၆၅

475 69 0
                                    

(Unicode) လန်ဟန်သည် တခြားအကြောင်းအရာများကိုပါ တွေးနေခဲ့သည်။ သူ့အဖွဲ အတွင်းမှာလည်း အာကာသစွမ်းရည် အသုံးပြုသူနှစ်ဦးရှိသည်။ ၎င်းတိုအနက် တစ်ဦးမှာ ၅၀ စတုရန်မီတာ အကျယ်အဝန်းရှိပြီး ကျန်တစ်ဦးမှာ ၃၀ စတုရန်း မီတာသာ ရှိသည်။ လျှပ်စစ်စွတ်ဖားလှည်းသည် နေရာအများအပြား ယူနိုင်ခြင်း မရှိသော်လည်း ကမ္ဘာကြီး၏အဆုံးသတ်ကဲ့သို ရှုပ်ထွေးနေသောအချိန်များတွင် စွတ်ဖားလှည်း အစီးပေါင်း ၂၀ ကျော်ပါက အခြားပစ္စည်းများ ထည့်သွင်းရန် နေရာ မလုံလောက်တော့ပေ။ ဒီလိုမျိုး ဇိမ်ခံဖို ဘယ်သူက တက်နိုင်မှာလဲ?

သူသည် အခြားသူများ၏ မသိနားမလည်မှုနှင့် အမြင်ကျဉ်းမှုကို ဟာသ ဘယ်လိုလုပ်ရမလဲဆိုတာ သိတာမဟုတ်ဘူး။ လက်တလော အမြတ်အစွန်းနှင့် အခွင့်အလမ်းများကိုသာ မြင်နိုင်ပြီး ကမ္ဘာကြီးကို မမြင်နိုင်ခြင်းကြောင့်သာ သူ့ကိုယ်သူ ရယ်မောနေခြင်းဖြစ်သည်။ ဘေးအိမ်ရှိအဖွဲအား သူ မြင်အောင် မကြည့်နိုင်ခဲ့ဘူးလို ဝန်ခံရလိမ့်မည်။ မနေ့ညက လူငယ်လေးရောပဲ... သူသည် အလွန်ရိုးရှင်းပုံရသည်မှာ ရှင်းရှင်းလင်းလင်း သိသာထင်ရှားလှသော်လည်း သူ၏ လှုပ်ရှားမှုတိုင်းနှင့် သူ့စကားလုံးများကပင် သူ့ကို လွှမ်းမိုးသွားခဲ့သည်။

ညီမလျန်၏မျက်ခုံးများက တွန့်ကွေးလျက်ရှိပြီး သူမ၏အကြည့်များက အဝေးရှိ နှင်းလျောစီးသည့်မြေပြင်ပေါ်သို အာရုံစိုက်လျက်ရှိကာ သူမ၏မျက်လုံးများ တွင် နားမလည်နိုင်မှုများဖြင့် ပြည့်နှက်လျက်ရှိသည်။

လန်ဟန်၏နှလုံးသားသည် လှုပ်ရှားသွားခဲ့ပြီး တိတ်တဆိတ် မေးလိုက်သည်။ "မဒမ် ယန် က သူတိုကို သိလိုလား?"

ညီမလျန်က ဦးခေါင်းကို ခါယမ်းလိုက်သည်။ သူမသည် အနည်းငယ် သေချာမှုမရှိဘဲ အနည်းငယ် တုံဆိုင်းနေလျက် "နည်းနည်းတော့ ရင်းနှီးနေတဲ့ပုံ ပဲ... ဒါပေမယ့် မဖြစ်နိုင်ပါဘူး.. သူ့ပိုင်နက်က မြိုတော် N ပဲဟာ... ဘယ်လိုလုပ် ဒီရောက်နေမှာလဲ?"

လန်ဟန်လည်း တချက်ကြည့်လိုက်မိသည်။ ရှောင်းဆာကို မြင်ဖူးတာ ဒါ ပထမဆုံးအကြိမ်မဟုတ်ပေမယ့် အချိန်တိုင်းမှာတော့ အဲဒီလူက အရမ်းသန်မာ တယ်လို ခံစားနေရသည်။ သူသည် ဤရက်အနည်းငယ်အတွင်းမှာ ၎င်းတိုကို ရန်သွားစခြင်းမရှိဘဲ အခြားသူများက ပြဿနာရှာရန် ကြိုးစားသောအခါတွင်မူ အေးစက်စက်ဖြင့် စောင့်ကြည့်နေခဲ့သည်။ သူ၏ခန့်မှန်းချက်က မှန်ကန် ကြောင်း သက်သေပြနိုင်ခဲ့သည်။ သူ့လိုလူမျိုးနှင့် သူငယ်ချင်းမဖြစ်နိုင်ရင် သူတိုကို လျစ်လျူရှုပြီး တစ်ယောက်နဲ့တစ်ယောက် ကိုယ့်လမ်းကိုယ်လျှောက် တာ ပိုကောင်းသည်။ သိုသော် မဒမ်ယန်က သူတိုကိုသိသည်ဆိုပါက ဒါက တခြားကိစ္စတစ်ခု ဖြစ်သွားပြီ။ သူ၏နှုတ်ခမ်းထောင့်များက အနည်းငယ် ကွေးညွတ်သွားကာ ပေါ့ပေါ့ပါးပါးပင် အကြံပြုလိုက်သည်။ "မင်း သွားမေးရင် သိမှာပဲမဟုတ်ဘူးလား? မဒမ်ယန်လည်း ဒီရောက်နေတာပဲလေ"

Back to the ApocalypseTahanan ng mga kuwento. Tumuklas ngayon