၅၅

589 73 1
                                    

(Unicode) ပိုင်ကျင်း ဘာမှမပြောပေ။ ကွယ်ပျောက်သွားခဲ့သည့် အရေးကြီးသော အာရုံခံစားမှုသည် သူ့နှလုံးသားထဲရှိ ထိပ်ဆုံးနေရာမှ နောက်ထပ်တစ်ကြိမ် ဖြစ်ပေါ်လာခဲ့သည်။ သူ တစ်ဖက်သိုလှည့်၍ အိပ်ရာပေါ်တွင်ထိုင်ကာ စတင်ကျင့်ကြံလိုက်သည်။ ဒီနေ့ ကျောက်စိမ်းတွေ ယူလာပြီးတဲ့အချိန်တည်းက သူ့နယ်မြေကို မစစ်ဆေးရသေးဘူး။ သူ၏ အာကာသနယ်မြေသည် မကြာခင် အဆင့်တက်တော့မည်ဆိုတာ သူသိသော်လည်း ဘယ်လိုပဲဖြစ်ဖြစ် သူ မကျော်ဖြတ်နိုင်သည့် ပိတ်ဆိုမှုတစ်ခုရှိနေသည့်ပုံရသည်။ ဒါက စိတ်အနှောက်အယှက် ဖြစ်စရာကောင်းပြီး နောက်ထပ်တစ်ကြိမ် သူ့မှာ စိတ်တိုလာရသည်။

ကားသည် ရှေ့သို ဆက်လက်ရွေ့လျားလျက်ရှိသည်။ မိုးတိတ်သွားခဲ့သော်လည်း ရာသီဥတုက ပိုပိုပြီးအေးလာကာ အေးစက်သောလေများ တိုက်ခတ်လျက်ရှိပြီး လမ်းမပေါ်ရှိ သစ်ကိုင်းများနှင့် သစ်ရွက်များသည် တစ်ညအတွင်းမှာပဲ အဝါရောင်ပြောင်းသွားပုံရသည်။ သစ်ကိုင်း၊သစ်ခက်များသည် ပြောင်းရှင်းနေခဲ့ပြီး ထိုမြင်ကွင်းကိုကြည့်ရတာက အေးစက်သည့် ဆောင်းတွင်း၏ နောက်ဆုံးလများမှ ပေးစွမ်းနိုင်သည့် ခံစားချက်ကို ရရှိစေသည်။ သူတို၏ သုံးနာရီကြာ ခရီးတလျောက်တွင် လူနေထိုင်သည့် ဘာအရိပ်အယောင်မှ မတွေ့ခဲ့ရပဲ အထီးကျန်ခြင်းနှင့် စိတ်ဓာတ်ကျခြင်းတိုသည် ဘက်ပေါင်းစုံမှ ဝင်ရောက်လာခဲ့သည်။

ချောမွေ့နေသည့်ခရီးစဉ်က သူတိုကို ပျော်ရွှင်အောင် မပြုလုပ်ပေးနိုင်ဘူး။ ဤမြိုသည် လူဦးရေထူထပ်သည့်မြို မဟုတ်ခဲ့ဘူးဆိုရင်တောင် လူတွေက ဒီနေရာကို လာလည်ကြတုန်းပါပဲ။ နေရာအနှံ ပြိုကျနေတဲ့နံရံတွေကို ကြည့်ပြီး လူသားတွေရဲ့ ဆုံးရှုးမှုအတွက် ဝမ်းနည်းပူဆွေးရင်း လူတွေရဲ့ နှလုံးသားတွေက လေးလံလာခဲ့သည်။ သူတို ဘယ်လောက်ကြာကြာ ရှင်သန်နိုင်ကြမှာလဲ?....

ရွှလဲ့၏ နွေးထွေးပျူငှာသော ဧည့်ဝတ်ပြုမှုကို ခံယူပြီးနောက် ယန်ချုံးဟွေ့နှင့် လျိုဟွေ့တိုသည် စိတ်အေးလက်အေး ဖြစ်သွားခဲ့ကြသည်။ ကားပေါ်တွင် အပူပေးစက်လည်း ဖွင့်ထားကာ သူတိုသည် ရေနွေးသောက်နေခဲ့ကြသည်။ သူတိုသည် အချိန်အတော်ကြာအောင် သက်တောင့်သက်သာ မရှိသလိုမျိုး ခံစားလိုက်ရသည်။ မကြာသေးမီကာလများမှ သူတို၏ ပင်ပန်းနွမ်းနယ်မှုများက သူတိုကို မောပန်းစေခဲ့သည်။ သူတို ပို၍သက်တောင့်သက်သာ ရှိလာတဲ့အချိန်မှာ ဆိုဖာပေါ် မှီပြီး မကြာခင် အိပ်ပျော်သွားခဲ့သည်။

Back to the ApocalypseWhere stories live. Discover now