(၈)

1.4K 178 2
                                    

[Unicode]

ဒါကြောင့် ချောင်လီ၏စည်းရုံးမှုအောက်မှာ နောက်ဆုံးတော့ ပိုင်ကျင်း တစ်ယောက်တည်း လုပ်ဆောင်နိုင်သွားသည်။ မနေ့က လည်ပတ်နေရင်း သူ့စိတ်ထဲမှာ ဆိုင်တချို့တွေ့ခဲ့တယ်။ ဒီခရိုင်တဝိုက်မှာ ဓာတ်ဆီဆိုင် ခုနှစ်ဆိုင်ရှိပြီး ဝမ်ရွှယ်ပင်းအား နေရာတိုင်းကို သူ ရည်ရွယ်ချက်မဲ့ လျှောက်မောင်းခိုင်းနေတာ မဟုတ်ဘူး။

သူ့စိတ်ထဲ ဒီလိုတွေးလိုက်တာနဲ့ သူ လုပ်စရာရှိတာတွေကို တုံ့ဆိုင်းမနေတော့ဘူး။ ပိုင်ကျင်း ဓာတ်ဆီဆိုင်ကို အမြန်မောင်းနှင်သွားသည်။ သူ့အိမ်ကလူအိုကြီးရဲ့ ' ဝယ်ယူခွင့် ' ခွင့်ပြုချက်နဲ့ဆိုရင် ဓာတ်ဆီဝယ်ဖို့ ကန့်သတ်ချက်တွေက ပြဿနာမဟုတ်တော့ဘူး။ သူ ဓာတ်ဆီဆိုင်ကိုသွားပြီး ဓာတ်ဆီနဲ့ဒီဇယ်ဆီကို ၁၀ စည်စီ ဝယ်လိုက်၍ ကားနောက်ခန်းထဲထည့်လိုက်ပြီးနောက် ၎င်းတို့ကို လျှို့ဝှက်နယ်မြေအတွင်းသို့ပို့ရန်အတွက် ဝေးလံ၍ အစွန်အဖျားကျသော နေရာတစ်ခုကို ရှာဖွေလိုက်သည်။ ထို့နောက် သူသည် နောက်တစ်နေရာသို့သွားကာ ထိုလုပ်ငန်းစဉ်ကိုပဲ ထပ်ခါတလဲလဲ ပြုလုပ်တော့သည်။

အဲ့ဒီဓာတ်ဆီဆိုင် ခုနှစ်ဆိုင်ကိစ္စပြီးသွားတဲ့အချိန်မှာ မနက် ၁၁ နာရီ ထိုးကာနီးပြီဖြစ်သည်။ အနည်းငယ် ဗိုက်ဆာလာသလို ခံစားလိုက်ရပြီး ပိုင်ကျင်းသည် ခဏလောက် တွေးလိုက်မိသည်။ ဒါပေမယ့် သူက ဈေးကြီးတဲ့ဟိုတယ်တွေကို သွားမယ့်အစား လမ်းဘေးစားသောက်တန်းဆီသို့ အစားအစာများ မြည်းစမ်းရန်သွားခဲ့သည်။ တကယ်လို့ အရသာကမဆိုးဘူးလို့ သူ ခံစားရတဲ့အချိန်ကျရင် သူ အထုပ် ၂၀ ဝယ်ယူခဲ့သည်။ လျှို့ဝှက်နယ်မြေသည် အစားအစာများကို လတ်ဆတ်သည့်အခြေအနေအတိုင်း ထိန်းသိမ်းထားနိုင်ကာ ကမ္ဘာပျက်ကပ်တွင် ဒီအရံဟင်းလျာများရှိခြင်းက ထိုအရာများသည် အလွန်ကိုကောင်းသည့် စားကောင်းသောက်ဖွယ်များ ဖြစ်လာလိမ့်မည်။

ထို့နောက် သူက ဂိုဒေါင်ကြီးတစ်လုံးကို ငှားခဲ့သည်။ ငွေက မင်းအတွက် ဘယ်နေရာမှာမဆို အဆင်ပြေစေနိုင်သည်။ ဒီငြီးငွေ့ဖို့ကောင်းတဲ့အလုပ်တွေ ပြီးစီးသွားတဲ့အချိန်မှာ ၁ နာရီတောင် မထိုးသေးဘူး။

Back to the ApocalypseTahanan ng mga kuwento. Tumuklas ngayon