၈၂

362 48 0
                                    

(Unicode) "မင်းတိုနဲ့အတူတူ ဘယ်သူပါသေးလဲ?" ရှောင်းဆာသည် အေးစက်သောလေသံဖြင့် ပြောလိုက်သည်။ သူ၏ အေးစက်စက်ရောင်ဝါသည် အဆက်မပြတ် ဖြစ်ပေါ်လျက်ရှိသည်။ ကျင်းဆာမြို့တစ်ဝိုက်တွင် ဓားပြများရှိနေသည်ကို သူ မသိလိုက်ဘူး။ သူ သဘောကောင်းလွန်းနေသောကြောင့် ဒီလိုလူမျိုးတွေ ဖြစ်ပေါ်လာစေတာမျိုး ဖြစ်နိုင်လား?

"မင်းက ဝံပုလွေနီရဲ့လူလား?" ရှောင်းဆာ၏မျက်လုံးများ အနည်းငယ် မှေးကျဉ်းသွားခဲ့သည်။ ဒီလိုမျိုးလူရမ်းကားအုပ်စုနှင့် ရင်ဆိုင်ရာတွင် သူ ဒေါသဖြစ်နေခဲ့ပါက သူပဲ ထိခိုက်မှာပဲ။

"အဓိပ္ပာယ်မရှိတဲ့စကားတွေ ရပ်လိုက်တော့... ဝံပုလွေနီဆိုတာက ဘာကြီးလဲ? ငါတိုက ကျင်းဆာမြို့ကလူတွေပဲ" ရှောင်းဆာ၏တူလေးဟု သူ့ကိုယ်သူ ကြွေးကြော်ထားသောလူ၏ အမူအရာသည် ပြောင်းလဲသွားခဲ့သည်။ သူ၏စိတ်ထဲတွင် မကောင်းတော့ဘူးဟု စဉ်းစားမိသွားကာ ၎င်းတို့အား သူ၏ လက်နက်ဖြင့် ချိန်လိုက်သည်။

"ကျင်းဆာမြို့က အရမ်းကို သဘောထားကြီးတာပါ... ဘယ်အချိန်ကစပြီး လမ်းသွားလမ်းလာတွေကို လုယက်နေတယ်ဆိုတာ ငါတို့ မသိခဲ့ဘူး" ပိုင်ကျင်း စကားပြောရင်း အနည်းငယ်ပြုံးလိုက်သည်။ သူသည် ဤအဖွဲ၏မူလဇာတိကို အခြေခံအားဖြင့် ရှာဖွေတွေ့ရှိခဲ့သည်။ ကျင်းဆာမြိုအနီးတွင် နေထိုင်ကြသည့် တရားခံပြေးအဖွဲတစ်ခုရှိသည်။ ရေတွင်းမှရေသည် မြစ်ကို မထိခိုက်စေသောကြောင့် အပြန်အလှန်နားလည်မှုများဖြင့် ကိုယ့်လမ်း ကိုယ် သွားခဲ့ကြ သည်။ ရှောင်းဆာသည် ၎င်းတို့ကြောင့် သူ့ကိုယ်သူ စိုးရိမ်နေခြင်းမရှိခဲ့ဘူး။ သိုသော် မမျှော်လင့်ထားသည်က ၎င်းတို့သည် ကျင်းဆာမြို့ကို ဘာစကားမှ ပြောဆိုခြင်းမရှိသည့်အပြင် ဖြတ်သန်းသွားလာသူများကိုပင် တိုက်ခိုက်ရန် စတင်ခဲ့သည်။ ဤအရာက ၎င်းတိုသည် ကျင်းဆာမြို့ကို မရှိသည့်အရာတစ်ခုလို ဆက်ဆံနေတာပဲ မဟုတ်ဘူးလား?

ပိုင်ကျင်း၏အမူအရာသည် အေးစက်လာခဲ့သည်။ ဤပြဿနာကို ကိုင်တွယ်ရန် အချိန်တန်ပြီဖြစ်သည်။ ဤဓားမြအုပ်စုထဲတွင် ကောင်းမွန်သောအရာတွေ အများကြီးရှိသည်ဆိုတာအား သူ ကြားဖူးသည်။ ယခုအခါ ၎င်းတိုကို ပေါင်းစည်းရန် လုံးဝလိုအပ်နေပြီဟု သူ ခံစားမိသည်။ ကျင်းဆာမြို့ကို တိုးချဲ့နိုင်သည်။ ၎င်းတိုအတွက် မြိုတော်ပိုင်ရှင်တွေကို ဆန့်ကျင်ရဲသည့်သတ္တိ ရှိနေသည်ဆိုမှတော့ ၎င်းတိုသည် တကယ်ကို ထပ်ပြီး မနေချင်တော့ဘူး ထင်သည်။

Back to the ApocalypseDonde viven las historias. Descúbrelo ahora