၄၇

739 96 2
                                    

(Unicode) လူတိုင်းကို သင့်တင့်လျှောက်ပတ်စွာ နေရာချထားပြီးနောက် ပိုင်ကျင်းသည် ဒီနေ့အဖြစ်အပျက်များအား အကျဉ်းချုံး၍ ပြောပြခိုင်းလိုက်သည်။

ချင်ရီသည် သက်ပြင်းချလိုက်ကာ ဖြစ်ပျက်ခဲ့သည့်အရာများအား အစအဆုံး ရှင်းပြခဲ့သည်။ ပိုင်ကျင်း အံ့ဩသွားခဲ့သည်။ အရင်ဘဝတုန်းက သူ့အိမ်ကို ဘယ်သူမှ အရှုပ်တွေ လာမလုပ်ခဲ့ဖူးဘူးဆိုတာ သေချာသည်။ ဒါဆိုရင် ဒီတစ်ကြိမ်က ဘာလိုကွဲပြားနေရတာလဲ? ကောင်းပြီ၊ သူ့မိသားစု၏ ဖုန်းရွှေသည် ကောင်းမွန်လွန်းသည်ကို တွေ့ရှိရပေသည်။ ရောဂါပိုး စတင်ပြန့်ပွားချိန်မှစ၍ အိမ်ရာအတွင်း လူအများအပြား သေဆုံးခဲ့ပြီး ဘာမှထိခိုက်ခြင်းမရှိဘဲ ထွက်ပေါ်လာသူများမှာ သူနှင့်နီးစပ်သူများသာ ဖြစ်ကြပြီး သဘာဝကျစွာပင် လူအများ၏ စိတ်ဝင်စားမှုကို ဖမ်းစားနိုင်မည်ဖြစ်သည်။ သူသည် တရားမဝင်ကလေးဖြစ်သောကြောင့် လူတိုင်းသည် သူ့ကို ရှေ့တွင်လေးစားကြသော်လည်း စိတ်ထဲ၌ ကျိန်ဆဲနေကြသည်။ ဤတစ်ကြိမ်တွင် သူသည် တစ်ပတ်နီးပါး ပျောက်ကွယ်နေခဲ့သည်။ ထိုကြောင့် မနေ့က အခြေအနေတွေ ဆိုးရွားလာခဲ့ချိန်မှာတော့ အပြင်လူများသည် သူမရှိခြင်းကို အခွင့်ကောင်းယူရန် ဆုံးဖြတ်ခဲ့ကြသည်။

"နိုင်ငံတော်ကောင်စီဝင် က ကြားဝင်စွက်ဖက်ဖို ဝေးလွန်းတာကြောင့် ကျွန်တော်တို ဘာမှ မလုပ်နိုင်ခဲ့ဘူး... ဒါကြောင့် သူတိုတွေက မင်းအတွက် အခက်အခဲတွေ လုပ်လာခဲ့ရင်..." ဝမ်ရွှယ်ပင်း၏ စိတ်ခံစားချက်များသည် ဝရုန်းသုန်းကားဖြစ်နေခဲ့ပြီး သူ၏ဒေါသကို အတက်၊အကျ လျင်မြန်စွာ ဖြစ်စေခဲ့သည်။ ထိုအပြင် ရှောင်းဆာ၏ တည်ရှိနေမှုကိုသာ လျင်မြန်စွာ လိုက်လျောညီထွေ ပြုလုပ်နိုင်မယ်ဆိုရင် သူ စိတ်ပူပန်မှုတွေ နည်းပါးသွားနိုင်သည်။ သိုသော် ဒီအပေါ်မှာ သူ့စိတ်ခံစားချက်တွေကို မဖြေရှင်းနိုင်သေးဘူး။ စည်ပင်သာယာရေးကော်မတီ၏ အတွင်းရေးမှူးသည် မြိုတော် D သို ရောက်လာမည့်အန္တရာယ်ကို မည်သိုရှောင်ရှားရမလဲဆိုသည့် လက်ရှိတွင် အရေးအကြီးဆုံးကိစ္စကို အာရုံစိုက်ရမည်ဖြစ်သည်။

Back to the ApocalypseWhere stories live. Discover now