၄၅

782 96 1
                                    

(Unicode ) ကားများရပ်ထားသည့်နေရာသို ပြန်လာကြချိန်တွင် အဝေးပြေးလမ်းမကြီး၏ ထွက်ပေါက်အခြေအနေမှာ ကသောင်းကနင်းဖြစ်နေသေးကြောင်း တွေ့ရှိရသည်။ အနောက်မှ ပိတ်ဆိုထားသည့် ကားများအနေဖြင့်တော့ သူတိုအားလုံး လှည့်ကြည့်လိုက်ချိန်တွင် သူတိုအတွက် ဘယ်ဘက်အခြမ်းကို လမ်းဖွင့်ပေးထားကြသည်။

၎င်းတိုသည် ရှောင်းဆာနှင့် အခြားသူများ ကားထဲသိုဝင်သွားခြင်းအား တွေ့သည့်အချိန်၌ သူတိုအနောက်မှ အနီးကပ်လိုက်လာကြသည့် လူတွေသည်လည်း ကားထဲကို ကမန်းကတန်း ဝင်သွားကြသည်။ သူတိုအားလုံး သူတိုရဲ့ကားကို တပြိုင်နက်တည်း စတင်ရွေ့လျားခဲ့ကြပေမယ့် ဘယ်သူကမှ အဝေးကို မောင်းနှင်ဖို မလှုပ်ရှားခဲ့ကြဘူး။

ပိုင်ကျင်းသည် ပြက်ရယ်ပြုရင်း တွေးလိုက်မိသည်။ ဒီအချိန်မှာတော့ ဒီလူအုပ်စုက ဉာဏ်ကောင်းလာပုံရသည်။ ထိုကြောင့် ၎င်းတိုသည် သူတိုကို လမ်းရှင်းဖိုတောင် အတင်းအကြပ် မလုပ်ခိုင်းတော့ဘူး။

ရှောင်းဆာသည် လျိုဟွအား ကားကို မောင်းထွက်ရန် အမိန့်ပေးလိုက်သည်။ ကားလေးစီး စပြီးရွေ့လျားလာသည်နှင့် သူတိုအနောက်ရှိ ကားများအားလုံးသည် ချက်ချင်း ရွေ့လျားလာကြပြီး သူတိုနဲ့ အမှီလိုက်နိုင်ဖိုအတွက် အပြေးအလွှား ဆောင်ရွက်ခဲ့ကြသည်။

"ဘုန်း!" ကားနှစ်စီးတိုက်မိ၍ ပေါက်ကွဲသံကြီး ကျယ်လောင်စွာ ကြားလိုက်ရပြီးနောက် လူများစွာ၏ အော်ဟစ်သံများ ထွက်ပေါ်လာသည်။ ထိုအရာကို မြင်လိုက်ရတော့ ပိုင်ကျင်းသည် အကြင်နာမဲ့စွာ ရယ်မောလိုက်ချိန်တွင် ကားပေါ်ရှိ အခြားသူများအားလုံးသည် ပြောစရာစကားမဲ့သွားကြသည်။ အဆိုပါ ကားမတော်တဆမှုကြောင့် လမ်းမပေါ်တွင် ကားအမြောက်အမြား ပိတ်ဆိုသွားခဲ့သည်။ သူတိုအနောက်ဘက်မှ ကားများသည် သူတိုအရှေ့ဘက်ရှိ ကားများထက် ပိုမိုကောင်းမွန်သည့်အခြေအနေတွင် ရှိနေပြီး ကားတိုက်မှုကို ပွတ်ကာသီကာ လွဲချော်ခဲ့ကြခြင်းဖြစ်သည်။

"လောလောဆယ် အနားယူဖို နေရာရှာရအောင်... အရုဏ်တက်ရင် ခရီးဆက်ကြမယ်" ရှောင်းဆာက ပေါ့ပေါ့ပါးပါးပဲ ပြောလိုက်သည်။ အခုချိန်သည် မနက် ၃ နာရီ ၄၀ မိနစ် ရှိနေပြီပင်ဖြစ်ကာ အရုဏ်မတက်ခင် နှစ်နာရီခန့်အလိုဖြစ်သည်။ ပိုင်ကျင်းနှင့် လွန်ခဲ့သည့် ရက်အနည်းရှိ တီဗီမှ သတင်းများအရ ဖုတ်ကောင်များသည် နေရောင်ကို ကြောက်ရွံတက်ကြသည်။ ဒီနေ့ညမှာ ရှုပ်ထွေးမှုတွေ အရမ်းများနေခဲ့ပေမယ့် မိုးလင်းရင်တော့ စည်းကမ်းထိန်းသိမ်းဖိုအတွက် စစ်တပ်က လူတွေလွှတ်လိမ့်မည်ဟု သူ မျှော်လင့်သည်။ ဒီလို ခက်ခဲတဲ့အခြေအနေတွေကို ကြံ့ကြံ့ခံရင်း ရှုပ်ထွေးမှုတွေ ဖြစ်နေဦးမှာ သေချာသည့် မြိုတော် D ကို ခရီးဆက်မည့်အစား ခရီးပြန်စဖိုအတွက် မိုးလင်းတဲ့အထိစောင့်တာက ပိုကောင်းသည်။

Back to the ApocalypseOù les histoires vivent. Découvrez maintenant