အန္တရာယ်များ တယ်... တခြားဘာမှမလုပ်ခင် ကိုယ့်အသက်ကို ကိုယ် ကယ်တင်နိုင်ရ မယ်လေ... မဟုတ်ရင် မင်းအကိုကြီးက စိတ်ချမှာမဟုတ်ဘူး"

နေရာတိုင်းမှ ဆူညံသံများ ထွက်ပေါ်လာသည်။ နက်ရှိင်းလှသော ညီအကို ခံစားချက်များနှင့် သစ္စာရှိသော သူငယ်ချင်းများ... သို့သော် မည်သူကမှ အရေးမလုပ်ခဲ့ကြသည်မှာ သနားစရာကောင်းလှသည်။ သူတို့၏ပါးစပ်မှ ဘယ်လောက်ပဲအော်ပြောနေပါစေ၊ သူတို့ ဘယ်လောက်ပဲ ကျန်းချိုးချန်ကို လက်ညှိးထိုးနေပါစေ၊ သိုမဟုတ် သူတို ဘယ်လောက်ပဲ ကြောက်ရွံနေကြသည်ဖြစ်စေ၊ သူတို၏စိတ်ဝိညာဉ်များသည် စိုးရိမ်စရာကောင်းသော အဆင့်အထိ တင်းကြပ်လာခဲ့သည်။ သူတို၏မျက်လုံးများက နေရာတိုင်းကို စူးစူးရဲရဲကြည့်ရင်း သူတိုခန္ဓာကိုယ်များသည် သတိအပြည့်ဖြင့် ဖြစ်နေခဲ့ပြီး အန္တရာယ်စက်ဝန်းမှ လွတ်မြောက်နိုင်ရန် ဆုတ်ခွာခြင်းသည် သူတိုအတွက် တစ်ခုတည်းသောနည်းလမ်း ဖြစ်သောကြောင့် အားလုံးနောက်ဆုတ်သွားခဲ့ကြသည်။

ပိုင်ကျင်းသည် သူ့ပတ်ဝန်းကျင်ရှိ အရာအားလုံးကို လှည့်ပတ်ကြည့်ရှုနေရင်း သူ၏နှုတ်ခမ်းများကို အေးစက်စက် တွန့်ကွေးလိုက်သည်။ သူ့နှလုံးသားက တိတ်ဆိတ်နေခဲ့သည်။ ကမ္ဘာကြီး၏အဆုံးသတ်ကာလတွင် အနှောင်အဖွဲ့ ခံစားချက်များသည် အလွန် အားနည်းလာခဲ့သည်။ မိသားစုနှင့် ခင်မင်ရင်းနှီးမှု က သူတို၏ဘဝလောက် အရေးမကြီးပေ။ သို့သော် လူများသည် ဟိတ်ဟန်ထုတ်၍ လှည့်ဖျားခြင်းကို အမြဲတမ်း သဘောကျတက်ကြသည်မှာ ရယ်စရာ ကောင်းလှပေသည်။ သူတိုအားလုံး သေလောက်အောင် ကြောက်လန့်နေကြပြီး နောက်ပြန်ဆုတ်သွားသည်မှာ မြင်သာလှသည်။ သိုသော် ၎င်းတို့၏ပါးစပ်များသည် ၎င်းတို့အတွက် ဆင်ခြေရှာရာတွင် မည်သည့်အခါမှ ရပ်တန့်ခြင်းမရှိပေ။ ရာဇဝတ်မှုအားလုံးကို ကျန်းချိုးချန်ဆီ ပုံချနိုင်သရွေ့ ၎င်းတိုသည် သူ့နောက်မှာ လုံခြုံစွာ ပုန်းအောင်းနိုင်ကြလိမ့်မည်။ ပြီးတော့ ကျန်းချိုးချန်ကို ၎င်းတိုအတွက် တာဝန်ယူခိုင်းရမည်။ နောက်ဆုံးမှာတော့ ၎င်းတို့၏ ဆွေမျိုးသားချင်းများသည် သူတို့အတွက် ဥမင်လှိုဏ်ခေါင်း တူးပေးရင်း သေဆုံးသွားကြတာ မဟုတ်ဘူးလား?

Back to the ApocalypseDove le storie prendono vita. Scoprilo ora