၁၃၃ (Extra 3)

299 46 2
                                    

(Unicode) ငါ့နာမည်က ယန်ကျင်းဖြစ်ပြီးတော့ နာမည်ပြောင်က 'မိသားစုရတနာလေး' ဖြစ်ပါတယ်။ ငါက ငါ့မိသားစုထဲမှာဆိုရင် အချစ်အခံရဆုံး ကလေးတစ်ယောက် ဖြစ်တယ်။

ငါ့ရဲ့ကလေးဘဝတည်းက ငါ့မိဘတွေ မရှိကြတော့ပေမယ့် ( သူတို့တွေက ယာဉ်တိုက်မှုနဲ့ ဆုံးပါးသွားတာလို့ ငါ ကြားတာပဲ ) ငါ့ဆီမှာ အဖေ့ဘက် အဘိုး၊ အဘွားနဲ့ အမေ့ဘက်က အဘိုး၊ အဘွားတွေအပြင် အရမ်းကို အံ့ဩစရာ ကောင်းတဲ့ ငါ့ရဲ့ ဝမ်းကွဲအကြီးတွေရှိတယ်။

ငါက ငယ်ငယ်လေးတည်းက အမြဲတမ်း ဉာဏ်ကောင်းတဲ့သူတစ်ဦးပဲ။ ပညာရေးလုပ်ဆောင်ချက်တွေ ရလာတဲ့အချိန်မှာ ငါက အမြဲတမ်း ပထမ ရရှိခဲ့ပြီးတော့ ကျောင်းသားအားလုံးဆီကနေ မနာလိုမှုတွေကို ရရှိခဲ့တယ်။ ငါ့မှာ နောက်ခံကောင်းတစ်ခုနဲ့ ကောင်းမွန်တဲ့စိတ်ဓာတ်တွေရှိတယ်။ ငါက သန့်ရှင်းမှုကို သဘောကျပြီးတော့ ရုပ်ရည်ကလည်း အလွန် ကြည့်ကောင်းတယ်။ မထင်မှတ်တာမျိုးသာ ဘာမှမဖြစ်ခဲ့ရင် ငါ့ရဲ့ဘဝက ချောမွေ့ပြီး သာယာဖို့ကောင်းနေမှာပဲ။ ငါက ငါ့မိသားစုရဲ့အကာအကွယ်နဲ့ အရမ်းကိုမြင့်မားတဲ့ နေရာတစ်ခုကနေ ဘဝခရီးကို စတင်နိုင်လိမ့်မယ်။

ဒါပေမယ့် မမျှော်လင့်ထားတဲ့အရာတွေက အမြဲတမ်း ဖြစ်ပျက်လာတက်တယ်။ ဒီကမ္ဘာကြီးက ကမ္ဘာပျက်ကပ်နဲ့ တွေ့ကြုံလာရလိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ မထင်ထားခဲ့မိဘူး။ ထိုအရာဖြစ်လာတာက အရမ်းကို ရုတ်တရက်ဆန်လွန်း တာကြောင့် လူတိုင်း သတိမထားမိခဲ့ကြဘူး။

တကယ်တော့ ငါ ကံကောင်းတယ်လို့ ငါ ထင်မိတာပဲ။ ဘာလို့လဲဆိုတော့ ကမ္ဘာပျက်ကပ်ဖြစ်ပွားတဲ့အချိန်မှာ ငါက အသိစိတ်၊ အာရုံခံစားမှုတွေနဲ့ ငါ့ကို လူသားဆန်စေတဲ့ အတွေးတွေအားလုံး ဆုံးရှုံးသွားခဲ့လို့လေ။

ငါ့ရဲ့စိတ်ရှုပ်ထွေးမှုတွေအတွင်းမှာ ငါက ဖုတ်ကောင်တစ်ကောင် ဖြစ်လာခဲ့တယ်။ လူတွေကို စားမိခဲ့လားဆိုတာ ငါ မသိဘူး။ ငါ့ရဲ့အသိစိတ် ပြန်လည်ရရှိလာတဲ့အချိန်မှာ ငါက အဆင့် ၃ ဖုတ်ကောင် ဖြစ်နေခဲ့ပြီ။ ငါ့ရဲ့စိတ်တွေက မသိနားမလည်ဆဲဖြစ်နေပေမယ့် ငါ့မှာ တွေးတောနိုင်စွမ်းရှိပြီး ငါက လုံခြုံတဲ့နေရာတစ်ခုမှာ ရှိနေတယ်ဆိုတာကို သိလိုက်ရတယ်။ ငါ့အနားမှာ အရမ်းကိုမှ အစွမ်းထက်တဲ့ ဖုတ်ကောင်တစ်ကောင်ရှိတယ်ဆိုတာ ငါ သိခဲ့ရပြီး အနီးနားမှာ ငါ ကြိုက်တဲ့ ကျောက်တုံးတစ်မျိုးရှိတယ်ဆိုတာ ငါ သိတယ်။ အဲဒီအရာနဲ့ သူ နီးနီးကပ်ကပ် ရှိနေရခြင်းက ငါ့ကို အရမ်း သက်တောင့်သက်သာရှိတယ်လို့ ခံစားရစေပြီးတော့ ငါ့ရဲ့အတွေးတွေတောင်မှ ပိုပြီးတော့ အလိုက်သင့် ပြောင်းလဲလာနိုင်တဲ့ပုံရတယ်။

Back to the ApocalypseWhere stories live. Discover now