(၁၈)

1.2K 181 3
                                    

[Unicode]

ဒီဇင်ဘာလလယ်လောက်မှာ လင်ကျယ်ဖုန်းက နောက်ရက်အနည်းငယ်အတွင်း အိမ်ပြန်ရောက်မယ်လို့ ပြောထားသည့် စာတစ်စောင်ကို ပို့ခဲ့သည်။ သက်ကြီးစုံတွဲသည် ဝမ်းမြောက်ပျော်ရွှင်ခြင်းများနှင့်အတူ အားပါးတရပြုံးကာ သူတို့၏သား အိမ်ပြန်လာခြင်းအတွက် ဘေကွန်၊ ကြက်အူချောင်း၊ ကြက်နှင့်ဝက်များကို သတ်၍ ပြင်ဆင်ခြင်းများဖြင့် အလုပ်များနေကြသည်။ ပိုင်ကျင်းမှာ အရမ်းမနာလို ဖြစ်ခဲ့ရသည်။ နောက်ပိုင်းမှသိလာရတာက လင်ကျယ်ဖုန်းသည် လင်အိမ်၏သားအရင်းမဟုတ်ပေ။ သို့သော် သူတို့၏ခံစားချက်များက သွေးရင်းများထက်တောင် ပိုကောင်းတယ်။ သူ့လိုမျိုး အဖေမရှိတဲ့သူထက် သာလွန်သည်။

လင်ကျယ်ဖုန်း၏အသက် ခြောက်နှစ်အရွယ်တွင် လင်မိသားစုမှ မွေးစားခဲ့သည်။ သူ့မိဘများက အစောကြီး သေဆုံးခဲ့ကြပြီး သူ့ကို ဂရုမစိုက်သည့် ဆွေမျိုးများကြားတွင် ဟိုအိမ်ပို့၊ ဒီအိမ်ပို့ ပြုလုပ်ခံခဲ့ရသည်။ သက်ကြီးစုံတွဲက သူ့ကိုသနားသွားကာ သူတို့ရဲ့ ဘာမှမရှိတဲ့ဘဝလေးကို ဖြည့်ဆည်းဖို့အတွက် သူ့ကိုမွေးစားဖို့ ဆုံးဖြတ်ခဲ့ကြသည်။ သူတို့မှာ မြေးတစ်ယောက်ရှိလာဖို့ ရည်ရွယ်ထားခဲ့ပေမယ့် ခြောက်နှစ်သားလေး ကျယ်ဖုန်းမှာ သူ့ကိုယ်ပိုင်စိတ်ကူး ရှိပြီးသားဖြစ်သည်။ သူ့အဘိုးအဘွားရင်းတွေက သူ့ကို မလိုချင်ဘူးဆိုတာကြောင့် သက်ကြီးစုံတွဲအား အဖေ၊အမေခေါ်ဖို့ အနှောက်အယှက်ပေးခဲ့တာကို သတိရမိတယ်။ သက်ကြီးစုံတွဲသည် အကူအညီမဲ့သလို ခံစားရပေမယ့် ကလေးငယ်အား ပို၍ အချစ်ပိုခဲ့ရသည်။ အဖေ၊အမေပဲ ထားလိုက်ပါတော့.. သားတစ်ယောက်ရှိတာကလဲ ကောင်းမွန်တဲ့စိတ်ကူးဖြစ်ပြီးတော့ ဆယ်စုနှစ်ကျော်ကြာအောင် ဖြတ်သန်းခဲ့တယ်။

လင်ကျယ်ဖုန်းက ကတိပေးခဲ့သည်။ အလျှော့မပေးသောစိတ်ဖြင့် သူတို့မြို့ကျောင်းလေးမှ ဘွဲ့ရခဲ့ပြီး မြို့တော် H ၏ ဆေးကျောင်းမှာ စာမေးပွဲ ဝင်ဖြေခဲ့ကာ သူတို့ရွာမှာ အချိန်အတော်ကြာတဲ့အထိ အုတ်အော်သောင်းတင်း ဖြစ်သွားခဲ့သည်။ သူ့ရဲ့ မကောင်းတဲ့ဆွေမျိုးတွေကို သူ့ကိုတွယ်ကပ်ဖို့ ကြိုးစားလာကြချိန်မှာ သူတို့အားလုံးကို လင်ကျယ်ဖုန်းမှ မောင်းထုတ်ခဲ့သည်။ ဒီကလေးက ဘယ်သူ့ကို ချစ်ရမလဲ၊ မုန်းရမလဲဆိုတာ အတိအကျသိခဲ့တယ်။ ပိုင်ကျင်းက ဒါကို သဘောတူသည်။ သူ့စိတ်ထဲမထည့်သရွေ့ လင် သက်ကြီးစုံတွဲကို ကမ္ဘာပျက်ကပ်၌ ကာကွယ်ကယ်တင်ခြင်းသည် ပို၍လွယ်ကူသင့်သည်။

Back to the ApocalypseWhere stories live. Discover now