၄၃-၂

823 108 8
                                    

[Unicode]ကောင်းကင်ကြီး တဖြည်းဖြည်း မှောင်လာသည်နှင့်အမျှ လမ်းပေါ်ရှိ ကားအစီးရေမှာ လျော့နည်းလာခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ မှောင်မိုက်နေသော ကောင်းကင်ကြီးသည် ရက်စက်ကြမ်းကြုတ်သော သားရဲတစ်ကောင်လို ဖြစ်လာပြီး သူ့ပါးစပ်ကို ကျယ်ကျယ်ဖွင့်ထားပြီး အရာအားလုံးကို အမှောင်ထဲ မျိုချဖို့ စောင့်နေသည့်အတိုင်းပင်။

ည ၁၁ နာရီတိတိတွင် ယွီယွဲ့သည် တမှေးအိပ်နေရာမှ နိုးလာခဲ့ပြီးနောက် သူ၏မျက်လုံးများကို ထိတ်လန့်ကြောက်ရွံ့မှုများဖြင့် ခပ်ကျယ်ကျယ် ဖွင့်ထားခဲ့သည်။ သူ ထိတ်လန့်တုန်လှုပ်သွားပြီး ကားပတ်ပတ်လည်ကို အရူးအမူးကြည့်လိုက်ကာ အရာအားလုံး ပုံမှန်ဖြစ်နေသေးသည်ကို မြင်လိုက်ရမှ စိတ်သက်သာရာရသွားခဲ့သည်။ သို့သော်လည်း သူ ဘယ်လောက်ပဲ ပြန်အိပ်ချင်နေပါစေ မျက်လုံးများကို မမှိတ်နိုင်တော့ဘူး။

ပိုင်ကျင်းသည် သူ့ကို လျင်မြန်စွာ တစ်ချက်ကြည့်၍ ပြောလိုက်သည်။ "တိတ်တိတ်နေ" သူ အနားမယူချင်ဘူးဆိုရင်တောင်မှ တခြားသူတွေက အနားယူဖို့ လိုအပ်သည်။ သန်းခေါင်ယံအချိန် ရောက်လုနေပြီဖြစ်ကာ သူတို့ အားပြန်ဖြည့်ဖို့ အချိန်အလုံအလောက်မရှိဘူး။

ယွီယွဲ့၏စိတ်သည် ဖိစီးလျက်ရှိသည်။ သူသည် ခဏလောက် တိတ်ဆိတ်နေခဲ့ပြီးနောက် ရုတ်တရက် သူ့ရင်ဘတ်ကို ဆုပ်ကိုင်လိုက်ပြီး ပြင်းထန်စွာ နာကျင်နေသကဲ့သို့ သူ့ခေါင်းမှ ချွေးစက်ချွေးပေါက်ကြီးများ စီးကျလာခဲ့သည်။ သူသည် ရုန်းကန်ရင်း အော်ဟစ်နေခဲ့သည်။ "မဟုတ်ဘူး... အဲဒီကို မသွားပါနဲ့... အဲဒီကို မသွားပါနဲ့... ရှေ့မှာ အန္တရာယ်ရှိတယ်”

မျက်လုံးမှိတ်ပြီး အိပ်ပျော်နေသူတိုင်း ချက်ချင်း နိုးထလာပြီး သတိအနေအထား ဖြစ်လာသည်။ ထိုအချိန်၌ ပိုင်ကျင်းသည် မျက်မှောင်ကြုတ်၍ ကြည့်လိုက်သည်။ အရှေ့မှာ ခရိုင်အသေးလေးတစ်ခုရှိတာ သူ သိသည်။ ဒါပေမယ့် သန်းခေါင်ယံအချိန်မတိုင်မှီ ဖြတ်ကျော်သွားရင် ပြဿနာရှိမှာမဟုတ်ဘူး။ ထို့နောက် အခြားတစ်ဖက်ရှိ ခရိုင်မှတစ်ဆင့် အမျိုးသား အဝေးပြေးလမ်းမကြီးပေါ်သို့ တက်သွားလို့ရနိုင်သည်။ အဲဒီကနေ လမ်းမှာ ဘာပြဿနာမှမကြုံခဲ့ရင် မနက် ၃ နာရီမှာ မြို့တော် D ကို ရောက်နိုင်သည်။

Back to the ApocalypseWhere stories live. Discover now