၂၃

1.2K 178 6
                                    

[Unicode]

ကားကိုယ်ထည်၏ စမ်းသပ်မှုရလဒ်က ကောင်းမွန်သည်။ ထို့နောက် ပိုင်ကျင်းက တံခါးကို ဖွင်လိုက်ပြီး ချောင်လီက စားသောက်ဆိုင်ရှေ့ကို ကမန်းကတန်းရောက်တဲ့အချိန်မှာ ထိုအခြေအနေကို မြင်လိုက်ရသည်။ သူ့မှာ အသက်တောင်မရှူနိုင်ပဲ အမြန်ပြေး၍ ကားပေါ်တက်ခဲ့ရသည်။ ဒီအရှိန်အဟုန်နှုန်းက ပိုင်ကျင်းကို မယုံကြည်နိုင်လောက်တဲ့အထိ ဖြစ်စေသည်။

သူ့ကို ကားထဲရောက်လာတာမြင်တော့ ပိုင်ကျင်းက ဂက်စ်ခြေနင်းကို နင်းလိုက်သည်။ ကားရဲ့စွမ်းဆောင်ရည်က အရမ်းကောင်းတာကြောင့် သူအရမ်းကျေနပ်တယ်။ ချောင်လီသည် စိတ်ကြီးဝင်နေသောအကြည့်ဖြင့် ပိုင်ကျင်းအား ခါးခါးသီးသီး စိုက်ကြည့်နေသည်။ သူ မြန်မြန်သာ ပြေးမလာနိုင်ခဲ့ရင် သခင်လေးက သူ့ကိုချန်ထားခဲ့မယ်ဆိုတာကို သူ သိတယ်။ ဒီသက်တော်စောင့်အလုပ် လုပ်ရတာ မလွယ်ကူဘူး။ သခင်လေးရဲ့ လုံခြုံရေးကို စိတ်ပူရရုံတင်မကဘဲ အချိန်မရွေး၊ နေရာမရွေး ကလေးထိန်းတစ်ယောက် ဖြစ်နေရမည်။ သူသာ ဂရုမစိုက်ခဲ့ဘူးဆိုရင် သခင်လေးက သူ့ကို စွန့်ပစ်လိမ့်မယ်။ သခင်လေးအတွက် သူ ဖြုန်းတီးခဲ့တဲ့ စိုးရိမ်မှုတွေအတွက် သခင်လေးရဲ့အသိစိတ်တွေကို ခွေးစားသွားတာပဲ ဖြစ်ရမယ်။

"ဟေး.. သခင်လေး.. မင်းရဲ့ ခရီးဆောင်အိတ်တွေရော?" ကားထဲမှာထိုင်နေရင်း ဝမ်ရွှယ်ပင်းသည် သခင်လေးက လက်ဗလာဖြစ်နေတာကို တွေ့ရှိခဲ့သည်။

"မယူလာဘူး" ပိုင်ကျင်းက ပျင်းရိစွာ ပြန်ဖြေခဲ့သည်။ ထို့နောက် လမ်းမှာ အဆင်ပြေစေရန်အတွက် အရာအားလုံးကို လျှို့ဝှက်နယ်မြေထဲ ထည့်သွင်းထားခဲ့တာ အချိန်အတော်ကြာပြီဖြစ်ကြောင်း သတိရမိလိုက်သည်။

ဝမ်ရွှယ်ပင်းက တိတ်ဆိတ်သွားခဲ့ပြီး ချောင်လီက မျှော်လင့်ထားသလိုမျိုး အမူအယာကို ဖော်ထုတ်ပြသထားသည်။ ဒီအဖြေက ပိုင်ကျင်းအတွက် သိပ်မထူးဆန်းဘူး။ ပြီးတော့ သခင်လေးက ခရီးဆောင်အိတ်ကို သယ်ယူလာခြင်းကမှ သူတို့အား ပုံမှန်မဟုတ်သော ခံစားချက်ကို ဖြစ်ပေါ်စေနိုင်သည်။

ဝမ်ရွှယ်ပင်း အမျက်ခြောင်းခြောင်းထွက်သွားခဲ့သည်။ သူ မှတ်မိတာသာမှန်ရင် သူ့ကို သခင်လေးက ကျောက်စိမ်းဝယ်မယ်လို့ ပြောခဲ့တယ်။ ဒါပေမယ့် သခင်လေး၏ပုံစံကိုကြည့်ရင်း ဝမ်ရွှယ်ပင်းသည် အားလျော့စွာ မေးမြန်းခဲ့သည်။ "မင်း ဝယ်ခဲ့တဲ့ကျောက်စိမ်းက ဘယ်မှာလဲ?"

Back to the Apocalypseحيث تعيش القصص. اكتشف الآن