၄၃

750 99 0
                                    

[Unicode]ဒါက လွယ်ကူတဲ့ခရီးတစ်ခုတော့ မဟုတ်ဘူး။ ဒေသများစွာသည် စစ်အုပ်ချုပ်ရေးကို စတင်လုပ်ဆောင်နေပြီဖြစ်ပြီး လမ်းများပိတ်ခြင်း သို့မဟုတ် ဖျက်ဆီးခြင်းခံခဲ့ရသော လမ်းများစွာရှိနေသည်။ နေ့ရောညပါ ဆက်လက်မောင်းနှင်နိုင်စေရန်အတွက် တာဝန်ချထားခြင်းများ ပြုလုပ်ခဲ့ကြတာတောင်မှ သူတို့သည် လမ်းပေါ်တွင် အချိန်များစွာဖြုန်းနေကြဆဲဖြစ်သည်။

ကျေးဇူးတင်ရမည့် တစ်ခုတည်းသောအရာမှာ ပိုင်ကျင်း၏ အထောက်အထားသည် အလွန်အသုံးဝင်သော အရာတစ်ခုဖြစ်သည်။ လမ်းတစ်လျှောက်တွင် ဓာတ်ဆီနှင့်ဒီဇယ်ဆီ အမြောက်အမြား စုဆောင်းခဲ့ကြပြီး မြို့တွင်းစစ်ဆေးရေးဂိတ် အများအပြားကို ဖြတ်ကျော်လာစဉ် အစိုးရတာဝန်ရှိသူများက တားဆီးပိတ်ပင်ခြင်း မရှိခဲ့ပေ။

လမ်းခရီးတွင် ပိုင်ကျင်းချန်က ပိုင်ကျင်းကို ဖုန်းခေါ်ခဲ့ပြီး သူအသံက အတော်လေး စိုးရိမ်နေသည့်ပုံရသည်။ သူသည် ပိုင်ကျင်း ရောက်နေသည့်နေရာ နှင့် ၎င်းအား လာခေါ်ဖို့ လူတချို့စေလွှတ်ပေးဖို့ လိုအပ်သလားဟု မေးခဲ့ပြီးနောက် အရာအားလုံးကို ပိုပြီးသတိထားသင့်သည်ဟု အကြိမ်‌ပေါင်းများစွာ သတိပေးခဲ့သည်။

ပိုင်ကျင်းသည် သူ့အဖေ၏စကားများကြောင့် စိတ်လှုပ်ရှားသွားခြင်းမရှိဘူး။ သူ့အရင်ဘဝတုန်းကလည်း ကမ္ဘာပျက်ကပ်ဖြစ်ပျက်ပြီးနောက်တွင် သူ့အဖေသည့် သူ့အတွက် အလွန်စိုးရိမ်ပူပန်နေခဲ့သည်။ မဟုတ်ရင် သူ့ကို စစ်တပ်အစောင့်အကြပ်ရဲ့ အကာအကွယ်အောက်မှာ ဘာကြောင့်ထားရမှာလဲ? ဒါပေမဲ့ ရှင်သန်ရေးမှာ အခက်အခဲတွေ အများကြီး ကြုံတွေ့လာရပြီးတဲ့နောက် မလွှဲမရှောင်သာသည့် အကျိုးစီးပွားနှင့်ဆိုင်သော ပဋိပက္ခများနှင့် ရင်ဆိုင်လာရသောအခါတွင် သူ့သားဖြစ်သူက သဘာဝကျကျပင် ခလုတ်ကန်သင်း ဖြစ်လာခဲ့သည်။ ပိုင်ကျင်းချန်၏ရွေးချယ်မှုကို သူနားလည်ပေးနိုင်သော်လည်း ၎င်းကို ခွင့်မလွှတ်နိုင်ပေ။ ထို့ကြောင့် ဖခင်ဖြစ်သူ၏ အလွန်စိုးရိမ်နေသောအသံကို ကြားလိုက်ရချိန်တွင် တကယ့်ကို ဘဝတသက်တာလုံးအတွက် ကမ္ဘာတွေခြားနေခဲ့ပြီလို့ပဲ သူ ခံစားရသည်။

Back to the ApocalypseOnde histórias criam vida. Descubra agora