၆၈

458 74 0
                                    

(Unicode) အခြားတစ်ဖက်မှာတော့ ပိုင်ကျင်းသည် သူတို၏အတွေးများကို လျစ်လျူရှုပြီး ခဏလောက် စဉ်းစားလိုက်သည်။ ဆွေးနွေးရန်အတွက် ရှောင်းဆာ ပြန်လာ သည့်အချိန်ထိ စောင့်ဆိုင်းနေခြင်းက ပို၍ကောင်းမွန်သည်ဟု သူ ခံစားနေရ သည်။ ဘယ်လိုရင်ဆိုင်ရမလဲဆိုတာကတော့ တခြားရွေးချယ်စရာ မရှိတော့ဘူး ဆိုရင် တိုက်ခိုက်ရုံပဲဖြစ်သည်။ သူတိုမှာ လူတွေအများကြီးရှိတယ်ဆိုရင်ရော ဘာဖြစ်လဲ? ခွန်အားမရှိဘူးဆိုရင် အဲဒါက ဘာမှမဟုတ်ဘူး။

ထိုနောက် ပိုင်ကျင်းသည် ချန်တဝေအား သူတိုနေထိုင်နိုင်ရန်အတွက် နေရာ ရှာဖွေပေးရန် အကူအညီတောင်းခဲ့သည်။ တစ်စုံတစ်ယောက်က သူ့ကို ကူညီ ပေးဖို ဆန္ဒရှိမည်ဆိုပါက လှည့်ပတ်ပြေးနေဖိုမလိုအပ်ပဲ သဘာဝကျစွာပင် ပြု လုပ်ပေးနိုင်လိမ့်မည်။

ချန်တဝေသည် အနည်းငယ် တုံဆိုင်းသွားခဲ့ပြီး ပိုင်ကျင်း၏တောင်းဆိုမှုကို ရှင်းရှင်းလင်းလင်း နားလည်ခဲ့ပြီးနောက် အတော်ကောင်းမွန်သည့် နေရာတစ်ခု ကို အကြံပြုလိုက်သည်။ ဖွံဖြိုးတိုးတက်ရေးဇုန်တွင် အသစ်တည်ဆောက်ထား သော အတူတကွ ချိတ်ဆက်ထားသည့် နှစ်ထပ်အိမ်အချိုရှိသည်။ မူလက အစိုးရသည် မူလဒေသခံများ ရွှေ့ပြောင်းနေထိုင်နိုင်စေရန် တည်ဆောက်ထား ခဲ့သော်လည်း မမျှော်လင့်ဘဲ ရှုပ်ထွေးသည့်အချိန်များ ရောက်ရှိလာခဲ့သည်။ အကယ်၍ ၎င်းတိုသည် ထိုနေရာတွင် နေထိုင်လိုပါက ပရိဘောဂအချိုကို ရွှေ့ပြောင်းနိုင်ရန် အာကာသစွမ်းရည် အသုံးပြုသူအား လိုအပ်မည်ဖြစ်သည်။

ပိုင်ကျင်း ဝမ်းသာသွားခဲ့သည်။ ပရိဘောဂသည် သူ့အတွက် အသေးအဖွဲမျှသာ ဖြစ်သည်။ သွားကြည့်ရန်အတွက် ချန်တဝေအား ခေါ်ဆောင်သွားခိုင်းလိုက် သည်။ ထိုပတ်ဝန်းကျင်က ကောင်းမွန်သည်ဆိုပါက သူတိုအားလုံး ရွှေ့ပြောင်း လိုရနိုင်သည်။ နောက်ဆုံးတော့ ၎င်းတိုအားလုံးက သူ့လူတွေပဲဖြစ်သည်။ သူ ဂရုစိုက်သင့်သည်။

သူတို ထွက်ခွာလာခဲ့ပြီးနောက် ချန်တဝေ၏တုံပြန်မှုသည် အခြားသူများနှင့် အတူတူပင်ဖြစ်ပြီး စွတ်ဖားလှည်းများကို အသိစိတ်လွတ်စွာ စိုက်ကြည့်နေကြ သည်။ သူတို၏ဦးတည်ရာသည် ၎င်းတိုရှိရာနှင့် သိပ်မဝေးလှသော်လည်း အဓိကအားဖြင့် နှင်းများဖြင့် ဖုံးလွှမ်းနေသောကြောင့် ၎င်းကို မည်သူမှ ရှာဖွေ တွေ့ရှိခဲ့ခြင်း မရှိပေ။

Back to the ApocalypseWhere stories live. Discover now