၈၄

361 47 0
                                    

(Unicode) ကျန်းချိုးချန်သည် ပေါ့ပါးစွာ တီးတိုးရေရွတ်လိုက်သည်။ "ငါက အစောင့်တပ်မှူးရာထူးပဲ လိုအပ်တယ်... ပြီးတော့ ချိန်းဆိုမှုစာရွက်စာတမ်းကို အခုပဲ လိုချင်တယ်" သူတို၏ လက်ရှိနေထိုင်မှုပုံစံသည် အရမ်းကို ရှုပ်ထွေးလွန်းသည်။ နောက်မှလာသောရွှေသည် သူ့လက်ထဲတွင် ချက်ချင်းရနိုင်သော ကြေးနီကဲ့သို အသုံးမဝင်နိုင်ပေ။ သူတိုသည် နောင်အနာဂတ်ကို ပုံဖော်နိုင်ကြသည်။ အရာအားလုံးကို ကျောက်တုံးလိုမျိုး အမြဲတမ်းဖြစ်မနေဘူးဆိုရင် ရာထူးတစ်ခုခုကို အရင်ယူထားတာက ပိုကောင်းသည်။ မြို့တော် B ကို သူ ဝင်သွားနိုင်သရွေ့ သူ့ကိုယ်သူ နာမည်ရအောင် မလုပ်နိုင်မှာကို စိုးရိမ်နေစရာ မလိုဘူး။

ပိုင်ကျင်း ခေါင်းညိတ်လိုက်ရင်း ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီး နောက် ကျန်းချိုးချန်းဆီ အကြည့်ပြန်ရောက်သွားကာ လှုပ်ရှားရန် သို့မဟုတ် စကားပြောရန် ငြင်းဆန်လိုက်သည်။

ကျန်းချိုးချန်သည် မျက်မှောင်ကြုတ်လိုက်ပြီး ရုတ်တရက် သဘောပေါက်သွားသလို ပုံစံမျိုး ဖြစ်ပေါ်လာသည်။ သူသည် ရိုးသားမှုနည်းနည်းလေးတောင် မရှိဘဲ တောင်းပန်ခဲ့သည်။ "ငါ့ကိုကြည့်ပါဦး... ငါ မေ့လုနီးပါးဖြစ်နေတာပဲ" သူသည် ချူရီကို တစ်ချက်ကြည့်လိုက်ပြီး "ကြေးနန်းစက်ကို သွားပြီး တပ်ဆင်လိုက်"

ပိုင်ကျင်း၏နှုတ်ခမ်းထောင့်များက လှုပ်ရှားသွားပြီး ချီးမွမ်းသည့်လေသံဖြင့် ပြောလိုက်သည်။ "မစ္စတာကျန်းရဲ့ အခြေစိုက်စခန်းက တကယ့်ကို သန့်ရှင်းသပ်ရပ်နေတာပဲ"

ကျန်းချိုးချန်က ရယ်မောရင်း ကျိုးနွံစွာ ပြောလိုက်သည်။ "မင်းရဲ့ချီးမွမ်းမှုအတွက် အများကြီး ကျေးဇူးတင်ပါတယ်... သခင်ငယ်လေးကျင်း... ငါ့ရဲ့ ညီအကိုတွေက လှုပ်ရှားမှုတစ်ခုကို မြန်မြန်ဆန်ဆန် ပြုလုပ်နိုင်ကြတယ်ဆိုတော့ ဒါက ငါ့ကို အရမ်း ကျေနပ်စေတယ်"

"အိုး? ကျွန်တော့်အမြင်အရတော့ မစ္စတာကျန်းက အကြားအမြင်များတဲ့ လူတစ်ယောက်ဖြစ်သင့်တာ... တကယ်ပါပဲ... မင်းရဲ့ အခြေစိုက်စခန်းက သနားစရာကောင်းလိုက်တာ... မင်းက ခေါင်းဆောင်တစ်ယောက်ပဲလေ... ဒါပေမယ့် မင်းမှာ ထိုင်ခုံတောင်မရှိဘူး"

Back to the ApocalypseWhere stories live. Discover now